Android root လုပ်တယ်ဆိုတာ မလွယ်ဘူး ဆိုပေမယ့် သဘောသဘာဝနဲ့ နည်းလမ်းကို
သိသွားရင်တော့ မခက်ခဲတော့ပါဘူး၊ ဒါပေမယ့် Android Root လုပ်တဲ့ အခါ
ဖြစ်ပျက်သွားတဲ့ နောက်က Process ကတော့ အတိအကျသိဖို့ ခက်ခဲသလို
စိတ်ဝင်စားစရာလဲ အလွန်ကောင်း လှပါတယ်၊
Rooting အကြောင်းကို
ပြောမယ်ဆိုရင် အာရုံကို နောက်စေမယ့် Flashing တို့ Custom ROMs တို့ WIFI
ဖွင့်တာတို့ Superuser.apk သွင်းတာတို့ကို ခဏမေ့ထားကြရအောင်၊ ဖုန်းတွေကို
ဘာကြောင့် Root လုပ်တာလဲ၊ အဓီက အကြောင်းအရင်းက Android System ရဲ့ Hardware
Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့်
အခွင့်အရေးရချင်လို့ပါ၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို
စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့
အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး
ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ
အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက
ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands
တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ
အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့
ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်၊
ကုမ္မဏီတွေက
ထုတ်တဲ့ OEM Android Build တွေက ပုံမှန်အားဖြင့် ကျွန်တော်တို့ကို root
တွေလို arbitary code တွေကို သုံးခွင့်ပြုမှာမဟုတ်ပါဘူး၊ ဆိုလိုတာကတော့
ကိုယ်ဝယ်ထားတဲ့ ဖုန်း ကို ကိုယ်က အကန့်အသက်နဲ့ ပဲသုံးခွင့်ရှိတယ်ပေါ့၊
ထုတ်လုပ်တဲ့ ကုမ္မဏီတွေက မနှစ်မြို့တဲ့ applications မျိုး (Third party
appi တွေကိုဆိုလိုပါတယ်) ကိုတော့ Android ဖုန်းမှာ
သုံးခွင့်ရှိမှာမဟုတ်ပါဘူး၊
ဥပမာ WiFi sharing ကိုကြည့်ပါ၊ Cell
Phone ထုတ်လုပ်သူတွေက ငွေပိုထပ်လိုချင်တဲ့ အတွက် ဖုန်းတွေမှာ WiFi share
လုပ်ခွင့်မပေးထားပါဘူး၊ လိုချင်ရင်တော့ ငွေထပ်ပေးရပါတယ်၊ ဒါ့ကြောင့်
ဖုန်းတွေအများစုက proprietary WiFi pre-packaged တွေနဲ့လာတာပါ၊ လိုချင်ရင်
ငွေပိုပေးဝယ်ရပီပေါ့၊ ဒီလိုငွေပေးရတဲ့ WiFi pre-packaged အစား အခမဲ့ရတဲ့
Wireless Tether ကိုသုံးလို့ရပါတယ်၊ ဒါပေမယ့် Root access တော့
ရှိဖို့လိုပါတယ်၊
Bootloader and Recovery
Android power
စဖွင့်တာနဲ့ အလုပ်လုပ်တဲ့ Bootloader ကုတ်က Android OS ကို RAM ထဲမှာ
ဝန်တင်ပီး အလုပ်လုပ်စေပါတယ်၊ ဒီ့ အပြင် Bootloader ရဲ့ အခြား ထင်ရှားတဲ့
အလုပ်နှစ်ခုကတော့ Recovery System ကို RAM မှာ ၀င်တင်ပီး
