ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Showing posts with label mobile knowledge. Show all posts
Showing posts with label mobile knowledge. Show all posts

Monday, February 17, 2014

ပျဉ်းမနားသားBlogမှDownloadလုပ်မည့်သူများမဖြစ်မနေဖတ်ပေးပါ


Download ပြုလုပ်လို့မတတ်ပါဘူးဆိုတဲ့ သူများအတွက် ဒေါင်းနည်းများတင်ပေးလိုက်ပါတယ်...ကျနော်တို့
ဖိုင်တွေကိုတင်ရင် ADSL , WCDMA , CDMA , GSM ဒီအင်တာနက်လိုင်းများကို သုံးပြီးတော့သာ ဖိုင်တွေကိုတင်ပေးပါတယ်...တကယ်လို့မိမိဒေါင်းသည့်ဖိုင်သည် Access Denied ပြနေလျှင်မိမိရဲ့အင်တာ
နက်လိုင်းကြောင့်သာဖြစ်ပါတယ်...

- Download မရဘူးဆိုရင် "ဒေါင်းမရဘူး" လို့အော်သွားတာထက် မိမိကိုယ်တိုင်က မည်သို့မည်ပုံဒေါင်းတယ်..ဒေါင်းလိုက်ရင် ဘယ်လို Error တက်တယ်ဆိုတာ အသေးစိတ်ပြောစေချင်ပါတယ်..ဒီလိုအသေးစိတ် ပြောပြပေးသော Comment များကိုအမြန်ဆုံးစစ်ဆေးဖြေ
ရှင်းပေးမှာဖြစ်ပြီး ပြီးစလွယ်ပြောသွားသော Comment များကို စဉ်းစားဖြေရှင်းပေးမှာမဟုတ်ပါ..ကျနော်တို့
မှာ Download Link ပေါင်းများစွာကို ထိန်းချုပ်နေရတဲ့အတွက် အခုလိုပြောပြခိုင်းရခြင်းဖြစ်ပါတယ်။

- Mediafire မှမတင်ခိုင်းပါနှင့်... နည်းပညာသမားများအတွက် Mediafire သည် မဟာရန်သူတော်ဖြစ်ပါ
တယ်.. အဲဒီမှာတင်တဲ့ဖိုင်တွေသည် ဒေါင်းရင်လွယ်ပါတယ်..မြန်ပါတယ်..Crack , Keygen ဖိုင်တွေအဲဒီ
မှာလုံးဝ လုံးဝတင်ပေးလို့မရပါ..တစ်လအတွင်းပျက်ပါတယ်...နည်းပညာသမားတိုင်းလက်တွေ့ခံစားခဲ့
ရသော Mediafire ဖြစ်ပါတယ်။

- မည်သည့်ဝါရင်သည့်နည်းပညာသမားမဆို တင်ထားသည့်ဖိုင်များ ကြာရှည်ခံမည့် နေရာများ ဥပမာ Solidfiles , Verzend.be , uppit.com , tusifles စသည်တို့ကိုသာရွေးချယ်ကြပါတယ်..အဲဒီမှာဘဲတင်ကြ
တာများပါတယ်..ဒီနေရာတွေက ဒေါင်းရတာအင်မတန်မှအဆင်ပြေပါတယ်... အခြားနိုင်ငံခြားဆိုဒ်တွေမှာ
လိုက်ဒေါင်းကြည့်ပါ...ဖိုင်လေးတစ်ခုကိုဒေါင်းရဖို့အတွက် ဘယ်လောက်တောင်ခက်ခဲသည်ဆိုတာ ဒေါင်း
ဖူးသူများ သိကြပါတယ်..

- ဒါကြောင့် ဒါလောက်လွယ်ကူတဲ့နေရာများမှာတင်ထားပေးကြတာဖြစ်တဲ့အတွက် ဒေါင်းတဲ့သူဘက်က
လည်း မိမိရဲ့ညှစ်အားကို နည်းနည်းလောက်အသုံးပြုဖို့အကြံပြုပြောကြားလိုပါတယ်..

-နောက်ဆုံးပြောပြလိုတာက www.solidfiles.com မှာတင်ထားသည့်ဖိုင်များသည် အလွန်အင်မတန်မှ
Link သေခဲပါသည်..ဒေါင်းရတာလဲအဆင်ပြေပါသည်..သို့သော် တစ်ခါတစ်ရံ 505 Tempo Error တက်
ပြီးဒေါင်းမရဖြစ်တတ်ပါသည်..ထိုသို့ဖြစ်ရင် နောက် 24 နာရီပြည့်မှ လာဒေါင်းပါ..ဒါမှမဟုတ် အခြားနေရာ
နယ်မြေက သူငယ်ချင်းကိုဒေါင်းခိုင်းပြီး အခြားမိမိနှစ်သက်တဲ့နေရာမှာပြန်တင်ခိုင်းပါ..

-နည်းပညာသမားများကတော့ အများအတွက်..ရေရှည်အတွက် ကိုကြည့်ပြီး Link သေခဲသည့်နေရာများ
တွင်သာ တင်ကြမှာဘဲဖြစ်ပါတယ်...အလွယ်ရတဲ့နေရာမှာတင်လို့ Link သေသွားရင် ဘယ်လိုမှပြန်တင်
ဖို့မလွယ်ကူသလို..Website ပိုင်ရှင်အပေါ်ကိုလည်း လေးစားမှု အားထားမှုလျော့ကျသွားမှာဖြစ်ပါတယ်..
ထို့အပြင် စုတ်ပြတ်သတ်နေတဲ့ မြန်မာအင်တာနက်လိုင်းကိုအသုံးပြုနေကြခြင်းဖြစ်သည့်အတွက် နောက်
တစ်ခါထပ်တင်ပေးဖို့က ပိုလိုတောင်မဖြစ်နိုင်ပါသေးတယ်...အခု Download ပြုလုပ်နည်းများတင်ပေး
လိုက်ပါတယ်။ အဆင်ပြေကြပါစေ


Adf.ly
 Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို
တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ
ဥပမာ http://adf.ly/Pq94y လင့်မျိုးပေါ့
အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
5 second လောက်စောင့်ပေးရမယ်
 
ပြီးမှ SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
 
ဒါက ADF.LY ကျော်နည်းလေးပါ 
Adfoc.us လည်းဒီအတိုင်းပါဘဲ... 6 စက္ကန့်စောင့်ပြီး SKIP နှိပ်လိုက်တာနဲ့ ဒေါင်းရမယ့်နေရာကို ရောက်ပါလိမ့်မယ်.. SKIP မပေါ်ဘူးဆိုရင် ထပ်မံပြီး Loading ပြန်လုပ်ပါပေါ်လာပါလိမ့်မယ်။

 
TusFile မှဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Share Beast မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Zippyshare မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
VERZEND.BE မှ ဒေါင်းနည်း

Uppit.com မှဒေါင်းလိုလျှင်
6စက္ကန့်စောင့်ပြီး Generate Link ကိုနှိပ်လိုက်ရင် Download ဆိုတာလေးပေါ်လာပါလိမ့်မယ်။ဒေါင်းနိုင်ပါပြီ
Fileswap မှဒေါင်းလိုလျှင်
 Slow Download ဆိုတာကို နှိပ်ပြီးဒေါင်းရုံပါ
Solidfiles မှဒေါင်းလိုလျှင် 
 Download (  MB )  ဆိုတဲ့ခလုပ်အစိမ်းကိုနှိပ်ပါ
တစ်ခါတစ်ရံ 505 Tempo Error တက်လျှင်ဒေါင်းမရတတ်ပါ.. Link သေတာမဟုတ်ပါဘူး..နောက်တစ်နေ့မှဒေါင်းပါ။

4Shared မှာ Download ပြုလုပ်ချင်ရင်တော့ http://www.mmithelper.com/2013/09/4-shared-download.html မှာကြည့်ပါ
ကဲ..ကျနော်ကတော့ ဘယ်လိုဒေါင်းရမယ်ဆိုတာတွေပြောပြီးသွားပါပြီ...အပြည့်စုံဆုံးပြောပြထားခြင်းပါ 
အားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်မျာ.
Credit To - ( Myanmar IT Helper )

Friday, February 14, 2014

iTunes cannot detect iPhone ပြဿနာ ဖြေရှင်းနည်းများ


iPhone, iPad အစရှိသော iDevices များကို အသုံးပြုနေသူများ တစ်ခါတစ်ရံ အခန့်မသင့်သည့် အခါမျိုးတွင် မိမိကွန်ပျူတာရှိ iTunes က မိမိ၏ iPhone, iPad တို့ကို မသိတော့ပဲ "iTunes cannot detect iPhone device" အဖြစ်မျိုး၊ Detect သိသော်လည်း App များကို Sync လုပ်၍မရသော အဖြစ်မျိုးများကို ကြုံတွေ့ရတတ်ပါတယ်...

ယခုလိုဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်၊ Connection Cable ၏ ချို့ယွင်းမှုကြောင့်သော်၎င်း၊ မိမိ၏ ကွန်ပျူတာတွင် Driver သွင်းယူမှု မမှန်ကန်ခြင်း၊ Device ၏ Hardware ပိုင်းမှာ ပြဿနာရှိနေခြင်း စတဲ့ မတူနိုင်တဲ့ အခြေအနေတွေများကြောင့် ယခုလို Detect မသိတော့တဲ့ ပြဿနာ ဖြစ်ပေါ်တတ်ပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် Hardware ပြဿနာက လွဲ၍ "iTunes cannot detect iPhone device" ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အစုံစုံကို စုစည်း၍ ဖော်ပြပေးလိုက်ပါတယ်...

