ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Showing posts with label Mobile News. Show all posts
Showing posts with label Mobile News. Show all posts

Sunday, February 16, 2014

၅.၅ လက်မ HTC Desire 8


Ref :
Myanmar Digital Life Journal

HTC က မကြာမီ မှာ Desire မျိုးဆက် စမတ်ဖုန်း တစ်လုံးကို ထုတ်ဖော်ပြသမယ့် ပုံပေါ်ပါတယ်။ အဲဒီဖုန်း ရဲ့ Specification တွေနဲ့ ဓာတ်ပုံ တွေ ထွက်ရှိလာပါတယ်။ HTC Desire 8 ဖြစ်ပြီး စွမ်းဆောင်ရည် အလယ်အလတ် ရှိမှာဖြစ်ပါတယ်။ ထွက်ပေါ်လာ တဲ့ သတင်းအရ ၅.၅ လက်မအရွယ် Display တပ်ဆင်ထားပါတယ်။ Android 4.4 KitKat လည်ပတ်မောင်းနှင်မှာဖြစ်ပါတယ်။ 13 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ စပီကာ နှစ်ခု ပါရှိပြီး SIM Card နှစ်ခု အသုံးပြုနိုင်ပါတယ်။ ပလတ်စတစ် ကိုယ်ထည် ကို အသုံးပြုထားပြီး အနီ၊ လိမ္မော် ၊ အ၀ါ ၊ အပြာ ရောင်များ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Home, Back ,Menu Button များကို On-Screen ခလုတ်များအနေဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။

ဓာတ်ပုံ ထဲမှာ March 18 နဲ့ ဘေဂျင်း တည်နေရာ ကိုဖော်ပြထားတဲ့အတွက် ဒီလ ထဲမှာ ကျင်းပမယ့် Mobile World Congress မှာ Desire 8 ကို ထုတ်ဖော်ပြသမှာမဟုတ်ဘဲ March လမှသာ ဘေဂျင်း မှာ ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပါတယ်။ HTC က Desire 8 ကို အာရှ မှာ အဓိက ရောင်းချဖို့ ရည်ရွယ်ထားပုံရပါတယ်။

အငြင်းပွားဖွယ် မရှိတဲ့ သတ္တုများ အသုံးပြုဟု Apple အခိုင်အမာ ပြောဆို


Ref : Smart Pro Journal
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်တွင် Apple ဟာသူရဲ့ ထုတ်ကုန်တွေမှာ သတ္တုအသုံးပြုမူကို အငြင်းပွားဖွယ်မရှိနိင်တဲ့ သတ္တုတွေကို
အသုံးပြုလျက်ရှိတယ်လို့ Third-party စာရင်းစစ်သူများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို့ သတင်းကတော့ ကုမ္ပဏီကို ထောက်ပံထားတဲ့အချိတ်အဆက်ထဲမှာပါဝင်ပြီး multi level မှာရှိတဲ့ စာရင်းစစ်ဆေးခြင်း 451ပေါ်မှာ အခြေခံထား
တာလို့ သိရပါတယ်။

Apple ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ i Phone မှာဆိုရင်တော့ အာဖရိကတိုက်ဖက်ခြမ်း၊ ကွန်ဂိုနိင်ငံမှ မြောက်မြားစွာလာလေ့ရှိသော Tantalum ( tantalium) သတ္တု
တစ်မျိုးကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ထို သတ္တုဟာဆိုရင် ဓာတု element တစ်ခု ဖြစ်ပြီး ဓာတုဗေဒနာမည် သင်္ကတ Ta ဖြင့်ဖော်ပြလေ့ရှိကာ atomic number
ကတော့ 73 ဖြစ်ပါတယ်။ အဆိုပါ သတ္တုဟာဆိုရင် ထိုဒေသမှာ ရှိတဲ့ သူပုန်အုပ်စုအချို့နဲ့ ပြသာနာ အနည်းငယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ သတ္တုကျိုချက်ရေးနဲ့ သန့်စင်ရေးတွေမှာ ပါတဲ့ သတ္တုတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကတော့ Tin လို့ခေါ်တဲ့ သံဖြူဒြပ်စင်၊ tantalum ၊ အဖြိုက်နက်၊
ရွှေ စသည့်တို့ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

Sony Xperia G


Ref : Smart Pro Journal
Mobile world congress မတိုင်ခင် ယခုလောလောလတ်လတ်ပေါ်ထွက်လာတဲ့ သတင်းလေးပါ။ Sony ရဲ့ အသစ်စစ်စစ် အလတ်စားအဆင့်မှာ ရှိတဲ့ Flagship
အမျိုးအစား ဖုန်းဖြစ်ပြီးတော့

ယခုလအတွင်း မကြာမီလာမည့် MWC မှာတရားဝင် ထုတ်ဖော်ပြသမှာ ဖြစ်တယ်လို့ ခန့်မှန်းထားရပါတယ်။
ယခုတွေ့ရှိရတဲ့ ဓာတ်ပုံ နှစ်ပုံကတော့ Xperia Gရဲ့ အစိတ်အပိုင်း အချို့ကို ၀ိုးတ၀ါးဖြစ်စေမူတွေနဲ့အတူပေါ်ထွက်လာပြီး ပြောဆိုနိင်စေခဲ့ပါတယ်။
LTE, အတွင်းမှတ်ဥာဏ် 8GB, 8 megapixel ကင်မရာ ဖြစ်ပြီး 4.8 လက်မရှိတဲ့ မျက်နှာပြင် ဖြစ်တယ် ဆိုတာကိုပါ။