အလုပ်လုပ်စေနိုင်ခြင်းနဲ့ ROM အသစ်ကို Flash လုပ်နိုင်ခြင်းပါပဲ၊ ROM
အသစ်ကို Flash လုပ်တာကို Flashing လို့ခေါ်ပါတယ်၊
Arbitrary ROMs
ကို Flash လုပ် နိုင်တဲ့ Bootloader ကို lock ပွင့် သွားတဲ့ Bootloader
လို့ခေါ်ပါတယ်၊ ဒါပေမယ့် Bootloader တွေအားလုံးကတော့ lock ပွင့်နေမှာ
မဟုတ်ပါဘူး၊ ကုမ္မဏီတိုင်းက သူတို့စိတ်ကြိုက်ထိန်းချုပ်ထားတဲ့ software
ထိန်းချုပ်မှူတွေအောက်မှာ ပဲ သူတို့ ဖုန်း အသုံးပြုသူတွေကိုရှိစေချင်ပါတယ်၊
ဒါ့ကြောင့်လဲ Software ထိန်းချုပ်မှူတွေကို ကန့်သက်မဲ့ ပယ်ဖျက်နိုင်တဲ့
Root access ရမယ့် လမ်းကြောင်းဖြစ်တဲ့ Booloader ကို Locked ချပီး
ဖုန်းတွေကို ရောင်းကြတယ်၊ Bootloader သာလျှင် Custom ROMs ကို Flash
လုပ်နိုင်မှာ ဖြစ်တဲ့ အတွက် Bootloader ကို လော့ခ်(locked) ချထားမှတော့
Custom ROMs ထည့်သွင်းလို့မရဘူးပေါ့၊ ဒါ့ကြောင့်ပဲ အသုံးပြုသူတွေက Stock
ROMs အစား ထိန်းချုပ်မှူကင်းမဲ့တဲ့ Custom ROMs ကို ထည့်သုံးဖို့
နည်းမျိုးစုံနဲ့ Hack ဖို့ကြိုးစားကြပါတယ်၊
တစ်ချို့ဖုန်းတွေကြတော့လဲ လွယ်ပါ ကီးလေး နှစ်ခု (သို့)
သုံးခုလောက်ပေါင်းနှိပ်ပီး ဖုန်းကို ကွန်ပြူတာနဲ့ချိတ် ကြိုက်တဲ့ Custom
ROMs ကို Flash လုပ်လိုက်ရုံပါပဲ၊ တစ်ချို့ ဖုန်းများကြတော့လဲ Bootloader က
nvflash ရဲ့ ကဏ္ဍအထိ လိုက်ထိန်းချုပ်ထားတယ်ဗျာ SBK လို့ခေါ်တဲ့ Secure Boot
Key ကိုသိမှ lock ဖွင့်လို့ရတယ်တဲ့၊ SBK ဆိုတာ ဖုန်းတစ်လုံးနဲ့ တစ်လုံး
မတူတဲ့ AES key (Advanced Encryption Standard) တွေကို သုံးပီး Bootloader
ကို encrypt လုပ်ထားတဲ့ Command တွေပေးပို့တယ်၊ အဲ့ဒီ့ command တွေကို
Bootloader က decrypte လုပ်ပီးလက်ခံတယ်စစ်တယ်၊ စစ်တာမှန်မှ အလုပ်လုပ်တယ်
ဟူး................
အခု System recovery အကြောင်းကိုပြောရအောင်၊
System recovery ဆိုတာကတော့ Bootloader နဲ့ System တို့ပီးရင် Android File
System ရဲ့ တတိယ နေရာဖြစ်တဲ့ Recovery မှာတသီးပုဂ္ဂလ အလွှာ (partition)
မှာရှိမယ့် low-level ကုတ်တွေကို ညွန်းတာပါ၊ (ခုက စိတ်ကူးနဲ့
ပြောနေသလိုဖြစ်နေလို့ မိတ်ဆွေတို့ နားလည်ရခက်မယ် မပူနဲ့ နက်ဖြန် ကျွန်တော်
Android File System ကို ပုံ နဲ့ အသေးစိတ် ရှင်းပြမယ်)၊ Volumn Key တို့
Power Key တို့ကို သက်ဆိုင်ရာ ဖုန်းအလိုက် တွဲနှိပ်ပီး System Recovery ကို
ခေါ်နိုင်ပါတယ်၊ System Recovery က low-level ကုတ်တွေဖြစ်ပီး Linux နဲ့
Android Userland တို့နဲ့ လုံဝ ကင်းလွတ်စွာ ရပ်တည်နိုင်တဲ့ Primitive OS