ပြဿနာ (၁)
iPhone ကို iTunes နှင့် ချိပ်ဆက်လိုက်သောအခါ iTunes က Detect သိနေသေည်လည်း Applications များကို "Sync" လုပ်၍မရခြင်း

အကြောင်းရင်း : iPhone ၏ Setting တွင် Applications restriction ကို ဖွင့်ထားသောကြောင့် ဖြစ်ပါသည်။

ဖြေရှင်းရန်
Settings -> General -> Restrictions -> Disable Restrictions




ပြဿနာ (၂)
iTunes က မိမိ၏ iPhone ကို Detect မသိတော့ခြင်း

အကြောင်းအရင်း : iPhone တွင် Cydia ထဲမှနေ၍ Tweak တစ်ခုခုသော်၎င်း၊ Tool တစ်ခုခုသော်၎င်း သွင်းယူထားမိ၍ ဖြစ်ပါသည်။

ဖြေရှင်းရန်
အဆိုပါ Tewak / Tool ကို Cydia မှ ပြန်လည် Remove/Uninstall လုပ်ပါ။


ပြဿနာ (၃)
iTunes က မိမိ၏ iPhone ကို လုံးဝ Detect မသိတော့ခြင်း

ဖြေရှင်းရန်
Temp file များကို ဖျက်ပစ်ခြင်းနှင့် ပြေလည်နိုင်ပါလိမ့်မည်။

Window XP အတွက်
မိမိ Computer ၏ (C:\Documents and Settings\Username \Local Settings\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် (အချို့ ဖျက်မရသော File များရှိနေပါက Skip လုပ်ပါ) iTunes ကို ပြန်ဖွင့်ပါ။

Window 7 & Vista အတွက်
မိမိ Computer ၏ (C:\Users\Username\AppData\Local\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် iTunes ကို ပြန်ဖွင့်ပါ။
မှတ်ချက်။ ။ "AppData" folder ကို မြင်နိုင်ရန် Folder Options -> View တွင် Show hidden files and.... ကို ရွေးထားပေးရန်လိုသည်။


ပြဿနာ (၄)
တစ်စုံတစ်ခုကြောင့် iPhone ကို Detect မသိတော့ခြင်း

ဖြေရှင်းရန်
iFunBox, iFile, iTool အစရှိသော third party software များကို အသုံးပြု၍ (/var/mobile/Media/iTunes_Control) တွင်းမှ Files & Folders များကို ဖျက်ပစ်ပါ။


ပြဿနာ (၅)
iPhone က အခြား Computer များတွင် Detect လုပ်နိုင်သော်လည်း မိမိ Computer တွင်မသိခြင်း

ဖြေရှင်းရန်
အောက်ပါ အဆင့်များအတိုင်း iTunes ကို Uninsatll လုပ်ပါ။
     1. iTunes
     2. QuickTime
     3. Apple Software Update
     4. Apple Mobile Device Support
     5. Bonjour
     6. Apple Application Support
     7. Restart PC

ပြီးပါက iTunes နောက်ဆုံး ဗားရှင်းကို ဤနေရာတွင် Download လုပ်ပြီး Install ပြန်လုပ်ပါ။

iTunes Detect မသိခြင်း ပြဿနားများကို ချောမွေ့စွာ ဖြေရှင်းနိုင်ကြပါစေ...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Import Downloaded Music & Videos to Media Library without iTunes


ပုံမှန်အားဖြင့် ကျွန်တော်တို့၏ iDevice သို့ internet မှ download လုပ်ထားသော (သို့) email နှင့်အတူ တွဲပို့လာသော သီချင်း ဗီဒီယိုတို့ကို Download လုပ်ပြီးနောက် ဖွင့်လိုသောအခါ iDevice ၏ media library တွင် မပွင့်ပဲ အခြား third party player များ အသုံးပြု၍ download ချခဲ့သော လမ်းကြောင်းမှ သီခြားဖွင့်နိုင်ပါတယ်...

Media Library ထဲသို့ ယင်းဖိုင်များကို ထည့်သွင်းရန် iTunes ကိုအသုံးပြု၍ ပြန်လည် 'Sync' လုပ်ရပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ iPhone, iPad ,iPodTouch များတွင်းသို့ သီချင်း၊ ဗီဒီယို ဖိုင်များကို မိမိ၏ Media Library ထဲသို့ iTunes နှင့် ကွန်ပျူတာသုံးရန် မလိုပဲ ထည့်သွင်းနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။

Cydia Store ၏ App တစ်ခုဖြစ်သော "Bridge" ကို အသုံးပြုရမှာ ဖြစ်တဲ့အတွက် iDevice ကို Jailbreak လုပ်ထားရန် လိုအပ်ပါသည်။
"Bridge v 1.1.4" သည် iOS 5.1.1 မှ iOS 7+ iDevice များတွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး (64bit) ကိုပါ support လုပ်ထားပါတယ်..

Cydia ရဲ့ ပထမဦးဆုံး stand-alone App တစ်ခုဖြစ်တဲ့ "Bridge" က ရုပ်ရှင်၊ သီချင်းဖိုင်တို့ကို iTunes, PC မလိုပဲ မိမိ၏ iDevice ထဲမှာပင် media library ထဲသို့ ပြောင်းရွေ့ ပေးပါလိမ့်မည်။

လုပ်ဆောင်ချက်များ

  •      (iOS 7+) သမားများအတွက် import လုပ်ထားသော media file များကို iTunes နှင့် ပြန်လည်၍ sync လုပ်ပေးပါလိမ့်မည်။
  •      သီချင်း အပုဒ်ရေအများကြီးကို တစ်ပြိုင်နက် import လုပ်နိုင်ခြင်း
  •      Import မလုပ်မီ Preview ကြည့်ရှုနိုင်ခြင်း
  •      သီချင်းနှင့် ဗီဒီယိုဖိုင်များကို import မလုပ်မီတွင် Title, Artist, Album နှင့် Cover image တို့ကို ရွေးချယ် သတ်မှတ်နိုင်ခြင်း
  •      Import လုပ်သည့်အခါ Song, Ringtone, Podcast, Video, Music Video, or TV-Show အစရှိသော library type ကို ရွေးချယ်ပေးနိုင်ခြင်း တို့ကို တွေ့မြင်ရပါလိမ့်မည်...


အောက်ဖော်ပြပါ screenshot သည် "iDownloas+" နှင့် download လုပ်ထားသော Movie file တစ်ခုကို Media Library ထဲသို့ ထည့်သွင်းခြင်းဖြစ်ပါသည်..





Home screen ရှိ "Videos" (Stock App) ၏ library ထဲတွင် အောင်မြင်စွာ ရောက်ရှိသွားတာကို မြင်တွေ့ရပါလိမ့်မည်....

**သတိပြုရန်**
"Bridge" ကို install လုပ်နေစဉ်တွင် license download လုပ်နိုင်ရန် 3G/WiFi တစ်ခုခုနှင့် ချိပ်ဆက်ထားပါ။

>> Download Bridge v1.1.4 (.deb)

Cydia Source မှ တိုက်ရိုက်ထည့်သွင်းရန် : repo.insanelyi.com/

>> .dbe file များကို အလွယ်ဆုံး Install လုပ်နည်း




Credit to : Fabius


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

Credit To - မိုးသိကြား

Activation ကို ကျော်ခွ၍ iOS 7+ ကို သွင်းယူနည်း

iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် Activation screen ကို Bypass ကျော်လွှားနိုင်မယ့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။

ယခု နည်းလမ်းလေးကို iDevice များအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ပဲ "iPhone 4" တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးပြီး iOS 4+, 5+, 6+, 7+ နှင့် UDID Register မရှိတဲ့ Beta Developer iOS version များမှာပါ အလုပ် လုပ်နိုင်ပါလိမ့်မယ်..

လုပ်ငန်းစဉ်အဆင့်များကို တစ်ဆင့်ခြင်း လိုက်နာလုပ်ဆောင်မည်ဆိုပါက မည်သူမဆို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤနေရာတွင် WinScp ကို အတွေ့အကြုံရှိပြီး အသုံးပြုထားဖူးသူများ အနေနှင့် ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်..

>> Download iCloudByPass_iPhone_4.rar

လုပ်ငန်းစဉ်များ မစတင်မီ Download လုပ်ထားသော "iCloudByPass_iPhone_4" Folder ထဲမှ WinScp, TinyUmbrella တို့ကို ဦးစွာပထမ PC တွင် Install လုပ်ပါ။

"SSH_ram_iPhone4.jar" နှင့် "SSH_ram_iPhone4_RevA.jar" တွင် "..RevA.jar" java file သည် iPhone 4 (8Gb) အတွက် သုံးရန်ဖြစ်ပါသည်..

>> လုပ်ငန်းစဉ်အဆင့်များ <<

အဆင့် ၁)
iPhone ကို PC နှင့် ချိပ်ဆက်မထားသေးပဲ "SSH_ram_iPhone4.jar" (သို့) "SSH_ram_iPhone4_RevA.jar" ကို Run ပါ။



အဆင့် ၂)
iPhone ကို PC နှင့် ချိပ်ဆက်၍ DFU mode ဝင်ပါ။
အောက်ဖော်ပြပါပုံအတိုင်း "Success!......" အစရှိသော အစိမ်းရောင် စာတန်းပေါ်လာသည်ထိ စောင့်နေပါ။


အဆင့် ၃)
iPhone တွင် Apple Logo နှင့် ဘားတန်းလေး ဖော်ပြပါပုံအတိုင်း ပေါ်လာပါမည်။


အဆင့် ၄)
PC မှ နေ၍ WinScp ကို Run ပြီး အောက်ပါအတိုင်း ဖြည့်စွက်ပါ။
  • Host name: localhost
  • Port number: 2022
  • User name: root
  • Password: alpine
ဟုပေးပြီး "Login" နှိပ်ပါ။


အဆင့် ၅)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကိုဖွင့်ပါ။
ထို့နောက် "mount.sh" ဟု ရိုက်ပြီး Execute လုပ်ပါ။


အဆင့် ၆)
"mnt1" folder ကို ရှာပါ (တိုက်ရိုက် မတွေ့လျှင် Back arrow နှင့် ရှာပါ)


အဆင့် ၇)
"mnt1 -> Applications -> Setup.app ကို မိမိ PC ၏ အခြားနေရာတစ်ခုတွင် Backup အဖြစ် Save လုပ်ပါ။
Save သိမ်းပြီးနောက် iPhone ထဲမှ "Setup.app" ကို Delete ဖျက်ပစ်ပါ။


အဆင့် ၈)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကို ပြန်ဖွင့်ပါ။
ထို့နောက် "halt" ဟု ရိုက်ပြီး Execute လုပ်ပါ။
ယခုအခါတွင် iPhone သည် Recover mode ပြောင်းသွားပါမည်။

အဆင့် ၉)
PC မှ TinyUmbrella ကို ဖွင့်၍ ဘယ်ဖက်ခြမ်းမှ မိမိ၏ iPhone ကိုရွေးပြီး "EXIT RECOVERY" နှင့် ထွက်လိုက်ပါ။


အဆင့် ၁၀)
iTunes နှင့် ချိပ်ဆက်ကာ iOS 7+ ကို Restore လုပ်နိုင်သွားပြီး iCloud Activation ကို အောင်မြင်စွာ ကျော်လွန်နိုင်သွားပါပြီ..