အပြင်ပိုင်းတွေအနေနဲ့ကတော့ သေးသွယ်ပါးလွှာတဲ့ ဆိုဒ်နဲ့ အရင်ထွက်ရှိခဲ့ဖူးတဲ့ Xperia Z1S ရဲ့တူညီတဲ့ ဒီဇိုင်းတို့ဖြင့် အလယ်အလတ်အစားရှိတဲ့ ဖုန်းတစ်လုံးအနေနဲ့
G ကို ဖြစ်စေနိင်ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ထို ဖုန်းရဲ့ပုံတွေဟာ ဒီထက်ပိုတဲ့ အသေးစိတ်အချက်အလက် တိတိကျကျကို ထပ်မံပြောပြနိင်ဖို့ လျော့နည်းနေပါတယ်။

သို့ပေမဲ့ မကြာတော့တဲ့ နောက်တစ်ပတ်လောက်မှာ ထိှု့Sony Xperia G အကြောင်းနဲ့ ဈေးနှုန်းတိတိကျကျတို့ကို သိနိင်လာတော့မှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

Nokia X ဖုန်း အစိမ်းရောင် ပေါ်ထွက်လာ


Ref : Smart Pro Journal
Nokia ဟန်းစက်တွေကိုမှ ကိုင်ချင်ကြသူများ အတွက် Nokia X လို့ခေါ်ဝေါ်တဲ့ အစိမ်းရောင်လေး ထွက်ပေါ်လို့ လာပြန်ပါပြီ။ Nokia ဆိုသည့်အတွက် အသုံးပြုရတာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

မျက်နှာပြင် ၄ လက်မဖြစ်သည့် အတွက်ကြောင့် သယ်ဆောင်ရ အဆင်ပြေစေမယ့် ဟန်းစက်တစ်လုံး ဖြစ်ပါတယ်။ Processor ကတော့ Qualcomm S4 ဖြစ်ပြီး ကင်မရာ အနေနဲ့ကတော့ 3-megapixel ဖြစ်ပါတယ်။ ဒါ့အပြင် storage ပိုင်းကို 4GB သုံးထားပြီး RAM ကတော့ 512MB ဖြစ်ပါတယ်။ microSD ကို တိုးချဲ့ပြီး အသုံးပြုနိုင် ပါတယ်။ ကြာရှည်ခံအောင် ဘတ္တရီကို 1500mAh အသုံးပြုထား ပါတယ်။

Android ဗားရှင်းကတော့ အနည်းငယ် နိမ့်သောလည်း အဆင်ပြေစေမှာပါ။ Android ဗားရှင်းကတော့ 4.1 ဖြစ်ပါတယ်။

ပိုစ့်ရေးသားသူ - ကျော်လင်းနိုင် (www.smart.com.mm)

Friday, February 14, 2014

Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့


ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့ဈေးကွက်မှာထိပ်တန်းနေရာကိုရယူထားတဲ့ Rakuten ကုမ္ပဏီက၀ယ်ယူလိုက်ကြောင်းသိရှိရသည်။

အဆိုပါ Viber Media ကိုဝယ်ယူဖို့အတွက်အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံကို Rakuten သူဌေး Hiroshi Mikitani ကအကုန်အကျခံခဲ့ပါသည်။ Rakuten ဟာနာမည်ကြီး Online Shopping Website တစ်ခုဖြစ်ပြီးလက်ရှိမှာဂျပန်နိုင်ငံရဲ့ဈေးကွက်ကိုစိုးမိုးထားပါသည်။

Viber ကိုအသုံးပြုသူ ၃၀၀မီလီယံရှိကာ Rakuten ကိုအသုံး ပြုသူက ၂၀၀ မီလီယံရှိပြီး သူဌေးဖြစ်တဲ့ Mikitani က Rakuten ကိုပိုမိုအောင်မြင်အောင်ပြု လုပ်ဖို့အတွက် Viber ကိုဝယ်ယူ လိုက်တာဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး Mikitani က “ မိမိတို့ Messaging စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆို ရင်ကိုယ်တိုင်လုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ Rakuten သုံးတဲ့ Customer တွေအနေနဲ့ Viber Messages ကနေတစ် ဆင့်မိမိတို့ပစ္စည်းကို မှာယူမယ်ဆိုရင်တော့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” လို့ပြောကြားသွားခဲ့ပါသည်။

ထက်ပြီး Viber ရဲ့ Chief Executive ဖြစ်သူ Marco က “Rakuten နဲ့ပူပေါင်းလိုက်ခြင်းဟာကုမ္ပဏီရဲ့လက်ရှိအနေအထားကိုပိုမိုကောင်းမွန်အောင်ပြုလုပ် နိုင်မှာဖြစ်ပြီး Application တိုးတက်ဖို့ကို Free Voice Calls နှင့် Message အတွက်သာမက Digital Content အတွက်ပါလုပ် ဆောင်သွားနိုင်မှာဖြစ်တယ်” လို့ပြောခဲ့သည်။