တစ်ခုဖြစ်ပါတယ်၊ root access တွေဘာတွေမရှိဘူး၊ Stock System Recovery
အလုပ်လုပ်တဲ့ အခါမှာ ထုတ်လုပ်တဲ့ ကုမ္မဏီပေါ်မူတည်ပီး ကွဲပြားမှူတွေရှိပါတယ်၊
ပုံမှန်အားဖြင့်တော့ File System ထဲက data အလွှာကို ကို Format ချမယ်၊
extrenal microSD Card ထဲက Zip ဖိုင်ကိုဖြေပီး ROM ကို Update လုပ်မယ်၊
ဒီမှာ Custom ROMs ထည့်သုံးဖို့ လမ်းကြောင်း အသစ်တွေ့ပီဆိုပီး
ပျော်မသွားပါနဲ့ အုံး Upadate လုပ်တဲ့ ROM က ထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ အထူး
သတ်မှတ်ချက်ပါတယ (signature ပါတာကို ဆိုလိုပါတယ်) ၊ ဒီတော့ System Recover
လုပ်ပီဆိုတာနဲ့ Stock ROM ကို Upadte လုပ်တယ်၊ အလွှာ ၆ ခုမှာပါတဲ့ system
အလွှာ , Data အလွှာ , Cache အလွှာ , Misc (miscellaneous system) အလွှာတွေကို
ပြန်ပီးသိုလှောင်ပါတယ်၊ ပြန်ဖြည့်တဲ့သဘောဗျာ၊ ClockworkMod Recovery ကတော့
third-party recovery image ကိုသုံးပီး Arbitary ROMs ကို Flash ခြင်း
backup လုပ်ခြင်း partitions (အလွှာ) ပြန်တည်ဆေက်ခြင်း တွေလုပ်ရာမှာ
နာမည်ကြီးပါတယ်၊ (ClockworkMod Recovery အကြောင်းနောက်ပိုင်းမှ
အသေးစိတ်လာမယ်)၊
ADB ကို Android နဲ့ ကွန်ပြူတာချိတ်ဆက်ပီး အချို့
အလုပ်တွေအတွက် အသုံးပြုပါတယ်၊ ဒီအလုပ်အချို့ထဲက အသုံးများတဲ့တစ်ခုကတော့
ADB Shell Command ကိုသုံးပီး Android Phone ပေါ်မှာ Shell ကို ပေါ်စေတာပါပဲ၊
Shell process အလုပ်လုပ်အောင် ဘယ်လို commands ကို user ကအသုံးပြုလဲ၊
ဒီနေရာမှာ ro.secure လို့ခေါ်တဲ့ Android System property တန်ဖိုးက
အရေးကြီးလာပါတယ်၊ (Android System property တန်ဖိုး ကို ADB shell က တဆင့်
getprop ro.secure လို့ ရိုက်ထည့်ပီးဖြစ်စေ၊ ဖုန်းရဲ့ terminal emuloator
မှာ ရိုက်ထည့်ပီးဖြစ်စေရှာနိုင်ပါတယ်၊ အကယ်၍ ro.secure=0 ဆိုတဲ့
တန်ဖိုးရရင်တော့ ADB shell က ရေးတဲ့ commands တွေကို root user အနေနဲ့
ဖုန်းမှာ Run ပေးပါလိမ့်မယ်၊ ဒါမှမဟုတ်ပဲ ro.secure=1 ဆိုရင်တော့ ADB shell
က ရေးတဲ့ commands တွေကို unprivileged user အနေနဲ့ ဖုန်းမှာ Run
ပေးပါလိမ့်မယ်၊ အကယ်၍ ro.secure=0 တွေပဲ အမြဲ တွေ့နေရရင်တော့ အိုကေ
ပီပေါ့ဗျာ ဒါပေမယ့် ဒီလောက်တော့ ဘယ်လွယ်ပါ့မလဲ stock OEM တွေမှာ
ro.secure=1 ပဲ တွေ့ရမှာပါ၊ ကိုယ့်ဘာကိုပြောင်းဖို့တော့ မတွေးပါနဲ့ဗျာ
ဒီလောက်လဲ မလွယ်ဘူးလေ၊ ဒီတန်ဖိုးကို boot time စမှတ်ကတည်းက root directory
ထဲ့ default.prop ဖိုင်ထဲမှာ သတ်မှတ်ထားတာ၊ ဒီ root directory ဆိုတာကလဲ
internal storage ရဲ့ boot ထဲက ကောင်ပီကူးယူထားတာဗျာ၊ ဒါပေမ.့် partition