အားလုံးပဲ Activation ကို ချောမွေလွယ်ကူစွာ ဖြတ်ကျော်နိုင်ကြပါစေ.. Good Luck!!


Credit to : Camilo Rodrigues


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
 
Credit To - မိုးသိကြား

Thursday, February 13, 2014

Android applicationများ နှင့် IT & Mobile နည်းပညာများ လေ့လာနိုင်သော websites တစ်ချို့


Android application များ အခမဲ့ ရယူနိုင်ခြင်း နှင့် IT & Mobile နည်းပညာများ လေ့လာနိုင်သော
websites တစ်ချို့ကို ရေးပေးလိုက်ပါတယ်။

www.andropalace.net ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.slideme.org ( အသုံးဝင် app များစွာ ရယူနိုင်သည် )

www.apkmania.co ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.pro-apk.blogspot.com ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.papktop.com ( apps & games များ ရယူနိုင်သည် )

www.1mobile.com ( free app & games များ ရယူနိုင်သည် )

www.apk4.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.apkfunclub.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.appsroid.com ( apps & games များ ရယူနိုင်သည် )

www.android.mob.org ( အသစ်ထွက်ဂိမ်းများ နေ့စဉ်တင်ပေးသည် )

www.forum.xda-developers.com ( Android သတင်းနှင့် နည်းပညာများ ဖတ်ရှုလေ့လာနိုင်သည် )

www.androidcentral.com ( Android သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.androidauthority.com ( Android latest သတင်းများ နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.myanmarmobileapp.com ( apps , games နှင့် သတင်းများ ရယူနိုင်သည် )

www.freemyanmarandroidmarket.blogspot.com/p/market.html ( မြန်မာ app များ ရယူနိုင်သည် )

www.androidgame-software.tk ( apps & games များ ရယူနိုင်သည် )

www.facebook.com/happyandroidworld ( Page ကိုလဲ ကြေငြာမယ် .. App တွေ ရယူနိုင်သည် )

www.myanmarmobileapp.com ( Mobile သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )

www.nyinaymin.org ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.thitsankhant.com ( Mobile နည်းပညာများ လေ့လာနိုင်သည် )

www.maungpauk.org ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.myanmarmobilesoftwaredeveloper.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.amyokaungtarr.com ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.moiblehouse.blogspot.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.mmithelper.com ( IT & Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.pyaephyo.com ( IT နှင့် Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.myanmarmobilehelpergroup.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.blog.myanmarmobileusers.com ( Mobile နည်းပညာများ လေ့လာရယူနိုင်သည် )

www.mmsoftwarecity.blogspot.com ( IT & Mobile software များ လေ့လာရယူနိုင်သည် )

Credit 》》》 ပျော်ရွင်စရာ Android ကမ္ဘာ

ကိုယ်အပူချိန်သုံး အားဖြည့်နိုင်မယ့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
Ref:techblog

Credit To - အောင်ခမ်း (ရိုးရာလေး)

Wednesday, February 12, 2014

phone sim unlock လုပ်ချင်သူများအတွက်

 
sim unlock code ကိုတွက်ချက်ပေးမဲ့  software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...ဒီနေရာမှာ SIM LOCK ဆိုတာနားမလည်သေးတဲ့ သူတွေအနေနဲ့ ကျွန်တော် ဘလော့ မှာအသေးစိတ်ရေးထားတာလေးကို ဒီမှာ ဝင်ဖတ်ပေးပါ။
လိုအပ်ချက်အနေနဲ့ ကတော့ 
==========================
1 . ROOT လုပ်ထားရပါမယ်။
2. အရင်ဆုံး sim unlock လုပ်ဖို့ အတွက်Android Terminal Emulator ကိုအရင် ဒေါင်းထားပါ။
3. မိမိတို့  ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ 
 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =
Terminal Emulator app ကိုဖွင့် ပြီး
 su [enter]

strings -n 8 /dev/block/mmcblk0p6[enter] ကိုနိုပ်ပေးပါ။ ဒါဆိုရင် မိမိရဲ့  IMEI 
နံပါတ်ပါတာတစ်ခုကိုတွေ့ ရပါလိမ့် မယ်... [ဥပမာ] UN_Lock_code = 063312345 
မျိုးပေါ်လာပါလိမ့် မယ်.
  
ဒါဆိုရင်တော့  ....UNLOCK ကုဒ်ရပါပြီ။......
 ဒီဆော့ ဝဲလေးကို မိမိတို့  pc မှာ install လုပ်ထားပေးပါ...ဖုန်းနှင့် ချိတ်စရာမလိုပါဘူးခင်ဗျာ...
အပေါ်က UN LOCK CODE နေရာမှာမိမိတို့ ရရှိထားတဲ့ ကုဒ်ကို  ဖြည့် ပေးလိုက်ပါ..အောက်မှာ IMEI နံပါတ်ကို နောက်ဆုံး ( ၇ ) လုံးကိုထည့် ပေးလိုက်ပါ။
ပြီးရင် OK နိုပ်တာနှင့် .....အောက်မှာ SIM UNLOCK ကုဒ်ထွက်ပေါ်လာပါလိမ့် မယ်....
မိမိတို့ ဖုန်းကို SIM UNLOCK လုပ်ဖို့ အတွက်ဖုန်းကိုပါဝါပိတ်ပြီး  SIM CARD 
ကိုထုတ်လိုက်ပါ။။။ နောက်မိမိအသုံးပြုလိုတဲ့  SIM CARD ကိုထည့်  လိုက်ပါ...ပြီးရင် အပေါ်က ရထားတဲ့  
SIM UNLOCK ကုဒ်ကိုရိုက်ထည့် ပေးလိုက်ပါ........ဖုန်း REBOOT 
ကျပြီးပြန်တာလာတာနှင့် မိမိတို့ ဖုန်းကိုအသုံးပြုလို့ ရပါပြီ...


ဒီပိုစ်လေးကို အမြဲသိမ်းထားချင်တယ်ဆိုရင် ဒီမှာ ဒေါင်းပါ။

အသစ်တင်တိုင်း FACEBOOK ကနေအားပေးမယ်ဆိုရင် ဒီမှာ LIKE လုပ်ပေးပါ။
 Credit To - စိုင်းသူ
www.saithu102.blogspot.com

Tuesday, February 11, 2014

Remove iphone Activation Lock on iOS 7 ( iOS7 မှာ Activation Lock ကျနေရင် ဖြည်နည်း)

 
ဒီနည်းလမ်းကို ရေးပေးလိုက်တာကတော့ ညီလေးတစ်ယောက် facebook မှာ ဖုန်းအသစ်ကြီး lock ကျနေလို့ ဆိုပြီး အကူညီတောင်းထားတွေ့လို့ ရှာရင်းနဲ့ အဆင်အပြေဆုံးနည်းလမ်းလေးမို့ မျှဝေပေးတာပါ ။ အကူညီက ကျွန်တော့ကိုတောင်းတာမဟုတ်ပါဘူး ကိုယ်ကကို မနေနိုင်မထိုင်နိုင်နဲ့ပါ။
sim ကိုမထုတ်ပဲ လုပ် တဲ့နည်းက စိတ်ရှည်လက်ရှည်နဲ့ block လုပ်ရပါမယ်။ sim ကိုထုတ်ပြီးလုပ်တဲ့နည်းလမ်းကတော့ block က တစ်ခါပဲလုပ်ပြီး sim ပြန်ထည့်ပြီး activate ပြန်လုပ်ပေးရပါမယ်ခင်ဗျာ။


အရင်ဆုံး
၁ Home ကိုနှိပ်ပြီး
၂ Emergency Call ကိုနှိပ်ပါ။
၃ 112 နှိပ်ပြီး Call ပါ။
၎ call ပြီဆိုရင် power ကိုနှစ်ချက် မြန်မြန်နှိပ်ပါ။
၅ ဖုန်းက sleep mode ဖြစ်သွားရင် home ကိုနှိပ်ပြီး slide ဆွဲပါ။
၆ all contacts မြင်ရရင် home ကို သုံးချက်မြန်မြန်နှိပ်ပါ။
၇ Slect ဖြစ်သွားရင် no name ကို တစ်ချက်နှိပ်ပြီ နောက်ထပ် သုံးချက်မြန်မြန်နှိပ်ပါ။
၈ Block this Carrier ကို ရွေးပြီး သုံးချက်မြန်မြန်ထပ်နှိပ်ပါ။
၉ Block Contacts ကို ရွေးပြီး သုံးချက်မြန်မြန်နှိပ်ပါ။ Activation lock ပွင့်သွားပါလိမ့်မယ် မပွင့်မချင်း block Contacts ကိုနှိပ်ပေးရန်လိုအပ်ပါတယ်။ no name နှစ်ခုဖြစ်နေတယ်ဆိုရင် တစ်ခုကို လေးငါးကြိမ်လောက် အရင်လုပ်ပါ မရမှ အပေါ်ဆုံး back မျှားလေးကို နှိပ်ပြီး နောက် no name ကို ရွေးပြီး ထပ်လုပ်ကြည့်ပါ ။ အဆင်ပြေသွားပါလိမ့်မယ် ။ အကြိမ်ကြိမ် လုပ်မကြည့်ချင်ဘူးဆိုသူတွေကတော့ sim မထည့်ပဲ
new contacts create done မှ Block this Contacts ကို block လုပ်ပေးပါ။ တစ်ကြိမ်ထဲ လုပ်ရမှာပါ။ lock ပွင့်သွားမှ home ပြန်နှိပ်ပေးပါ။ application တစ်ခုကိုဖွင့်ပြီး ပါဝါ နှိပ်ပြီး ပြန်ဖွင့်ပါ။ sim activate ပြန်လုပ်တဲ့ နေရာ ရောက်သွားပါလိမ့်မယ်ခင်ဗျာ သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေခင်ဗျာ ။
တွေ့တာလေး ပြန်လည်မျှဝေပေးတာပါ စမ်းစရာအလုံးတော့မရှိပါဘူး အမှားပါရင်ခွင့်လွှတ်ပေးပါခင်ဗျာ။



အဆင်ပြေပါစေ..