သိပ်မကြာသေးတဲ့အချိန်က Viber ဟာ Messaging Application ကို Computer တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Skype ကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

Viber ကို Rakuten ကမတ်လကုန်လောက်မှာလုံးဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုစလုံး ကပြောကြား ထားခဲ့သည်။

Ref :
TechSpace Journal

Wai Phyo Aung (TSJ Team)

Android ဗားရှင်း 4.4 KitKat LG G2 Mini စမတ်ဖုန်း ဖြန့်ချီမည်

LG ရဲ့ ပရိသတ်တွေ အတွက် အကြိုက်တွေ့လိမ့်မည့် ဟန်းစက်တစ်လုံး
ဖြစ်ပါတယ်။ မျက်နှာပြင် ကြီးပြီး သယ်ဆောင်ရ ခက်ခဲတဲ့ စမတ်ဖုန်းတွေထက်
မျက်နှာပြင်သေးပြီး သယ်ဆောင်ရ လွယ်ကူတဲ့ ဖုန်းအမျိုးစား ဖြစ်ပါတယ်။

LG G2 Mini စမတ်ဖုန်းဟာ မျက်နှပြင် 4.3 လက်မဖြစ်ပြီး resolution ကတော့
960 x 540 ဖြစ်လို့ ကြည်လင်ပြတ်သားသော မျက်နှာပြင်ကို ကြည့်ရှုခံစား
နိုင်မှာပါ။ Processor ကတော့ 1.2GHz Snapdragon 400 ဖြစ်ပြီး RAM
အနေနဲ့ 2GB ပါ။ Android ဗားရှင်းကတော့ 4.4 KitKat ကို အသုံးပြု ထားလို့
Android အမြင့်ကြိုက် သူတွေအတွက် အဆင်ပြေမယ့် ဟန်းစက် တစ်လုံး ဖြစ်ပါတယ်။

LG G2 Mini စမတ်ဖုန်းကို မကြာမီ ဈေးကွက် အတွင်းသို့ ရောက်ရှိ လာတော့မည့်
ဖုန်းတစ် လုံး ဖြစ်လို့ ပြန်လည်မျှဝေ ပေးလိုက် ပါတယ်။

Credit To -
Smart Pro Journal

ကျော်လင်းနိုင် (www.smart.com.mm)

Thursday, February 13, 2014

Microsoft ဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ


၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်း ပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ် လာ စေဖို့ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမယ့် အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
--
Ref: mircosoft,wiki
Credit To -  အောင်ခမ်း (smart.com.mm)

iPhone 6 ဓာတ်ပုံ ထွက်ရှိ

iPhone 6 ရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်ဆိုပြီးတော့ သြစတေးလျ အခြေဆိုက် Noted အမည်ရ နည်းပညာ သတင်း ဝဘ်ဆိုဒ်ရဲ့ Twitter စာမျက်နှာပေါ် မှာ ဖော်ပြလာခြင်း ဖြစ်ပါတယ်။ ယင်း ဓာတ်ပုံသာ တကယ် မှန်မယ်ဆိုရင် Apple ရဲ့ iPhone ဟာ အတော်ကြီးကို ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ပိုမို ပါးလွှာသွားမှာ ဖြစ်ပြီး စုစုပေါင်း ဓာတ်ပုံ ၆ ပုံထက် မနည်း ထွက်ရှိလာခြင်း ဖြစ်ပါတယ်။ Gorilla Glass ကို အသုံးပြုထားတဲ့ မျက်နှာပြင် ဖြစ်ကြောင်း ဆိုပါတယ်။ အရွယ် ၄.၇ လက်မနဲ့ ၅.၅ လက်မ အရွယ် ၂ မျိုး ၂ စား ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Wall Street Journal ရဲ့ ဖော်ပြချက် အရကတော့ မျက်နှာပြင်ကြီးတဲ့ iPhone က ၅.၇ လက်မ ရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။ လာမယ့် ဇွန်လမှာ ထွက်ရှိမယ်လို့လည်း သတင်း ထွက်နေပါ တယ်။

iPhone 6 နဲ့အတူ Apple ရဲ့ အခြား ကုန်ပစ္စည်း အသစ်များလည်း ထွက်ရှိအုံးမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint

Credit To - အောင်ခမ်း (smart.com.mm)

ကိုယ်အပူချိန်သုံး အားဖြည့်နိုင်မယ့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
Ref:techblog

Credit To - အောင်ခမ်း (ရိုးရာလေး)