ထဲမှာတော့ root မလုပ်ရသေးဘူးဆိုရင် ၀င်ရေးနိုင်တယ်၊ ပြောချင်တာက ADB ကနေ
တန်ဖိုးပြောင်းတာကို လက်မခံရင် Boot မစတင်ကတည်းက Root access ဖြစ်အောင်
လုပ်ထားဖို့လိုတာပေါ့၊ ဒါပေမယ့် ဒီ့ အတွက်လုံးခြုံရေးကလဲ
ရှယ်ကျော်ဖြတ်ဖို့လိုပါတယ်၊
Android UI
privileged user
ဆိုတာက Root access နဲ့ Run နေတဲ့ program မှန်သမျှကိုခေါ်တယ်၊
Unprivileged_user ကတော့ Root access နဲ့ Run တာမဟုတ်တဲ့ program
တွေကိုခေါ်တယ်၊
Android System မှာ ကျွန်တော်တို့ Run သမျှ
အလုပ်လုပ်နေတာ မြင်ရသမျှ ရေး ထိ အသုံးပြုနိုင်သမျှ Applications
တွေအားလုံးက un_privileged user အနေနဲ့ Sandboxes ထဲမှာ Run နေတာပါ၊
ပြောချင်တာက ကျွန်တော်တို့ Run နေတဲ့ Unprivileged Program တွေက privileged
Program တွေကို အလုပ်မခိုင်းနိုင်ဘူး စတင်အလုပ်လုပ်အောင် မခေါ်နိုင်ဘူးပေါ့
(ဥပမာ privileged function တစ်ခုကို un_privileged app ထဲက function တစ်ခု
က စတင်စေလို့မရဘူးပေါ့၊ ဒီလို un_privileged app ထဲက function က
privileged function တစ်ခုကို ခေါ်နိုင်ရင်ဖြင့် လိုချင်တာ
အားလုံးဖြစ်ပီပေါ့ဗျာ၊ နောက်တစ်ချက်က root access နဲ့ run နေတဲ့ privileged
function တစ်ခုက အခြား program တစ်ခုကို root access အနေနဲ့ကော
unprivileged user အနေနဲ့ ပါလှမ်းခေါ်သုံးနိုင်တယ်၊ Linux မှာတော့ privilege
escalation တွေကို su နဲ့ sudo program တွေကတစ်ဆင့် ခေါ်တယ်၊ su နဲ့ sudo
တို့က setuid(0) လို့ခေါ်တဲ့ system ကို Run စေနိုင်တဲ့ programs တွေပါ၊
setuid(0) System က အလုပ်လုပ်နေတဲ့ program တစ်ခုကို unprivileged user
အဆင့်ကနေ root access နဲ့ ပြောင်းပီး Run ခိုင်းနိုင်ပါတယ်၊ ကျွန်တော်တို့
မြင်တွေ့နေရတဲ့ root access လိုတယ်ဆိုတဲ့ Applications တွေက တကယ်တော့ အခြား
binaries package ပါဝင်တဲ့ program တွေကို su က တဆင့် ခေါ်ပီး
သုံးဖို့လိုလို့ပါ၊ Stock OEM ROMs တွေက ဘယ်တော့မှ su မပါလာပါဘူး၊ su က
ဒေါင်းလုပ်လုပ်လို့လဲမရဘူး ကော်ပီကူးယူလဲ မရဘူးလေ၊ su ကိုသုံးဖို့ အတွက်
SUID bit set ရှိဖို့လိုတယ်၊ SUID bit set က privilege root access နဲ့ Run
ခွင့်ရှိတဲ့ Program တွေကိုညွန်ပြတယ်၊ root access မရှိရင် SUID bit ကို
လဲ program တစ်ခုကို root access နဲ့ Run စေဖို့
ညွန်ပြနိုင်အောင်မလုပ်နိုင်ပါဘူး၊
ဒီတော့ Android ထိတွေ့
အသုံးပြုလို့ရသမျှ unprivilege user application တွေက privileged access
ကို မရနိုင်ဘူး (သို့) privileged mode နဲ့ အလုပ်မလုပ်နိုင်ဘူး၊ privileged