Credit To -မောင်ပေါက်< Knowledge Note >
www.maungpauk.org


Video file ဒေါင်းကြည့်ရန် :  MB
Download Link


Credit to : ကိုကိုဝင်း ( ပြည် )

စတိဗ်ဂျော့နှင့် ပက်သက်၍ လူသိနည်းသော အချက် ၁၀ချက်


Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။
၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။
၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။
၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။
၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။
၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။
၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။
၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။
၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်း တို့ ဖြစ်ပြီး ဂျော့ ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက် ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။
—–
Ref: gizmocrazed.com
အောင်ခမ်း ( smart.com.mm )
Ref:Smart Pro Journal

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်


ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။
တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။
SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။
ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Ref:YOYARLAY

IMEI အကြောင်း


IMEI (international Mobile Equipment Identity)  
ဆိုတာ ဖုန်းတစ်လုံးစီရဲ့ သီးသန့် နံပါတ်ပါ၊ လူတွေရဲ့  
မှတ်ပုံတင်နံပါတ်လိုပါပဲ၊ ဒါပေမယ့် တစ်ချို့က ဂဏန်း 
၁၇ လုံးလဲရှိပါတယ်၊ ဖုန်းတစ်လုံးကို ပျောက်ဆုံး 
သည်ဖြစ်စေ အခိုးခံရသည်ဖြစ်စေ ဖုန်းဘယ်နေရာမှာ 
ရှိလဲဆိုတာကို ခြေရာခံဖို့ ပြန်ရှာဖို့ အတွက် 
IMEI ကိုသုံးပါတယ်၊ SIM card ကို မသုံးရခြင်း 
ကတော့ SIM card က ဖျေက်ရလွယ်ထုတ်ရလွယ်လို့ပါ၊
nv_data.bin ဖိုင် ပြသနာ တက်ရင် IMEI နံပါတ် 
အတုပြောင်းသွား တတ်သလို ပျက်သွားတတ်ပါတယ်၊  
အခြား ပြသနာတွေကြောင့်လဲဖြစ်နိုင်ပါတယ်၊ ဒီမှာတော့  
သိသလောက်ပဲပြောသွားမယ်၊

ပထမ ဂဏန်း ၁၄ လုံးက GSM association က သတ်မှတ်ပီးတော့ ၊ 
နောက်ဆုံး ဂဏန်း တစ်လုံးကတော့ Luhn Formula 
သုံးပီးတွက်ထားပါတယ်၊ base-8 Math ကိုသုံးပီးတွက်ထားပါတယ်၊ 

IMEI ကိုရှာတွေ့နိုင်တဲ့ နေရာတွေ အကြောင်း
IMEI ကိုရှာနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်၊ 
အလွယ်ရှာနိုင်တဲ့ နေရာတွေကတော့ ဖုန် 
setting ထဲက about မှာရှာနိုင်သလို ၊ 
Battery မှာလဲ ပါတယ်၊ ဖုန်းဝယ်တုန်းက 
ဖုန်းထည့်တဲ့ သတ္တာမှာလဲ တွေ့နိုင်တယ်၊ 
ဖုန်းမှာ *#06# ကိုနှိပ်ပီးလဲရှာနိုင်ပါတယ်၊
 
IMEI နံပါတ်တွေကို ဘယ်လို အချိန်မှာ အသုံးပြုလဲ
Network ကိုထိန်းချုပ်ဖို့ အတွက် IMEI ကိုသုံးပါတယ်၊ Mobile Operator တွေကို IMEI နံပါတ်တွေကိုသုံးပီးတော့ ဖုန်းကို လှမ်းပိတ်နိုင်ပါတယ်၊ အထူးသဖြင့် ဖုန်းအခိုးခံရတဲ့ အခါမျိုးမှာပါ၊ ရာဇ၀တ်မှူနဲ့ စက်ဆက်တဲ့ လူတွေရဲ့ ဖုန်းနံပါတ်တွေကိုလဲ ခြေရာခံဖို့ အတွက်လဲသုံးကြပါတယ်၊ ဒီလိုသုံးဖို့ Phone Database တည်ဆောက်သွားရမှာဖြစ်ပါတယ်၊
IMEI အပြောင်းအလဲ
များမကြာမှီ ကာလအပိုင်းအခြားမှာ GSM Association တွေက IMEI ဂဏန်းတွေကို IMEISV နံပါတ်တွေနဲ့ ပြောင်းသုံးသွားကြမှာပါ၊ IMEI နဲ့ IMEISV တို့ ရဲ့ အသုံးပြုမယ့် လိုအပ်ချက်တူပေမယ့် ဂဏန်း တွက်ချက်မူ စနစ်တော့ကွာသွားပါလိမ့်မယ်၊ IMEISV မှာတော့ Luhn Formula သုံးပီး ဂဏန်း တွက်တဲ့ စနစ်ကိုပြောင်းပီး Software version နံပါတ် နှစ်လုံးကိုသုံးသွားပါလိမ့်မယ်၊
IMEI Number တွေကို Application ရေးပီးရှာမယ်

အရင်ဆုံး Eclipse project တစ်ခုကိုတည်ဆောက်လိုက်ပါ၊
XML ဖိုင်ထဲမှာ activity Layout ကို Linear Layout ပြောင်းလိုက်ပါ၊ (မပြောင်းလဲ ကိစ္စမရှိဘူး) ၊ TextView တစ်ခုထည့်ပါ၊ TextView ရဲ့ ID ကို tvIMEI လို့ပေးလိုက်ပါ၊ အောက်က အတိုင်း၊
<LinearLayout xmlns:android="http://schemas.android.com/apk/res/android"
xmlns:tools="http://schemas.android.com/tools"
android:id="@+id/LinearLayout1"
android:layout_width="match_parent"
android:layout_height="match_parent"
android:orientation="vertical"
tools:context=".Main" >
<TextView
android:id="@+id/tvIMEI"
android:layout_width="wrap_content"
android:layout_height="wrap_content"
android:text="TextView" />
</LinearLayout>


Main.java ဖိုင်ကိုတည်ဆောက်ပီး Activity ကို Extends လုပ်ပါ၊ ပီးရင် Extends လုပ်ထားတဲ့ Activity ကို override လုပ်ဖို့ OnCreate Method ကို ရေးလိုက်ပါ၊ Parameter ထဲမှာ Data သိမ်းစည်းခြင်း သယ်ဆောင်ခြင်းလုပ်နိုင် Data Transfer လုပ်နိုင်တဲ့ Bundle Class အတွက် Object တစ်ခုတည်ဆောက်ပါ၊ OnCreate Method က Main Class ပေါ်မှာ စတင်အလုပ်လုပ်တာနဲ့ Bundle Class ရဲ့ Object ဖြစ်တဲ့ BM ကို အလုပ်စခိုင်းပါ၊ နောက်တစ်ဆင့်မှာ XML Layout ဖြစ်တဲ့ activity.xml ကို Main Class ရဲ့ Content အဖြစ်သတ်မှတ်ပေးပါ၊ လိုအပ်တဲ့ Bundle Package နဲ့ Activity package (Class) တွေကို Import လုပ်ပေးပါ၊ အောက်က အတိုင်း
package com.BM.getimei;
import android.os.Bundle;
import android.app.Activity;
public class Main extends Activity {
protected void onCreate(Bundle BM) {
super.onCreate(BM);
setContentView(R.layout.activity);
}
}
နောက်တစ်ဆင့်မှာ xml layout ဖိုင်ဖြစ်တဲ့ activity layout file ထဲက TextView ကို Refrences လုပ်ပေးပီး deviceIMEI ဆိုတဲ့ Variable တန်ဖိုး အဖြစ် Assign လုပ်ပါ၊ TextView ကို Java ဖိုင်မှာသုံးပီဖြစ်တဲ့ အတွက် Android Library ဖိုင်ထဲရှိ widget နဲ့ ပက်သက်တဲ့ အုပ်စုထဲက TextView Class ကို import လုပ်ပါ၊ အသုံးပြုတဲ့ Java Version နဲ့ ပက်သက်တဲ့ Library တွေကိုရှင်းရှင်းလင်းလင်းနားလည်ဖို့က Developer တွေအတွက် အရေး ကြီးပါတယ်၊ အားလုံးပီးရင်အောက်က အတိုင်း ဖိုင်ကိုရမယ်၊

package com.BM.getimei;
import android.os.Bundle;
import android.widget.TextView;
import android.app.Activity;

public class Main extends Activity {
protected void onCreate(Bundle BM) {
super.onCreate(BM);
setContentView(R.layout.activity);
TextView deviceIMEI = (TextView)findViewById(R.id.tvIMEI);
}
}