Wednesday, February 12, 2014

Sony smartwatch 2

sonyရဲ့ပြည်တွင်းကို ၀င်ရောက်လာတဲ့ စမတ်နာရီအသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ sonyရဲ့ smartwatchကြောင့် သင့်လက်ဝယ်မှာ ၀တ်ဆင်ထားမယ့်digitelနာရီတွေကိုစွန့်ပစ်ရဖို့အချိန် ရောက်ရှိလာပါတော့မယ်။ ဆိုနီကုမ္ပဏီအနေနဲ့ကသူတို့ရဲ့နောက်ထပ် မျက်နှာပြင်တစ်ခုလို့ သတ်မှတ်နိုင်တဲ့smartwatch2ကို သုံးစွဲသူတွေဆီကိုအရောက်ပို့ပေးနိုင်ခဲ့ပါပြီ။smartwatchရဲ့မျက်နှာပြင်ဟာIP57ဖော်ပြနိုင်စွမ်းနဲ့အတူရေစိုခံနိုင်စွမ်းရှိပါတယ်။Home screen iconတွေကိုလည်းမိမိလိုအပ်သလိုမျိုး organize ပြုလုပ်နိုင်လိမ့်မယ်။

1.6’’မျက်နှာပြင်ဟာနေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့အချိန်မှာတောင်မှ နံပါတ်တွေကိုရှင်းလင်းပီသစွာတွေ့နိုင်ပြီး220x167p resolution ရှိပါတယ်။smartwatch 2 က ဖုန်းကို အဝေးရောက်ထိန်းချုပ်နိုင်တဲ့remoteတစ်ခုအနေနဲ့ပဲရှိနေဦးမှာပါ။ ဖုန်းကိုအိတ်ကပ် ထဲမှာဒါမှမဟုတ် လွယ်အိတ်ထဲမှာရောက်နေတဲ့ အချိန်မှာတောင် လိုက်လံစုံစမ်းပြီးတော့ကူညီပေးမှာပါ။ သီချင်းတွေကိုထိန်းချုပ် နားဆင်နိုင်တယ်။ ဖုန်းခေါ်ဆိုမှုတွေကိုမြင်တွေ့ရနိုင် ပြီးတော message အ၀င်အထွက်တွေကိုသတိပေးချက်အနေနဲ့ ဖော်ပြ ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်အခြားသောစမတ်ဖုန်းကိုပတ်သက် တဲ့notiတွေကိုလည်းsmartwatchမှာလာရောက်ဖော်ပြ ပေးမှာဖြစ်ပါတယ်။

smartwatch 2ဟာandroid 4.0 နဲ့အထက်ပါဝင်တဲ့ စမတ်ဖုန်းတွေtabletတွေနဲ့လည်းတွဲဖက်အလုပ်လုပ်နိုင်လိမ့်မယ်။ ဆော့ဖ်ဝဲလ် updateတွေနဲ့new applicationတွေကိုရရှိနိုင် ပြီးတော့ သင်ယခင်ကမတွေ့မြင်ခဲ့ဖူးတဲ့စမတ်နာရီတစ်လုံးရဲ့ အတွေ့အကြုံအသစ်တွေကိုရရှိလိမ့်မယ်။smartwatchဟာဝိုင်ယာလက်အသုံးအဆောင်ဖြစ်တာနဲ့အညီသင့်အတွက်များစွာအထောက်အပံ့ပေးပါလိမ့်မယ်။ ဆက်သွယ်မှု တွေအတွက်သင်ဟာအလုပ်ရှုပ်နေချိန်မှာသင့်ကိုကူညီပေးမှာဖြစ် ပြီးsmartwatchဟာ ဖုန်းကိုအဝေးကလှမ်းထိန်းချုပ်ပြီးတော့ သုံးစွဲနိုင်မှာပါ။

မိုးတွေရွာနေချိန်၊ နေသာချိန်တွေမှာလည်းsmartwatchရဲ့မျက်နှာပြင်မှာဂဏန်းတွေကိုမြင်တွေ့ခွင့်ရ အောင် ကူညီပေးမှာဖြစ်ပြီးဘယ်လိုရာသီဥတုဘယ်လိုနေရာ မျိုးမှာမဆိုသုံးစွဲနိုင်လိမ့်မယ်။ ကုမ္ပဏီကထုတ်လုပ်တဲ့ Z lineစမတ်ဖုန်းတွေနဲ့ သွားတူညီနေပါတယ်။ powerbuttonကိုတော့ aluminiunနဲ့ပြုလုပ်ပေးထားပြီးbatteryသက်တမ်းကြာရှည် ခံပါလိမ့်မယ်။ ဆိုနီရဲ့ အစောပိုင်းထွက်ရှိခဲ့တဲ့smartwatchဟာ ဥရောပအပါအ၀င် အခြား နိုင်ငံတွေအတွက် accessoriesကောင်းတစ်ခုအနေနဲ့သိရှိခဲ့ပြီးsmartwatch 2ကိုလည်း အသွင်အပြင် မတူညီဘဲနဲ့ လုပ်ဆောင်ချက်တွေထပ်မံထည့်သွင်းကာ ပြုလုပ်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ Android deviceတွေကိုသုံးစွဲတဲ့သူတွေအတွက်တော့ ထူးခြားတဲ့အတွေ့အကြုံသစ်တွေကိုရရှိစေမှာဖြစ်ပြီး သူ့ရဲ့နေထိုင်မှုဘ၀နဲ့ သတင်းအချက်အလက်နှစ်ခုစလုံးကိုတစ်ပေါင်းတည်း ဖြစ်စေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် android wireless accessories တွေထဲမှာအကောင်းဆုံးအဖြစ်ရပ် တည်နေမှာဖြစ်တာကြောင့်ပါ။

