ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Showing posts with label IOS. Show all posts
Showing posts with label IOS. Show all posts

Friday, February 14, 2014

iTunes cannot detect iPhone ပြဿနာ ဖြေရှင်းနည်းများ


iPhone, iPad အစရှိသော iDevices များကို အသုံးပြုနေသူများ တစ်ခါတစ်ရံ အခန့်မသင့်သည့် အခါမျိုးတွင် မိမိကွန်ပျူတာရှိ iTunes က မိမိ၏ iPhone, iPad တို့ကို မသိတော့ပဲ "iTunes cannot detect iPhone device" အဖြစ်မျိုး၊ Detect သိသော်လည်း App များကို Sync လုပ်၍မရသော အဖြစ်မျိုးများကို ကြုံတွေ့ရတတ်ပါတယ်...

ယခုလိုဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်၊ Connection Cable ၏ ချို့ယွင်းမှုကြောင့်သော်၎င်း၊ မိမိ၏ ကွန်ပျူတာတွင် Driver သွင်းယူမှု မမှန်ကန်ခြင်း၊ Device ၏ Hardware ပိုင်းမှာ ပြဿနာရှိနေခြင်း စတဲ့ မတူနိုင်တဲ့ အခြေအနေတွေများကြောင့် ယခုလို Detect မသိတော့တဲ့ ပြဿနာ ဖြစ်ပေါ်တတ်ပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် Hardware ပြဿနာက လွဲ၍ "iTunes cannot detect iPhone device" ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အစုံစုံကို စုစည်း၍ ဖော်ပြပေးလိုက်ပါတယ်...

ပြဿနာ (၁)
iPhone ကို iTunes နှင့် ချိပ်ဆက်လိုက်သောအခါ iTunes က Detect သိနေသေည်လည်း Applications များကို "Sync" လုပ်၍မရခြင်း

အကြောင်းရင်း : iPhone ၏ Setting တွင် Applications restriction ကို ဖွင့်ထားသောကြောင့် ဖြစ်ပါသည်။

ဖြေရှင်းရန်
Settings -> General -> Restrictions -> Disable Restrictions




ပြဿနာ (၂)
iTunes က မိမိ၏ iPhone ကို Detect မသိတော့ခြင်း

အကြောင်းအရင်း : iPhone တွင် Cydia ထဲမှနေ၍ Tweak တစ်ခုခုသော်၎င်း၊ Tool တစ်ခုခုသော်၎င်း သွင်းယူထားမိ၍ ဖြစ်ပါသည်။

ဖြေရှင်းရန်
အဆိုပါ Tewak / Tool ကို Cydia မှ ပြန်လည် Remove/Uninstall လုပ်ပါ။


ပြဿနာ (၃)
iTunes က မိမိ၏ iPhone ကို လုံးဝ Detect မသိတော့ခြင်း

ဖြေရှင်းရန်
Temp file များကို ဖျက်ပစ်ခြင်းနှင့် ပြေလည်နိုင်ပါလိမ့်မည်။

Window XP အတွက်
မိမိ Computer ၏ (C:\Documents and Settings\Username \Local Settings\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် (အချို့ ဖျက်မရသော File များရှိနေပါက Skip လုပ်ပါ) iTunes ကို ပြန်ဖွင့်ပါ။

Window 7 & Vista အတွက်
မိမိ Computer ၏ (C:\Users\Username\AppData\Local\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် iTunes ကို ပြန်ဖွင့်ပါ။
မှတ်ချက်။ ။ "AppData" folder ကို မြင်နိုင်ရန် Folder Options -> View တွင် Show hidden files and.... ကို ရွေးထားပေးရန်လိုသည်။


ပြဿနာ (၄)
တစ်စုံတစ်ခုကြောင့် iPhone ကို Detect မသိတော့ခြင်း

ဖြေရှင်းရန်
iFunBox, iFile, iTool အစရှိသော third party software များကို အသုံးပြု၍ (/var/mobile/Media/iTunes_Control) တွင်းမှ Files & Folders များကို ဖျက်ပစ်ပါ။


ပြဿနာ (၅)
iPhone က အခြား Computer များတွင် Detect လုပ်နိုင်သော်လည်း မိမိ Computer တွင်မသိခြင်း

ဖြေရှင်းရန်
အောက်ပါ အဆင့်များအတိုင်း iTunes ကို Uninsatll လုပ်ပါ။
     1. iTunes
     2. QuickTime
     3. Apple Software Update
     4. Apple Mobile Device Support
     5. Bonjour
     6. Apple Application Support
     7. Restart PC

ပြီးပါက iTunes နောက်ဆုံး ဗားရှင်းကို ဤနေရာတွင် Download လုပ်ပြီး Install ပြန်လုပ်ပါ။

iTunes Detect မသိခြင်း ပြဿနားများကို ချောမွေ့စွာ ဖြေရှင်းနိုင်ကြပါစေ...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Import Downloaded Music & Videos to Media Library without iTunes


ပုံမှန်အားဖြင့် ကျွန်တော်တို့၏ iDevice သို့ internet မှ download လုပ်ထားသော (သို့) email နှင့်အတူ တွဲပို့လာသော သီချင်း ဗီဒီယိုတို့ကို Download လုပ်ပြီးနောက် ဖွင့်လိုသောအခါ iDevice ၏ media library တွင် မပွင့်ပဲ အခြား third party player များ အသုံးပြု၍ download ချခဲ့သော လမ်းကြောင်းမှ သီခြားဖွင့်နိုင်ပါတယ်...