နောက်တစ်ဆင့် မှာတော့ TelephonyManager Class ရဲ့ Instance Object အဖြစ် telemanage ကိုတည်ဆောက်ပီး System service ထဲက TELEPHONY_SERVICE ကိုရယူလို့ရတဲ့ တန်ဖိုး အဖြစ် Assign (သတ်မှတ်) ပါ၊ နောက်တစ်ဆင့်မှာ TextView ရဲ့ Object ဖြစ်တဲ့ deviceIMEI မှာရှိတဲ့ Text ကို ပြောင်းပေးပါ၊ ပြောင်းတဲ့ အခါ setText() Method ကိုသုံးပီးပြောင်းပါ၊ setText Method ရဲ့ parameter ထဲမှာ BMgetIMEI() Method ကိုတည်ဆောက်ပီး Parameter ထဲမှာ TelephonyManager Object ကိုထည့်ပေးလိုက်ပါ၊ အောက်က အတိုင်း
TelephonyManager telemanage = (TelephonyManager)getSystemService(Context.TELEPHONY_SERVICE);
deviceIMEI.setText(BMgetIMEI(telemanage));
BMgetIMEI Method မတည်ဆောက်ရသေးတွက် အတွက် onCreate Method အောက်မှာတည်ဆောက်လိုက်ပါ၊ return တန်ဖိုး တွေကို String အနေနဲ့ ပြန်ပေးမှာဖြစ်လို့ BMgetIMEI Method ရဲ့ Return Data Type ကို String ထားပေးရပါမယ်၊ Parameter ထဲမှာပါမယ့် TelephnyManage ရယူပီး String Object တစ်ခုရဲ့ တန်ဖိုး အဖြစ် Assign လုပ်ပေးပါ၊ ရလာတဲ့ တန်ဖိုးက ဗလာတန်ဖိုးဟုတ်မဟုတ် စစ်ဆေးပါ၊ ဗလာဖြစ်နေရင် Not available အဖြေ ကို id တန်ဖိုး အဖြစ် Assign လုပ်ပါ၊ ပီးရင် PhoneType() ကိုရယူပီး Integer DataType Variable တစ်ခုထဲ Assign လုပ်ပေးပါ၊ ပီးရင် Switch Statement နဲ့ စစ်ပါ၊ အကယ်၍ TelophonyManager ကရလာမယ့် PHONE_TYPE က ဗလာလား၊ GSM လား CDMA လားစစ်ပါ၊ ပီးရင် id နဲ့ တွဲပီးရလာတဲ့ အဖြေကို return လုပ်ပေးပါ၊ return လုပ်လိုက်တဲ့တန်ဖိုးက BMgetIMEI Method ကိုခေါ်တဲ့ သူကိုပြန်ပေးလိမ့်မယ်၊ အောက်က အတိုင်း
int phoneType = phonyBM.getPhoneType();
switch(phoneType){
case TelephonyManager.PHONE_TYPE_NONE:
return "NONE: " + id;

case TelephonyManager.PHONE_TYPE_GSM:
return "GSM: IMEI=" + id;

case TelephonyManager.PHONE_TYPE_CDMA:
return "CDMA: MEID/ESN=" + id;

default:
return "UNKNOWN: ID=" + id;
}
}
ပီးရင် AndroidManifest ဖိုင်ကိုဖွင့်ပီး READ_PHONE_STATE သုံးခွင့်တောင်းတဲ့ User Permession ကိုထည့်ပါ၊ အောက်က အတိုင်း <uses-permission android:name="android.permission.READ_PHONE_STATE"/>

အားလုံးပီးရင် apk ဖိုင်အဖြစ် Export ထုတ်ပါ၊ Run ကြည့်ရင် IMEI Number နဲ့ Radio အမျိုး အစား ရမယ်၊
ရေးထားတဲ့ Java Code ကို ဥပမာ ကြည့်ချင်ရင် xml ကုတ်ပါတဲ့ဖိုင်ကို အောက်က လင့်မှာဒေါင်းလုပ်လုပ်နိုင်ပါတယ်

http://goo.gl/JQn9iR


Java ဖိုင်ကိုအောက်က လင့်မှာဒေါင်းလုပ်လုပ်နိုင်ပါတယ်
http://goo.gl/tSS7Av


Apk ဖိုင်ကိုအောက်က လင့်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်

http://goo.gl/DI7clw



IMEI နံပါတ်ကို ဘယ်လိုပြန်ရေးမလဲ၊
Emulator က IMEI ကို အရင်ပြောင်းကြည့်ကြမယ်၊ အရင်ဆုံး အောက်က လင့်က zip ဖိုင်ကိုဒေါင်းလုပ်လုပ်ပါ၊
http://goo.gl/yaID1T
ပီးရင် zip ဖိုင်ဖြေလိုက်၊ ဒါဆိုရင် ဖိုဒါတစ်ခုရလာမယ် အဲ့ဒီံ ဖိုဒါထဲဝင်ပီး XVI32.exe application ကို Run ပါ၊ ဒါဆိုရင် XVI32 application ပွင့်လာမယ်၊ XVI32 ကနေ Android SDK ထဲရှိ tools ထဲက emulator-arm.exe ဖိုင်ကိုလှမ်းဖွင့်ပါ၊ ရလာတဲ့ Emulator ဖိုင်ထဲက ကနေ CGSM ကိုနှိပ်ပီးရှာပါ၊ ရှာရခက်ရင် Ctrl+F နှိပ်ပီးရှာပါ၊ ဒါဆိုရင် CGSM စာလုံးကိုတွေ့မယ် အဲ့ဒီ့စာလုံးနောက်က ဂဏန်း 15 လုံးကို ပြောင်းလိုက်ပါ၊ ပီးရင် သိမ်းလိုက်၊ ဒါ IMEI နံပါတ်ပြောင်းတာပါပဲ၊ ပြောင်းနေတဲ့ အခါမျာ emulator ကိုပိတ်ထားဖို့လိုအပ်တယ်၊ ပြောင်းပီးရင် emulator ကိုပြန်ဖွင့်ကြည့်ပါ၊ * # 0 6 # နှိပ်ပါ၊ ဒါဆိုရင်ပြောင်းလိုက်တဲ့ IMEI နံပါတ်ကို တွေ့ရမယ်၊
ဖုန်းတွေအတွက် IMEI ကိုဘယ်လိုရေးမလဲ

1. QPST version 2.7 build 323 ကို ဒေါင်းလုပ်လုပ်ပါ၊
2. ဖုန်းကို Root လုပ်ထားဖို့လိုတယ်၊
3. ဖုန်းရဲ့ နောက်က Battery မှာပါတဲ့ IMEI နံပါတ်ကိုရေးချပါ၊ (အခြားနေရာတွေလဲရှာတွေ့နိုင်တယ် ကြိုက်တဲ့နေရာက ရှာ IMEI နံပါတ်ဖြစ်ဖို့လိုတယ်)၊
4. ဖုန်းကို ဖွင့်လိုက်ပါ၊
5. ဖုန်း key ကိုဖွင့်ပီး *#22745927 ဖျောက်ထားတဲ့ ဖိုဒါတွေကိုဖွင့်ပါ၊ (ဖျောက်ထားတဲ့ ဖိုဒါတွေ Menu တွေကို ပြန်ဖော်တာ ဖုန်းအမျိုးအစား တစ်မျိုး နဲ့ တစ်မျိုး မတူဘူး)၊
6. keypad ကိုပြန်ဖွင့်ပီး *#7284# ကို နှိပ်ပီး ပေါ်လာမယ့် menu### ကနေ Qualcomm USB Setting ကိုရွေးပါ၊ ပေါ်လာမယ့် Menu ကနေ RMNET + DM + MODEM ကို ရွေးပီး Ok ကိုနှိပ်ပါ၊
7. ကွန်ပြူတာကိုဖွင့်ပီး Device Manager ကိုဖွင့်ပါ၊
8. Ports (COM & LPT) တို့ကိုရွေးပီး ဖိုင်ချဲ့ထုတ်ပါ၊ Mobile Brand နဲ့ USB Serial Port (COM10) ဆိုတဲ့ နာပါတ်ကိုမှတ်ပါ၊ COM နောက်က နံပါတ်က တူချင်မှတူမယ်၊ ကိုယ့်နံပါတ်ကိုရွေး၊
9. QPST ကိုဖွင့်ပါ၊
10. Ports ကိုရွေးပီး new port ကို Add (ထည့်ပါ)၊
11. Port နှစ်ခုလုံးကို Port ကော Port Label ထဲကောထည့်ပါ၊
12. QPST မှာ Clients ကော RF NV Item Manager ကောကို Select မှတ်ပါ၊
13. RF NV Item Manager ထဲကနေ Settings ကိုသွားပါ၊ ပီးရင် Comport ကိုရွေးပါ၊
14. File Tab အောက်က Read Supported NV RF Items တွေကိုရွေးပါ၊
15. DropDown Menu ကနေ ကိုယ့်ရဲ့ ဖုန်း port ကိုရွေးပီး Ok နှိပ်ပါ၊
16. File အောက်က Read Support NV RF Items ကိုရွေးပါ၊
17. Items List ထဲက 550 နံပါတ်ကိုရွေးပါ၊
ဒါဆိုရင် text ထည့်တဲ့ field 9 ခုကိုတွေ့လိမ့်မယ်၊ ဒီနေရာမှာ IMEI ကိုထည့်ရမှာ၊ IMEI နံပါတ်တွေကို စီထားတဲ့ ပုံက တကယ့်ကို အံ့သြဖို့ကောင်းပါတယ်၊ မတွေ့ကြုံဖူးဘဲ လုပ်ရင် အမှားတွေ့သွားနိုင်တယ်၊ ဒီတော့ အောက်က ပြောတဲ့ အတိုင်း အတိအကျလုပ်ပါ၊
အရင်ဆုံး Hexardecimal (Hex) အကွက်မှာ အမှတ်ခြစ်ထားပါ၊
ဥပမာ ပြန်ရေးချင်တဲ့ IMEI နံပါတ်က 954091051099226 လို့ဆိုကြပါစို့၊ ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ပြန်ရေးရတယ်၊ ပထမနဲ့ ဒုတိယ က နဲနဲထူးတယ်၊
ပထမဆုံး text ထည့်မယ့် အကွက်ထဲမှာ 8 ကိုရေးထည့်ပါ၊
ဒုတိယ အကွက်ထဲမှာ 9a ကိုရေးထည့်ပါ၊ a က နောက်ဆုံးစာလုံးကိုညွန်းပါတယ်၊
နောက်ထက် text box ထဲမှာ 45 ကိုရေးထည့်၊ အမှန်က 54 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 45 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 90 ကိုရေးထည့်၊ အမှန်က 09 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 90 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 01 ကိုရေးထည့်၊ အမှန်က 10 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 01 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 15 ကိုရေးထည့်၊ အမှန်က 51 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 15 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 90 ကိုရေးထည့်၊ အမှန်က 09 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 90 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 29 ကိုရေးထည့်၊ အမှန်က 92 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 29 လို့ ရေးထည့်၊
နောက်ထက် text box ထဲမှာ 62 ကိုရေးထည့်၊ အမှန်က 26 လာတယ်၊ ဒါပေမယ့် ရေးတဲ့ အခါ စုံလိုက်ပြောင်းပြန်ရေးရမှာဖြစ်တဲ့ အတွက် 62 လို့ ရေးထည့်၊
အားလုံးရေးပီးရင် Write NV ကိုတစ်ချက်နှိပ်လိုက်၊ Phone ကို Reboot လုပ်ပါ၊ MTP + ADB mode ကိုပြန်ရောက်အောင် *7284# ကို ပြန်နှိပ်ပါ၊
အကယ်၍ COM & LPT ကိုရှာရခက်နေတယ်ဆိုရင်တော့ cmd ကနေ hdwwiz.exe ကိုရိုက်ဖွင့်ပါ၊ Hardware Wizard ကိုသွားဖို့၊ ရောက်ရင် Next ကိုနှိပ်ပီး နောက်စာမျက်နှာမှာ Install the hardware that i manually select from a list(Advance) ပါတဲ့ Radio Button မှာ Check လုပ်ပီး Next ကိုနှိပ်ပါ၊ Ports(COM & LPT ) ကိုရှာပီး ရွေးပါ၊ ပီးရင် Next နှိပ်ပီးရွေးပါ၊ ဒါဆို IMEI ပြောင်းပီးပီ
ADB အတွက် Android SDK(software development Kit ) ကိုသုံး Phone အတွက် Terminal ကိုသုံးပီး IMEI
ဖုန်းကို Root လုပ်ထားဖို့လိုတယ်၊ Root Explorer ကိုသုံးပီး EFS ဖိုဒါထဲက imei ဖိုဒါကို imei ဖိုင်ကို ပြန်ယူနိုင်ပါတယ်၊
ဝန်ခံချက်
ဒီပိုစ့်မှာပါတဲ့ Java Code တွေအားလုံးက Brighter Myanmar က develop လုပ်ထားတာဖြစ်ပီး အောက်ပိုင်းက ဖုန်း IMEI ပြောင်းတဲ့ အပိုင်းကို Brighter Myanmar က Peoplearmy အဖွဲ့ကနေ လေ့လာထားတာပါ၊ ဒီပိုစ့်က ပြည့်စုံခြင်း မရှိသေးပါဘူး၊ နောက်ပိုင်း အားရင်အားသလိုပြန်ရေးပေးပါမယ်၊