smartwatch 2တစ်ခုတည်းကသာဆန်းသစ်ပြီးစတိုင်ကျတဲ့ နာရီတစ်မျိုးအဖြစ်ရရှိစေလိမ့်မယ်။ အချိန်သတ်မှတ်တာရပ်တန့် တာတွေအပြင် ဖုန်းremoteတစ်ခုအနေဖြင့် သတ်မှတ်နိုင်ပြီးသင့်အတွက်ရွေးချယ်စရာတွေအမြောက်အများရှိနေတယ်။ ဒါ့အပြင် လက်ပတ်ကြိုးကလည်း လက်ကောက်ဝတ်နှင့် လိုက်လျောညီထွေရှိစေလိမ့်မယ်။ NFCအသုံးပြုdeviceတွေနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်လိမ့်မယ်။ စမတ်နာရီကို ကြိုက်နှစ်သက် ပါက SONY Showroom တိုင်းမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ် ။ အသေးစိတ် သိလိုပါက ဖုန်း01-398566 နဲ့ 01-546006 (လိုင်းခွဲ-114) ကိုစုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်။

Credit To - TechSpace Journal

Tuesday, February 11, 2014

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်


ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။
တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။
SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။
ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Ref:YOYARLAY

Friday, February 7, 2014

ဖုန်းအင်တာနက်မြန်နှုန်း မြှင့်တင်ရန် တယ်လီနော ကိုယ်ပိုင်လိုင်း တည်ထောင်မည်


နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပြည်တွင်းအင်တာနက် အမြန်နှုန်းနှေးကွေးမှု ပြဿနာကြောင့် တယ်လီနောက ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် မိုဘိုင်းလ် အင်တာနက် မြန်နှုန်းမြင့်စေရန် ကိုယ်ပိုင် အင်တာနက်လိုင်း တည်ထောင်မည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။
“လိုင်စင်ထဲမှာကိုယ်ပိုင် International Gateway တွေကိုယ်ပိုင် ငှားရမ်းခွင့်၊ တည်ဆောက် လုပ်ကိုင်ခွင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အင်တာနက် Gateway တည်ဆောက် လုပ်ကိုင်သွားပါမယ်။ လုပ်ငန်း စစချင်းမှာတော့ လက်ရှိ သုံးစွဲနေတဲ့ Gateway ကိုပဲမျှဝေ သုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် အင်တာနက် အသုံးပြုခ ကောက်ခံရာတွင်လည်း Data ဖြင့် ကောက်ခံသောနှုန်းနှင့် အချိန်ဖြင့် ကောက်ခံသောနှုန်း စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ထားမည် ဖြစ်ပြီး သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးမည်ဟု ၎င်းကဆိုသည်။
“တယ်လီနောကပေးမယ့် ဝန်ဆောင်မှုတွေမှာက ရွေးချယ်စရာမျိုးစုံ ရှိပါလိမ့်မယ်။ လူတိုင်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ရပါလိမ့်မယ်။ နာရီပိုင်း သုံးချင်တဲ့သူက နာရီပိုင်းပဲ ဝယ်သုံးရမယ်။ Data သုံးချင်တဲ့သူကို Data နဲ့သတ်မှတ် ကောက်ခံမယ်။ မိနစ်နဲ့ ကောက်စေချင်သူကို မိနစ်နဲ့ ကောက်ခံမယ်” ဟု Petter Furberg ကဆိုသည်။
အင်တာနက် အမြန်နှုန်း ကောင်းမွန်စေမည်ဟု လုံးဝ ကတိပေးကြောင်း သုံးစွဲသူအပေါ် မူတည်၍ အင်တာနက်ပမာဏကို ဆက်တိုက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အင်တာနက်က ဒီရက်ပိုင်းမှာ ပိုပိုဆိုးလာသလိုပဲ။ ဘယ်လိုမှ အဆင်ပြေပြေကို သုံးမရတာ။ သူတို့မြန်မြန်စမှပဲ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံနေပြီး နိုင်ငံတကာ တွင်မူ အသုံးပြုသော Data ပမာဏအလိုက်သာ ကောက်ခံလေ့ ရှိသည်။
Ref:The Voice Weekly
Credit To - MMAS