mode နဲ့ Run နေတဲ့ အခြား Program တစ်ခုကိုလဲ စတင်အောင်ခေါ်လို့မရဘူး၊
Android System (lift circle) တစ်ခုလုံးတောင်မှာ တကယ်တော့ privilege
escalation attempts နဲ့ အလုပ်လုပ်နေတာမဟုတ်ပါဘူး၊
Hacking the system
ဒါဆို Android ဖုန်းကို ဘယ်လို Root လုပ်မလဲ၊ အထက်က လုံခြုံရေး
အတွက်သုံးတဲ့ ဗျူဟာတွေကိုသဘောပေါက်သွားပီဆိုရင်ဖြင့် လုံခြုံရေးဗျူဟာမှာ
အသက်သွင်းထားတဲ့ Component တစ်ခုစီကို တန်ပြန်တိုက်ခိုက်နိုင်ပါပီ၊ ဥပမာ
Samsung Phone က Blootloader ကို Flash လုပ်ခွင့်ပြုတယ်ဆိုတယ်ဆိုပါတော့
ဒါဆိုရင် လိုအပ်တဲ့ တစ်ယောက်က Stock ROM ကို ဖုန်းရဲ့ disk drive ကနေပီး
ကူး sudo ထည့် Modified လုပ်မယ့် ROM ထဲကို package အဖြစ် ပြန်တည်ဆောက်
ဖုန်းကို့ Hardware keys ပေါင်းနှိပ်ပီး Flash Mode ကနေ ၀င် ပီး Modified
ROM ကို flash လုပ်လိုက်၊ အကယ်၍ ro.secure ကို 1 မပေးထားရင်ဖြင့် root
လုပ်ရတာ ပိုတောင်လွယ်တယ်၊ ဖုန်းကို Computer နဲ့ ချိတ် ADB ကို run
ဒါဆိုရင် ဘယ် program ကိုမဆို Root access လို့ run ပေးနိုင်တဲ့ shell ရပီ၊
ဒီတော့ /system ကို readwrite access ဖြစ်အောင် ပြောင်း su ကို install
လုပ် ပီးပီ၊
ဒါပေမသည့် Android သုံး Devices တွေအားလုံက အထက်က
ပြောသလောက်တော့မလွယ်ဘူး၊ bootloader ကို locked ချထားတယ် ro.secure ကိုလဲ
set ထားတယ်၊ ဒါ့ကြောင့် unprivileged program တွေနဲ့သာလျှင် ဆက်သွယ်
အသုံးပြုနိုင်တယ်၊ privileged ဖြစ်မယ့် ကုတ်တွေတော့ Run လို့မရဘူး၊ ဒါဆို
ဘယ်လိုလုပ်မလဲ၊
အရေးကြီးတဲ့ program မှန်သမျှက Hardware တွေနဲ့
တိုက်ရိုက် ချိတ်ဆက်ပီး ခိုင်းစေဖို့ အတွက် root access အနေနဲ့ Run ရပါတယ်၊
ဒီတော့ Hardware တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ low-level System
service တွေကိုတော့ Root Access အမြဲ ဖွင့်ပေးထားရတယ်၊ ဒါက ဘယ် ဖုန်း ဘယ်
ကွန်ပြူတာမဆို ပါ၊
မနေ့က ဆောင်းပါးမှာ Linux Tag က linux kernel
image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ Kernel စတင်အလုပ်လုပ်တာနဲ့ System File
ထဲက 'init' ဖိုင်ကိုရှာပီး System စတင်ဖို့အတွက် root process ကိုစတင်တယ်၊
ဒီမှာ Root Process ဆိုတာကိုမိတ်ဆွေတို့တွေ့ရမယ်၊ init က သူ့ထဲက functions
တွေကို စတင်အလုပ်လုပ်စေမယ်၊ Kernel ရဲ့ init ဖိုင်ကို Run တဲ့ အခါ
privileged process ဖြစ်ဖို့အတွက် Root Access နဲ့ Run ရတယ်၊ ဒီအချက်ကို
အခြေခံပီးတော့ one-clickroot တို့ z4root တို့ ကို လုပ်ထားတာပါ၊ System