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/oSykxQ

ကျေးဇူးပြု၍
ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊
Credit To - BrighterMyanmar

Friday, February 7, 2014

Android Rooting ဘယ်လိုလုပ်သလဲ


Android root လုပ်တယ်ဆိုတာ မလွယ်ဘူး ဆိုပေမယ့် သဘောသဘာဝနဲ့ နည်းလမ်းကို သိသွားရင်တော့ မခက်ခဲတော့ပါဘူး၊ ဒါပေမယ့် Android Root လုပ်တဲ့ အခါ ဖြစ်ပျက်သွားတဲ့ နောက်က Process ကတော့ အတိအကျသိဖို့ ခက်ခဲသလို စိတ်ဝင်စားစရာလဲ အလွန်ကောင်း လှပါတယ်၊

Rooting အကြောင်းကို ပြောမယ်ဆိုရင် အာရုံကို နောက်စေမယ့် Flashing တို့ Custom ROMs တို့ WIFI ဖွင့်တာတို့ Superuser.apk သွင်းတာတို့ကို ခဏမေ့ထားကြရအောင်၊ ဖုန်းတွေကို ဘာကြောင့် Root လုပ်တာလဲ၊ အဓီက အကြောင်းအရင်းက Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ပါ၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်၊

ကုမ္မဏီတွေက ထုတ်တဲ့ OEM Android Build တွေက ပုံမှန်အားဖြင့် ကျွန်တော်တို့ကို root တွေလို arbitary code တွေကို သုံးခွင့်ပြုမှာမဟုတ်ပါဘူး၊ ဆိုလိုတာကတော့ ကိုယ်ဝယ်ထားတဲ့ ဖုန်း ကို ကိုယ်က အကန့်အသက်နဲ့ ပဲသုံးခွင့်ရှိတယ်ပေါ့၊ ထုတ်လုပ်တဲ့ ကုမ္မဏီတွေက မနှစ်မြို့တဲ့ applications မျိုး (Third party appi တွေကိုဆိုလိုပါတယ်) ကိုတော့ Android ဖုန်းမှာ သုံးခွင့်ရှိမှာမဟုတ်ပါဘူး၊

ဥပမာ WiFi sharing ကိုကြည့်ပါ၊ Cell Phone ထုတ်လုပ်သူတွေက ငွေပိုထပ်လိုချင်တဲ့ အတွက် ဖုန်းတွေမှာ WiFi share လုပ်ခွင့်မပေးထားပါဘူး၊ လိုချင်ရင်တော့ ငွေထပ်ပေးရပါတယ်၊ ဒါ့ကြောင့် ဖုန်းတွေအများစုက proprietary WiFi pre-packaged တွေနဲ့လာတာပါ၊ လိုချင်ရင် ငွေပိုပေးဝယ်ရပီပေါ့၊ ဒီလိုငွေပေးရတဲ့ WiFi pre-packaged အစား အခမဲ့ရတဲ့ Wireless Tether ကိုသုံးလို့ရပါတယ်၊ ဒါပေမယ့် Root access တော့ ရှိဖို့လိုပါတယ်၊

Bootloader and Recovery

Android power စဖွင့်တာနဲ့ အလုပ်လုပ်တဲ့ Bootloader ကုတ်က Android OS ကို RAM ထဲမှာ ၀န်တင်ပီး အလုပ်လုပ်စေပါတယ်၊ ဒီ့ အပြင် Bootloader ရဲ့ အခြား ထင်ရှားတဲ့ အလုပ်နှစ်ခုကတော့ Recovery System ကို RAM မှာ ၀င်တင်ပီး အလုပ်လုပ်စေနိုင်ခြင်းနဲ့ ROM အသစ်ကို Flash လုပ်နိုင်ခြင်းပါပဲ၊ ROM အသစ်ကို Flash လုပ်တာကို Flashing လို့ခေါ်ပါတယ်၊

Arbitrary ROMs ကို Flash လုပ် နိုင်တဲ့ Bootloader ကို lock ပွင့် သွားတဲ့ Bootloader လို့ခေါ်ပါတယ်၊ ဒါပေမယ့် Bootloader တွေအားလုံးကတော့ lock ပွင့်နေမှာ မဟုတ်ပါဘူး၊ ကုမ္မဏီတိုင်းက သူတို့စိတ်ကြိုက်ထိန်းချုပ်ထားတဲ့ software ထိန်းချုပ်မှူတွေအောက်မှာ ပဲ သူတို့ ဖုန်း အသုံးပြုသူတွေကိုရှိစေချင်ပါတယ်၊ ဒါ့ကြောင့်လဲ Software ထိန်းချုပ်မှူတွေကို ကန့်သက်မဲ့ ပယ်ဖျက်နိုင်တဲ့ Root access ရမယ့် လမ်းကြောင်းဖြစ်တဲ့ Booloader ကို Locked ချပီး ဖုန်းတွေကို ရောင်းကြတယ်၊ Bootloader သာလျှင် Custom ROMs ကို Flash လုပ်နိုင်မှာ ဖြစ်တဲ့ အတွက် Bootloader ကို လော့ခ်(locked) ချထားမှတော့ Custom ROMs ထည့်သွင်းလို့မရဘူးပေါ့၊ ဒါ့ကြောင့်ပဲ အသုံးပြုသူတွေက Stock ROMs အစား ထိန်းချုပ်မှူကင်းမဲ့တဲ့ Custom ROMs ကို ထည့်သုံးဖို့ နည်းမျိုးစုံနဲ့ Hack ဖို့ကြိုးစားကြပါတယ်၊

တစ်ချို့ဖုန်းတွေကြတော့လဲ လွယ်ပါ ကီးလေး နှစ်ခု (သို့) သုံးခုလောက်ပေါင်းနှိပ်ပီး ဖုန်းကို ကွန်ပြူတာနဲ့ချိတ် ကြိုက်တဲ့ Custom ROMs ကို Flash လုပ်လိုက်ရုံပါပဲ၊ တစ်ချို့ ဖုန်းများကြတော့လဲ Bootloader က nvflash ရဲ့ ကဏ္ဍအထိ လိုက်ထိန်းချုပ်ထားတယ်ဗျာ SBK လို့ခေါ်တဲ့ Secure Boot Key ကိုသိမှ lock ဖွင့်လို့ရတယ်တဲ့၊ SBK ဆိုတာ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူတဲ့ AES key (Advanced Encryption Standard) တွေကို သုံးပီး Bootloader ကို encrypt လုပ်ထားတဲ့ Command တွေပေးပို့တယ်၊ အဲ့ဒီ့ command တွေကို Bootloader က decrypte လုပ်ပီးလက်ခံတယ်စစ်တယ်၊ စစ်တာမှန်မှ အလုပ်လုပ်တယ် ဟူး................