Huawei Ascend P7 ထွက်ရှိမည်

Huawei ဟာ ၂၀၁၃မှာ Ascend P6 ကို ထုတ်လုပ်ရောင်း ချပြီးနောက်
နောက်ထပ်မော်ဒယ် တစ်ဆင့်မြင့်တဲ့ P7 ကို ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။ 
အရွယ်အစားအရအရော၊ အတွင်း အရည်အသွေးအရရော တိုးမြင့် ပြောင်း
လဲ လာမှာ ဖြစ်ပါတယ်။ ၅ လက်မ အရွယ် Full HD TFT မျက်နှာပြင်ကို
အသုံးပြု တပ်ဆင်ထားပြီး 1.6GHz quad core HiSilicon Balong 910 processor ကို အသုံးပြုထားပါတယ်။ 4G LTE စနစ် ထောက်ပံ့ ပါတယ်။ ကင်မရာက
13 Megapixel ရှိပြီး LED Flash ပါဝင်ပါသးတယ်။ နောက်ထပ် ထူးခြားချက်က
ရှေ့ ကင်မရာဟာ 8 Megapixel ပါဝင်ခြင်း ဖြစ်ပါတယ်။ RAM က 2GB ပါ။
microSD ကဒ် ထည့်သွင်းပြီး Memory expand လုပ်နိုင်ပါအုံးမယ်။
internal storage 16GB ရှိပါတယ်။ ဘက်ထရီက 2460 mAh ရှိပြီး
Android Kit Kat ကို အသုံးပြုမှာပါ။ Emotional UI 2.0 system လည်း ပါဝင်ပါသေးတယ်။  ဖေဖော်ဝါရီလကုန် Mobile World Congress
မှာ Huawei ရဲ့  နောက်ဆုံးပေါ် Ascend P7 ကို ဝင်ရောက် မိတ်ဆက်
ပြသသွား မှာ ဖြစ်ကြောင်း သိရ ပါတယ်။ .
Ref: pocketlint
Credit to Smart Pro Journal

Samsung Galaxy S5 ကို ဖေဖော်ဝါရီလ ၂၄ တွင် မိတ်ဆက်ပြသမည်

Samsung ရဲ့  နောက်ဆုံးထွက် Galaxy S5 ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မိတ်ဆက်ပြသသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ထူးခြားချက်အနေနဲ့ လက်ဗွေစနစ်ပါဝင်လာခြင်း ဖြစ်ပြီး လက်ဗွေစနစ်က မျက်နှာပြင်ပေါ်မှာ ဖြစ်ပါတယ်။ ဖန်သား မျက်နှာပြင်မှာ ဖိထားရမှာလည်း မဟုတ်ပါဘူး။ swipe လုပ်နေကျအတိုင်းပဲ လက်ညိုး၊ လက်မ တို့နဲ့ ဆွဲဖွင့်လိုက်တာနဲ့ လက်ဗွေမှန်ရင် အလိုအလျောက် ပွင့်သွားမယ့် စနစ် ဖြစ်ပါတယ်။ ဒီတော့ iPhone ရဲ့  Home Button က လက်ဗွေ စနစ်၊ HTC One Max က နောက်ကျော လက်ဗွေ စနစ်တို့နဲ့ မတူတော့ ပါဘူး။ ဖန်သား မျက်နှာပြင်ပေါ်မှာ ပါလာမယ့် လက်ဗွေဖြင့် ထိန်းချုပ်လုံခြုံရေး စနစ် ဖြစ်ပါတယ်။ ဒီမှာက Motion ကိုပါ မှတ်သားခြင်း ဖြစါပါတယ်။

Samsung Galaxy S5 က အလူမီနီယမ် ကိုယ်ထည်နဲ့ တစ်မျိုး၊ ပလပ်စတစ် ကိုယ်ထည်နဲ့ တစ်မျိုး ထွက်ရှိမှာ ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက် Mobile World Congress မှာ မိတ်ဆက်ပြသ တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: mashable

Credit To - အောင်ခမ်း ( ရိုးရာလေး )

မူရင်လင့်ခ် - http://www.yoyarlay.com/science-tech/mobile/39950-samsung-galaxy-s5-will-be-laucnhed-on-feb-24

Monday, February 3, 2014

ဈေးသက်သာစေဖို့နဲ့ S pen အတွေ့အကြုံကို ပေးစွမ်းဖို့သာ ဆိုတဲ့ Galaxy Note 3 Neo



မျက်နှာပြင် 5.55 လက်မနဲ့ Note 3 မီနီအမျိုးအစား Note 3 Neo ဖြစ်ပါတယ်။
ဈေးသက်သာဖို့အတွက် အဓိက အချက်အနေနဲ့ ထွက်ရှိလာမဲ့ Neo ဟာ ဂလက်စီး စီးရီးတိုင်းလို့ ကြီးမားတဲ့ မျက်နှာပြင်နဲ့ Falgship ဖုန်းတစ်လုံးရဲ့ ရှိသင့်တဲ့ Specs တွေနဲ့ တော့ မဟုတ်ခဲ့ပါဘူး။

ဆမ့်ဆောင်းပိုလန် ရဲ့ တရားဝင်ထုတ်လုပ်ေ၇ာင်းချခွင့် ကိုရရှိထားတဲ့ Neo ဟာ 3G, LTE Moods တွေနဲ့ လာခဲ့တာ ဖြစ်ပြီး Android 4.3 Jelly Bean ,720p Super AMOLED တို့ဖြစ်ပါရှိခဲ့ပါတယ်။ S Pen ပါရှိတဲ့ အတွက် Air Command, S Note, Multi-Window စတဲ့ S pen နဲ့ ဆက်နွယ်တဲ့ Function တိုင်းကို ပြုမူလုပ်ဆောင်နိင်မှာ ဖြစ်ပါတယ်။

ထိုသို့ Note 3 ထက် ဈေးနှုန်းအားဖြင့် သက်သာတဲ့ Note 3 Neo ဟာ 3,100mAh battery ရှိပြီး 8MP rear camera/2MP front-facing camera ကင်မရာ, 2GB of RAM, တို့ပါဝင် ခဲ့ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ တရားဝင်မသိရသေးဘဲ ဖေဖော်ဝါရီလ အတွင်းမှာ တော့သိရှိရမှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