process က root access အနေနဲ့ Arbitary code ကို Run နေတဲ့ အခါမှာ
ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လမ်းစပေါ်လာပါတယ်၊ အကြောင်းက Arbitary code က
system စတင်ဖို့ အတွက် read-write mode နဲ့ su ကို install လုပ်ထားတဲ့
ကုတ်ဖြစ်လို့ပါ၊ Android က Linux လို Open Source ဖြစ်တဲ့ အတွက် များစု က
System Services တွေအားလုံးထဲက လုံးခြုံရေးကို ၀င်ပီး ဖြတ်နိုင်မယ့်
ထိုးဖောက်နိုင်မယ့် လမ်းကို ရှာကြပါတယ်၊ လမ်းကြောင်းရှာတွေ့သွားလဲ
မလွယ်ပါဘူး Google နဲ့ သက်ဆိုင်ရာ အဖွဲ့တွေက မနည်းရှာထားရတဲ့
လမ်းကြောင်းကို ပေါက်ပီလို့ကြားတာနဲ့ လိုက်လိုက်ပိတ်ပစ်တာလေ၊ ဒီတော့
Version အသစ်ထွက်တိုင်း လုံခြုံရေးတွေပိုကောင်းလာတာပေါ့၊ အရင်ရထားတဲ့
လမ်းကြောင်းလေးတွေပိတ်ပိတ်သွားတာပေါ့၊ ဒါပေသည့် OTA Update ကိုတော့
ပိတ်လိုက်ရအောင် Google အပါအ၀င် အခြား Android ထုတ်လုပ်သူတွေက
မကြောင်ကြသေးပါဘူး သူတို့လဲ အဲ့ဒီ့လောက်တော့ ငွေမပေါဘူးလေ၊ ဒီတော့ကာ
အသစ်ထွက်လာတိုင်းလုံခြုံရေး အဆင့်ပိုမြင့်လာမယ်၊ ထိုးဖောက်ထဲ သူတွေကလဲ
rooting လုပ်ဖို့ ရရာ နည်းလမ်ကို အစွမ်းကုန်ရှာကြမယ်ပေါ့၊
low-level Programming လေ့လာဖူးသူတွေအနေနဲ့ Kernel ရဲ့ init ဖိုင်ကို သေချာ မွှေနောက်ကြည့်ရင်ကော..............................
Android ဖုန်းလို့ပြောပေးမယ့် Android သုံးသမျှ အခြား Devices (ပစ္စည်းတွေ) အားလုံးကို ညွန်းပါတယ်၊
ဒီပိုစ့် ကို pdf အနေနဲ့ ဒေါင်းလုဒ်လုပ်ချင်ရင် အောက်က လင့်မှာ ဒေါင်းပါ
http://goo.gl/zFWlc7
ဒီသင်ခန်းစာ မှာ နားမလည်နိုင်စရာ အသုံး အနှုံးတွေပါသွားနိုင်ပါတယ်၊ စာလုံး
အသစ်တွေပါသွားနိုင်ပါတယ်၊ ဒီ့ အတွက်ကျွန်တော်တို့ တစ်ခုစီ ကို ဆောင်း ပါး
အနေနဲ့ပြန် ရေးပေးသွားမှာပါ၊ တနေ့တစ်ခုကိုသေချာလိုက်ဖက်ရင်
တဖြည်းဖြည်းတော့ရှင်းသွားမှာပါ၊ လိုအပ်တဲ့ File System တွေအကြောင်း
low-level programming ဆိုတာဘာလဲ mid-level programming ဆိုတာဘာလဲ ၊
hight-level programing ဆိုတာ ဘယ်ဘာသသာရပ်တွေကို ခေါ်သာလဲ ဘယ်လို compile
လုပ်လဲ စသဖြင့် နောက်ပိုင်း ပိုစ်တွေမှာ ရေးပေးသွားပါမယ်၊ သက်ဆိုင်ရာ
အခန်းအလိုက်ရှင်းသွားမှာမို့ လက်တစ်လော စာလုံး အခက်အခဲ ရှိရင်
သည်းခံပီးပဲဖတ်ထားစေချင်ပါတယ်၊
ဒီပို့စ်ကို BrighterMyanmar
အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး
brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့
သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊
Credit to Brigher Myanmar