အခု System recovery အကြောင်းကိုပြောရအောင်၊ System recovery ဆိုတာကတော့ Bootloader နဲ့ System တို့ပီးရင် Android File System ရဲ့ တတိယ နေရာဖြစ်တဲ့ Recovery မှာတသီးပုဂ္ဂလ အလွှာ (partition) မှာရှိမယ့် low-level ကုတ်တွေကို ညွန်းတာပါ၊ (ခုက စိတ်ကူးနဲ့ ပြောနေသလိုဖြစ်နေလို့ မိတ်ဆွေတို့ နားလည်ရခက်မယ် မပူနဲ့ နက်ဖြန် ကျွန်တော် Android File System ကို ပုံ နဲ့ အသေးစိတ် ရှင်းပြမယ်)၊ Volumn Key တို့ Power Key တို့ကို သက်ဆိုင်ရာ ဖုန်းအလိုက် တွဲနှိပ်ပီး System Recovery ကို ခေါ်နိုင်ပါတယ်၊ System Recovery က low-level ကုတ်တွေဖြစ်ပီး Linux နဲ့ Android Userland တို့နဲ့ လုံဝ ကင်းလွတ်စွာ ရပ်တည်နိုင်တဲ့ Primitive OS တစ်ခုဖြစ်ပါတယ်၊ root access တွေဘာတွေမရှိဘူး၊ Stock System Recovery အလုပ်လုပ်တဲ့ အခါမှာ ထုတ်လုပ်တဲ့ ကုမ္မဏီပေါ်မူတည်ပီး ကွဲပြားမှူတွေရှိပါတယ်၊ ပုံမှန်အားဖြင့်တော့ File System ထဲက data အလွှာကို ကို Format ချမယ်၊ extrenal microSD Card ထဲက Zip ဖိုင်ကိုဖြေပီး ROM ကို Update လုပ်မယ်၊ ဒီမှာ Custom ROMs ထည့်သုံးဖို့ လမ်းကြောင်း အသစ်တွေ့ပီဆိုပီး ပျော်မသွားပါနဲ့ အုံး Upadate လုပ်တဲ့ ROM က ထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ အထူး သတ်မှတ်ချက်ပါတယ (signature ပါတာကို ဆိုလိုပါတယ်) ၊ ဒီတော့ System Recover လုပ်ပီဆိုတာနဲ့ Stock ROM ကို Upadte လုပ်တယ်၊ အလွှာ ၆ ခုမှာပါတဲ့ system အလွှာ , Data အလွှာ , Cache အလွှာ , Misc (miscellaneous system) အလွှာတွေကို ပြန်ပီးသိုလှောင်ပါတယ်၊ ပြန်ဖြည့်တဲ့သဘောဗျာ၊ ClockworkMod Recovery ကတော့ third-party recovery image ကိုသုံးပီး Arbitary ROMs ကို Flash ခြင်း backup လုပ်ခြင်း partitions (အလွှာ) ပြန်တည်ဆေက်ခြင်း တွေလုပ်ရာမှာ နာမည်ကြီးပါတယ်၊ (ClockworkMod Recovery အကြောင်းနောက်ပိုင်းမှ အသေးစိတ်လာမယ်)၊

ADB ကို Android နဲ့ ကွန်ပြူတာချိတ်ဆက်ပီး အချို့ အလုပ်တွေအတွက် အသုံးပြုပါတယ်၊ ဒီအလုပ်အချို့ထဲက အသုံးများတဲ့တစ်ခုကတော့ ADB Shell Command ကိုသုံးပီး Android Phone ပေါ်မှာ Shell ကို ပေါ်စေတာပါပဲ၊
Shell process အလုပ်လုပ်အောင် ဘယ်လို commands ကို user ကအသုံးပြုလဲ၊ ဒီနေရာမှာ ro.secure လို့ခေါ်တဲ့ Android System property တန်ဖိုးက အရေးကြီးလာပါတယ်၊ (Android System property တန်ဖိုး ကို ADB shell က တဆင့် getprop ro.secure လို့ ရိုက်ထည့်ပီးဖြစ်စေ၊ ဖုန်းရဲ့ terminal emuloator မှာ ရိုက်ထည့်ပီးဖြစ်စေရှာနိုင်ပါတယ်၊ အကယ်၍ ro.secure=0 ဆိုတဲ့ တန်ဖိုးရရင်တော့ ADB shell က ရေးတဲ့ commands တွေကို root user အနေနဲ့ ဖုန်းမှာ Run ပေးပါလိမ့်မယ်၊ ဒါမှမဟုတ်ပဲ ro.secure=1 ဆိုရင်တော့ ADB shell က ရေးတဲ့ commands တွေကို unprivileged user အနေနဲ့ ဖုန်းမှာ Run ပေးပါလိမ့်မယ်၊ အကယ်၍ ro.secure=0 တွေပဲ အမြဲ တွေ့နေရရင်တော့ အိုကေ ပီပေါ့ဗျာ ဒါပေမယ့် ဒီလောက်တော့ ဘယ်လွယ်ပါ့မလဲ stock OEM တွေမှာ ro.secure=1 ပဲ တွေ့ရမှာပါ၊ ကိုယ့်ဘာကိုပြောင်းဖို့တော့ မတွေးပါနဲ့ဗျာ ဒီလောက်လဲ မလွယ်ဘူးလေ၊ ဒီတန်ဖိုးကို boot time စမှတ်ကတည်းက root directory ထဲ့ default.prop ဖိုင်ထဲမှာ သတ်မှတ်ထားတာ၊ ဒီ root directory ဆိုတာကလဲ internal storage ရဲ့ boot ထဲက ကောင်ပီကူးယူထားတာဗျာ၊ ဒါပေမ.့် partition ထဲမှာတော့ root မလုပ်ရသေးဘူးဆိုရင် ၀င်ရေးနိုင်တယ်၊ ပြောချင်တာက ADB ကနေ တန်ဖိုးပြောင်းတာကို လက်မခံရင် Boot မစတင်ကတည်းက Root access ဖြစ်အောင် လုပ်ထားဖို့လိုတာပေါ့၊ ဒါပေမယ့် ဒီ့ အတွက်လုံးခြုံရေးကလဲ ရှယ်ကျော်ဖြတ်ဖို့လိုပါတယ်၊

Android UI

privileged user ဆိုတာက Root access နဲ့ Run နေတဲ့ program မှန်သမျှကိုခေါ်တယ်၊ Unprivileged_user ကတော့ Root access နဲ့ Run တာမဟုတ်တဲ့ program တွေကိုခေါ်တယ်၊
Android System မှာ ကျွန်တော်တို့ Run သမျှ အလုပ်လုပ်နေတာ မြင်ရသမျှ ရေး ထိ အသုံးပြုနိုင်သမျှ Applications တွေအားလုံးက un_privileged user အနေနဲ့ Sandboxes ထဲမှာ Run နေတာပါ၊ ပြောချင်တာက ကျွန်တော်တို့ Run နေတဲ့ Unprivileged Program တွေက privileged Program တွေကို အလုပ်မခိုင်းနိုင်ဘူး စတင်အလုပ်လုပ်အောင် မခေါ်နိုင်ဘူးပေါ့ (ဥပမာ privileged function တစ်ခုကို un_privileged app ထဲက function တစ်ခု က စတင်စေလို့မရဘူးပေါ့၊ ဒီလို un_privileged app ထဲက function က privileged function တစ်ခုကို ခေါ်နိုင်ရင်ဖြင့် လိုချင်တာ အားလုံးဖြစ်ပီပေါ့ဗျာ၊ နောက်တစ်ချက်က root access နဲ့ run နေတဲ့ privileged function တစ်ခုက အခြား program တစ်ခုကို root access အနေနဲ့ကော unprivileged user အနေနဲ့ ပါလှမ်းခေါ်သုံးနိုင်တယ်၊ Linux မှာတော့ privilege escalation တွေကို su နဲ့ sudo program တွေကတစ်ဆင့် ခေါ်တယ်၊ su နဲ့ sudo တို့က setuid(0) လို့ခေါ်တဲ့ system ကို Run စေနိုင်တဲ့ programs တွေပါ၊ setuid(0) System က အလုပ်လုပ်နေတဲ့ program တစ်ခုကို unprivileged user အဆင့်ကနေ root access နဲ့ ပြောင်းပီး Run ခိုင်းနိုင်ပါတယ်၊ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ root access လိုတယ်ဆိုတဲ့ Applications တွေက တကယ်တော့ အခြား binaries package ပါဝင်တဲ့ program တွေကို su က တဆင့် ခေါ်ပီး သုံးဖို့လိုလို့ပါ၊ Stock OEM ROMs တွေက ဘယ်တော့မှ su မပါလာပါဘူး၊ su က ဒေါင်းလုပ်လုပ်လို့လဲမရဘူး ကော်ပီကူးယူလဲ မရဘူးလေ၊ su ကိုသုံးဖို့ အတွက် SUID bit set ရှိဖို့လိုတယ်၊ SUID bit set က privilege root access နဲ့ Run ခွင့်ရှိတဲ့ Program တွေကိုညွန်ပြတယ်၊ root access မရှိရင် SUID bit ကို လဲ program တစ်ခုကို root access နဲ့ Run စေဖို့ ညွန်ပြနိုင်အောင်မလုပ်နိုင်ပါဘူး၊

ဒီတော့ Android ထိတွေ့ အသုံးပြုလို့ရသမျှ unprivilege user application တွေက privileged access ကို မရနိုင်ဘူး (သို့) privileged mode နဲ့ အလုပ်မလုပ်နိုင်ဘူး၊ privileged mode နဲ့ Run နေတဲ့ အခြား Program တစ်ခုကိုလဲ စတင်အောင်ခေါ်လို့မရဘူး၊ Android System (lift circle) တစ်ခုလုံးတောင်မှာ တကယ်တော့ privilege escalation attempts နဲ့ အလုပ်လုပ်နေတာမဟုတ်ပါဘူး၊