Credit To - Smart Pro Journal

သတင်းများကို ဖတ်ရှုနိုင်မည့် Paper app သစ်ကို Facebook မှ ဖန်တီးထုတ်လုပ်


Paper ဟုအမည်ပေးထားသည့် သတင်းသီးသန့်ကိုသာ ဖတ်ရှုနိုင်မည့် App ကို Facebook မှ ဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ App ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ (ယနေ့) တွင် iPhone User များ၌ စတင်အသုံးပြုနိုင်စေရန် လွှင့်တင်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။

Paper App ဟုအမည်ပေးထားသည့်အတိုင်း သတင်းများနှင့် သတင်းဓာတ်ပုံ
များကို Paper စာရွက်ပေါ်တွင် ဖတ်ရှုရသကဲ့သို့ ဖြစ်စေရန် ဖန်တီးရေး
ဆွဲထားသည်ဟု ဆိုသည်။ အဆိုပါ App တွင် သင့် Facecebook သူငယ်ချင်းများမှ Share သော သတင်းများ၊ ဆောင်းပါးများ၊ ဓာတ်ပုံ၊ ဗီဒီယိုများကိုပါ မြင်တွေ့နိုင်မည်ဖြစ်သည်။ သတင်းများဖော်ပြရာတွင် ဓာတ်ပုံအသားပေးပုံစံဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

အသုံးပြုသူများ အနေဖြင့် သတင်းရယူလိုသည့် Source ကို ကိုယ်ပိုင်
ဖန်တီးနိုင်သလို ထူးထူးခြားခြားပုံစံအနေဖြင့် စာရွက်ခေါက်ကို
ဖြန့်ဖွင့်ဖတ်ရသည့် Theme မျိုးကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

တစ်ဖက်နဲ့တစ်ဖက် ဖောက်ထွင်းမြင်နိုင်သည့် Menu အသွင်အပြင်ကို
မြင်တွေ့နိုင်ပြီး ဖုန်းကိုဘယ်ညာစောင်းလိုက်ရုံနဲ့ Auto Scroll လုပ်ပေးမည့် Feature တစ်ခုကိုလည်း ထည့်သွင်းပေးထားသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် iPhone များအတွက်သာ ရရှိနိုင်မည်ဖြစ်ပြီး iPad နှင့် Android App များအတွက်တော့ ခဏတာစောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

Ref : Tech First Post

Credit To - TechSpace Journal
...................................
MTT (TSJ Team)

Thursday, January 30, 2014

ကမ္ဘာ့ ပထမဦးဆုံး 'multiOS' ဟန်းဆက်

Geeksphone လို့ခေါ်တဲ့စပိန် စမတ်ဖုန်းကုမ္ပဏီက ထုတ်လုပ်မဲ့ မိုဘိုင်းဈေးကွက်အတွက် ခေတ်ရှေ့ပြေး ဖုန်းတစ်လုံးဖြစ်ပါတယ်။

Firefox OS/Android multiOS နှစ်မျိုးလုံးကို သုံးပေးထားမှာ ဖြစ်ပြီး မတူညီတဲ့ ဖုန်း ဂရပ်ဖစ် မျက်နှာပြင် နှစ်ခုကို သုံးစွဲလာနိင်တော့မှာ ဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆို Geeksphone ကုမ္ပဏီက Firefox OS brand နဲ့ Logo ကိုသုံးဖို့ လိုင်စင်မရှိပါဘူး။ သို့ပေမဲ့ Install ပြုလုပ်ခြင်းဖြင့် ရရှိနိင်အောင် ဆောင်ရွက်ပေးမှာ
ဖြစ်ပါတယ်။

သင့်ရွေးချယ်တဲ့ OS တွေကနေ OTA update တွေကိုလည်းရရှိနိင်မှာ ဖြစ်ပြီး ဆော့ဝဲ Package ကိုပါရရှိနိင်မှာ ဖြစ်ပါတယ်။

Hardware ပိုင်းအနေနဲ့ကတော့ dual-core 1.6GHz Intel Atom CPU , မျက်နှာပြင် 4.7-inch ,960 x 540 screen,

1GB of RAM နဲ့ ကင်မရာ 8-megapixel rear/2-megapixel တို့ကိုရရှိနိင်ပေမဲ့ ဈေးနှုန်းနဲ့ ရောင်းချမဲ့နေရက်တွေကို မထုတ်ပြန်သေးပါဘူး။

Aung Heine ( www.smart.com.mm

Credit To - Smart Pro Journal

Monday, January 27, 2014

သက်ပြည့် ပင်စင်စားများအတွက် စတင်ရောင်းချမည့် တန်ဖိုးနည်းမိုဘိုင်းဖုန်း


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြော်ငြာချက်အဆိုအရ

သက်ပြည့်ပင်စင် အငြိမ်းစားများအတွက် WCDMA မိုဘိုင်းဖုန်းလိုင်း ၅သောင်းခန့်ကို ငွေကျပ် (၁၅၀၀ )ဖြင့် ၂၀၁၄ခုနှစ် ဇန်န၀ါရီ လအတွက် စတင်ရောင်းချ
ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို တန်ဖိုးနည်းမိုဘိုင်းဖုန်းများလိုင်းချထားပေးနိင်ရန် အစိုးရအဖွဲ့များ၏ ကံစမ်းမဲ အစီအစဉ်ဖြင့် ဖြန်းဖြူးရောင်းချပေးသွားမှာ ဖြစ်ပြီး