Hacking the system

ဒါဆို Android ဖုန်းကို ဘယ်လို Root လုပ်မလဲ၊ အထက်က လုံခြုံရေး အတွက်သုံးတဲ့ ဗျူဟာတွေကိုသဘောပေါက်သွားပီဆိုရင်ဖြင့် လုံခြုံရေးဗျူဟာမှာ အသက်သွင်းထားတဲ့ Component တစ်ခုစီကို တန်ပြန်တိုက်ခိုက်နိုင်ပါပီ၊ ဥပမာ Samsung Phone က Blootloader ကို Flash လုပ်ခွင့်ပြုတယ်ဆိုတယ်ဆိုပါတော့ ဒါဆိုရင် လိုအပ်တဲ့ တစ်ယောက်က Stock ROM ကို ဖုန်းရဲ့ disk drive ကနေပီး ကူး sudo ထည့် Modified လုပ်မယ့် ROM ထဲကို package အဖြစ် ပြန်တည်ဆောက် ဖုန်းကို့ Hardware keys ပေါင်းနှိပ်ပီး Flash Mode ကနေ ၀င် ပီး Modified ROM ကို flash လုပ်လိုက်၊ အကယ်၍ ro.secure ကို 1 မပေးထားရင်ဖြင့် root လုပ်ရတာ ပိုတောင်လွယ်တယ်၊ ဖုန်းကို Computer နဲ့ ချိတ် ADB ကို run ဒါဆိုရင် ဘယ် program ကိုမဆို Root access လို့ run ပေးနိုင်တဲ့ shell ရပီ၊ ဒီတော့ /system ကို readwrite access ဖြစ်အောင် ပြောင်း su ကို install လုပ် ပီးပီ၊

ဒါပေမသည့် Android သုံး Devices တွေအားလုံက အထက်က ပြောသလောက်တော့မလွယ်ဘူး၊ bootloader ကို locked ချထားတယ် ro.secure ကိုလဲ set ထားတယ်၊ ဒါ့ကြောင့် unprivileged program တွေနဲ့သာလျှင် ဆက်သွယ် အသုံးပြုနိုင်တယ်၊ privileged ဖြစ်မယ့် ကုတ်တွေတော့ Run လို့မရဘူး၊ ဒါဆို ဘယ်လိုလုပ်မလဲ၊

အရေးကြီးတဲ့ program မှန်သမျှက Hardware တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပီး ခိုင်းစေဖို့ အတွက် root access အနေနဲ့ Run ရပါတယ်၊ ဒီတော့ Hardware တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ low-level System service တွေကိုတော့ Root Access အမြဲ ဖွင့်ပေးထားရတယ်၊ ဒါက ဘယ် ဖုန်း ဘယ် ကွန်ပြူတာမဆို ပါ၊

မနေ့က ဆောင်းပါးမှာ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ Kernel စတင်အလုပ်လုပ်တာနဲ့ System File ထဲက 'init' ဖိုင်ကိုရှာပီး System စတင်ဖို့အတွက် root process ကိုစတင်တယ်၊ ဒီမှာ Root Process ဆိုတာကိုမိတ်ဆွေတို့တွေ့ရမယ်၊ init က သူ့ထဲက functions တွေကို စတင်အလုပ်လုပ်စေမယ်၊ Kernel ရဲ့ init ဖိုင်ကို Run တဲ့ အခါ privileged process ဖြစ်ဖို့အတွက် Root Access နဲ့ Run ရတယ်၊ ဒီအချက်ကို အခြေခံပီးတော့ one-clickroot တို့ z4root တို့ ကို လုပ်ထားတာပါ၊ System process က root access အနေနဲ့ Arbitary code ကို Run နေတဲ့ အခါမှာ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လမ်းစပေါ်လာပါတယ်၊ အကြောင်းက Arbitary code က system စတင်ဖို့ အတွက် read-write mode နဲ့ su ကို install လုပ်ထားတဲ့ ကုတ်ဖြစ်လို့ပါ၊ Android က Linux လို Open Source ဖြစ်တဲ့ အတွက် များစု က System Services တွေအားလုံးထဲက လုံးခြုံရေးကို ၀င်ပီး ဖြတ်နိုင်မယ့် ထိုးဖောက်နိုင်မယ့် လမ်းကို ရှာကြပါတယ်၊ လမ်းကြောင်းရှာတွေ့သွားလဲ မလွယ်ပါဘူး Google နဲ့ သက်ဆိုင်ရာ အဖွဲ့တွေက မနည်းရှာထားရတဲ့ လမ်းကြောင်းကို ပေါက်ပီလို့ကြားတာနဲ့ လိုက်လိုက်ပိတ်ပစ်တာလေ၊ ဒီတော့ Version အသစ်ထွက်တိုင်း လုံခြုံရေးတွေပိုကောင်းလာတာပေါ့၊ အရင်ရထားတဲ့ လမ်းကြောင်းလေးတွေပိတ်ပိတ်သွားတာပေါ့၊ ဒါပေသည့် OTA Update ကိုတော့ ပိတ်လိုက်ရအောင် Google အပါအ၀င် အခြား Android ထုတ်လုပ်သူတွေက မကြောင်ကြသေးပါဘူး သူတို့လဲ အဲ့ဒီ့လောက်တော့ ငွေမပေါဘူးလေ၊ ဒီတော့ကာ အသစ်ထွက်လာတိုင်းလုံခြုံရေး အဆင့်ပိုမြင့်လာမယ်၊ ထိုးဖောက်ထဲ သူတွေကလဲ rooting လုပ်ဖို့ ရရာ နည်းလမ်ကို အစွမ်းကုန်ရှာကြမယ်ပေါ့၊

low-level Programming လေ့လာဖူးသူတွေအနေနဲ့ Kernel ရဲ့ init ဖိုင်ကို သေချာ မွှေနောက်ကြည့်ရင်ကော..............................

Android ဖုန်းလို့ပြောပေးမယ့် Android သုံးသမျှ အခြား Devices (ပစ္စည်းတွေ) အားလုံးကို ညွန်းပါတယ်၊

ဒီပိုစ့် ကို pdf အနေနဲ့ ဒေါင်းလုဒ်လုပ်ချင်ရင် အောက်က လင့်မှာ ဒေါင်းပါ

http://goo.gl/zFWlc7

ဒီသင်ခန်းစာ မှာ နားမလည်နိုင်စရာ အသုံး အနှုံးတွေပါသွားနိုင်ပါတယ်၊ စာလုံး အသစ်တွေပါသွားနိုင်ပါတယ်၊ ဒီ့ အတွက်ကျွန်တော်တို့ တစ်ခုစီ ကို ဆောင်း ပါး အနေနဲ့ပြန် ရေးပေးသွားမှာပါ၊ တနေ့တစ်ခုကိုသေချာလိုက်ဖက်ရင် တဖြည်းဖြည်းတော့ရှင်းသွားမှာပါ၊ လိုအပ်တဲ့ File System တွေအကြောင်း low-level programming ဆိုတာဘာလဲ mid-level programming ဆိုတာဘာလဲ ၊ hight-level programing ဆိုတာ ဘယ်ဘာသသာရပ်တွေကို ခေါ်သာလဲ ဘယ်လို compile လုပ်လဲ စသဖြင့် နောက်ပိုင်း ပိုစ်တွေမှာ ရေးပေးသွားပါမယ်၊ သက်ဆိုင်ရာ အခန်းအလိုက်ရှင်းသွားမှာမို့ လက်တစ်လော စာလုံး အခက်အခဲ ရှိရင် သည်းခံပီးပဲဖတ်ထားစေချင်ပါတယ်၊

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

Credit to Brigher Myanmar

Wednesday, February 5, 2014

cydia app တွေကို pc ကနေဒေါင်းမယ်


မြန်မာပြည်ကဆိုတော့ ဖုန်းကနေအင်တာနက်က
ပြောသလောက်မမြန်တော့  Cydia app Source
တွေဖုန်းကနေဒါရိုက် သွင်းမယ်ဆိုရင်အဆင်မပြေဘူး
ဒီတော့
Cyder2 ဆိုတဲ့ app ကိုဒေါင်းလိုက်ပါ။ 
ပြီးရင် ဖိုင်ဖြည်လိုက်ပါ။
 

                                        ပြီးရင် Cyder2 ကို၂ချက်နိုပ်ဖွင့်ပါ။


<![endif]-->                                         ပြီးရင် sources ကိုသွားလိုက်ပါ။



<![endif]-->ပြီး cydia Source  ကိုဒေါင်းချင်တဲ့ဟာ
ကိုယူပြီး add link လုပ်လိုက်။
ဥပမာ  ကျနော်က မြန်မာဖောင့်ကိုလိုတယ်
ဆိုရင် http://cydia.macforus.com
အဒ်ပေးလိုက်ပါ။

 
ပြီးရင်အပေါနား တြိဂံပုံစံလေး play ဆိုတာလေးကိုနိုပ်လိုက်ပါ။


လုပ်လိုက်ရင် အမှန်ခြစ် အစိမ်းရောင်လေးဖြစ်သွားပါမယ်။
ပြီးရင် Packages ကိုသွား ကိုလိုချင်တဲ့ဟာကို Download ဆွဲဖို့
selet ပေးပါ။ပြီးရင် Downloads မှာသွားပါ။ ပြီးရင် Download selet
ဆိုဒါလေးကိုနိုပ်ပြီးဒေါင်းလိုက်ပါ။:P

ပြီးရင်ကိုဒေါင်းထားတဲ့ဖိုင်ကို archives ဆိုတဲ့ folder ထဲတွေ့ရပါမယ်။

ကဲအဲဒါဆို ဖုန်းနဲ့ချိတ်ပြီး itools နဲ့ပဲဖြစ်ဖြစ်သွင်းလိုက်ယုံပဲ
ကဲအားလုံးအဆင်ပြေကြပါစေ။ 







Credit to :  မောင်ညီ(နည်းပညာနှင့်အထွေထွေ)မျှဝေခြင်း

Related Posts Plugin for WordPress, Blogger...