လက်ရှိ မြန်မာနိင်ငံတွင် မိုဘိုင်းဖုန်းလိုင်း (၇)သောင်းကျော်ကို အသုံးပြုလျက်ရှိပြီး ထိုအထဲတွင် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်း (၃.၂ ) သန်းပါဝင်လျက်ရှိပါတယ်။


Aung Heine ( www.smart.com.mm )

အစ္စရေးတပ်ဖွဲ့ဝင်များအတွက် သီးသန့်ထုတ်လုပ်ပေးမည့် စမတ်ဖုန်း

 
ပြန်ဆိုသူ-WorldWide

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနသည် လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ရန်နှင့် ၄င်းတို့၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် Encrypted Mobile Phones 4G Handsets များထောက်ပံ့ပေးနိုင်ရန်အတွက် Motorola ကုမဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ အသစ်ထုတ်လုပ်မည့် စမတ်ဖုန်းတွင် SMS Messages ၊ Digital Media နှင့် စစ်မြေပြင်မှ ပေးပို့သော Encrypted Mail အစရှိသည့် လုပ်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းတွင် Mountain Rose စနစ်ကို အသုံးပြုမည် ဖြစ်ပါသည်။ Mountain Rose Handsets များမှာ စစ်ဘက်သုံးဖုန်းတစ်မျိုးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ စ၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယခုစနစ်အတွက် Unique Motorola နည်းပညာကို အခြေခံ၍ တည်ဆောက်သွားမည်ဟုလည်း သိရှိရပြီး အစီအစဉ်တစ်ခုလုံးအတွက် ထုတ်လုပ်ရန် ကုန်ကျငွေမှာ ဒေါ်လာ သန်း ၁၀၀ ခန့်မျော်မှန်းထားကာ ၂၀၁၆ ခုနှစ်တွင် စတင်ထွက်ပေါ်လာမည်ဟု ဆိုပါသည်။


အသုံးပြုရန်ရည်ရွယ်ထားသည့် စမတ်ဖုန်းတွင် LTE Network ကိုအသုံးပြု့မည်ဖြစ်ကာ Cellular နှင့် IP networks များအပြင် မနီးမဝေး နေရာများအတွက် Push to Talk (PTT) စနစ်များ ပါဝင်မည် ဖြစ်ပါသည်။ လက်ရှိအသုံးပြုနေသော Mountain Rose Network သည် အစ္စရေးနိုင်ငံ၏ သက်မှတ်ထားသည့် နယ်မြေအတွင်းသာ အသုံးပြုနိုင်သော်လည်း ယခုအသုံးပြုမည့် Network သည် အစ္စရေးတပ်ဖွဲ့ဝင်များအတွက် ပုံမှန်စစ်ဆင်ရေးပြုလုပ်နေကြ နေရာများအားလုံးအတွက် အသုံးပြုနိုင်မည်ဟု သိရပါသည်။


ဖုန်းတွင် Dual-core 1 GHz Processor ၊ မိနစ် ၄၀၀ ကျော်ကြာ၊သို့မဟုတ် နာရီ ၅၀၀ အသင့်အနေအထား ဖြစ်စေရန်ထောက်ပံ့ပေးနိုင်မည့် စွမ်းဆောင်ရည်မြင့်မားသော ဘက်ထရီ (3760mAh) များ ပါဝင်မည်ဖြစ်ပါသည်။ Andriod စနစ်အသုံးပြုမည်ဖြစ်ကာ မျက်နှာပြင်မှာ ၄ လက်မ အရွယ်အစား ရှိပါသည်။ ကင်မရာအနေဖြင့် 8 Megapixel ပါဝင်ပြီး GPS လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုထုတ်လုပ်မည့်စမတ်ဖုန်းသည် အနာဂတ်စစ်မြေပြင်အတွက် ပြုပြင်ပြေင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု လည်း သုံးသပ်နေကြပါသည်။

======================================
Ref:
http://defense-update.com/20140101_idf-spend-100-million-modernizing-secure-smartphones.html &
TechSpace Journal

Thursday, January 23, 2014

ဖုန်းကိုင်သော သူများအတွက် သိထားသင့်သောအကြောင်းရာ လေးများ


ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာ လေးများ မိုဘိုင်းဖုန်း တစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံး ရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများ ပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်းငယ်ကို ဖော်
ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံပါတ်ဖြစ် ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက်
ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ ကားအသုံးပြု သူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာ ကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိ မိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ်ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့် သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်
ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန် ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခုကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။

ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့
သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါတယ်။

တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်း အသုံးပြု မယ့်သူ တွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ် တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့် မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်
ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန်မှာပြုပြင် ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset
lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။

မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ။

Source: Myanmar Market Economy
Powered by >> www.myanmarcutegirl.com <<

Related Posts Plugin for WordPress, Blogger...