Media Library ထဲသို့ ယင်းဖိုင်များကို ထည့်သွင်းရန် iTunes ကိုအသုံးပြု၍ ပြန်လည် 'Sync' လုပ်ရပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ iPhone, iPad ,iPodTouch များတွင်းသို့ သီချင်း၊ ဗီဒီယို ဖိုင်များကို မိမိ၏ Media Library ထဲသို့ iTunes နှင့် ကွန်ပျူတာသုံးရန် မလိုပဲ ထည့်သွင်းနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။

Cydia Store ၏ App တစ်ခုဖြစ်သော "Bridge" ကို အသုံးပြုရမှာ ဖြစ်တဲ့အတွက် iDevice ကို Jailbreak လုပ်ထားရန် လိုအပ်ပါသည်။
"Bridge v 1.1.4" သည် iOS 5.1.1 မှ iOS 7+ iDevice များတွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး (64bit) ကိုပါ support လုပ်ထားပါတယ်..

Cydia ရဲ့ ပထမဦးဆုံး stand-alone App တစ်ခုဖြစ်တဲ့ "Bridge" က ရုပ်ရှင်၊ သီချင်းဖိုင်တို့ကို iTunes, PC မလိုပဲ မိမိ၏ iDevice ထဲမှာပင် media library ထဲသို့ ပြောင်းရွေ့ ပေးပါလိမ့်မည်။

လုပ်ဆောင်ချက်များ

  •      (iOS 7+) သမားများအတွက် import လုပ်ထားသော media file များကို iTunes နှင့် ပြန်လည်၍ sync လုပ်ပေးပါလိမ့်မည်။
  •      သီချင်း အပုဒ်ရေအများကြီးကို တစ်ပြိုင်နက် import လုပ်နိုင်ခြင်း
  •      Import မလုပ်မီ Preview ကြည့်ရှုနိုင်ခြင်း
  •      သီချင်းနှင့် ဗီဒီယိုဖိုင်များကို import မလုပ်မီတွင် Title, Artist, Album နှင့် Cover image တို့ကို ရွေးချယ် သတ်မှတ်နိုင်ခြင်း
  •      Import လုပ်သည့်အခါ Song, Ringtone, Podcast, Video, Music Video, or TV-Show အစရှိသော library type ကို ရွေးချယ်ပေးနိုင်ခြင်း တို့ကို တွေ့မြင်ရပါလိမ့်မည်...


အောက်ဖော်ပြပါ screenshot သည် "iDownloas+" နှင့် download လုပ်ထားသော Movie file တစ်ခုကို Media Library ထဲသို့ ထည့်သွင်းခြင်းဖြစ်ပါသည်..





Home screen ရှိ "Videos" (Stock App) ၏ library ထဲတွင် အောင်မြင်စွာ ရောက်ရှိသွားတာကို မြင်တွေ့ရပါလိမ့်မည်....

**သတိပြုရန်**
"Bridge" ကို install လုပ်နေစဉ်တွင် license download လုပ်နိုင်ရန် 3G/WiFi တစ်ခုခုနှင့် ချိပ်ဆက်ထားပါ။

>> Download Bridge v1.1.4 (.deb)

Cydia Source မှ တိုက်ရိုက်ထည့်သွင်းရန် : repo.insanelyi.com/

>> .dbe file များကို အလွယ်ဆုံး Install လုပ်နည်း




Credit to : Fabius


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

Credit To - မိုးသိကြား

.deb file တွေကို အလွယ်ဆုံး install လုပ်နည်း


iTunes Store မှာရှာဝယ်လို့  မရပဲ Cydia Store မှာသာ ဝယ်ယူနိုင်ပြီး Jailbreak iDevice များတွင် အသုံးပြုနိုင်သော အချို့  အလွန် အသုံးဝင်တဲ့ Applications လေးတွေများစွာ ရှိပါတယ်။
အခုလိုရောင်းချတဲ့ Cydia Store က App လေးတွေကို ကတုံးပေါ်ထိပ်ကွက်ပြီး ပြန်လည် ဖောက်ချ cracked လုပ်ထားတဲ့ (.deb) file လေးတွေ အများအပြား ရှိပါတယ်။
ယင်း file များကို iDevice မှာ install လုပ်နိုင်မယ့် နည်းလမ်းတွေလဲ အများကြီးရှိပါတယ်။ အားလုံးထဲကမှ Wifi မလို internet connection မလိုတဲ့ အလွယ်ကူဆုံးနည်း အချို့ ကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။


ပထမနည်းလမ်း

iPhone Explorer


၁) iPhone Explorer ကို download လုပ်ပြီး PC တွင် install လုပ်ပါ။
၂) iDevice ကို PC နှင့်ချိပ်ပြီး iPhone Explorer ကို Run ပါ။ (iTunes တက်လာပါက ပိတ်နိုင်ပါသည်)
၃) Root Directory ကို ဖြန့် ချလိုက်ပါ။


၎) အောက်ဆုံးက Var ကိုပါဖြန့် ချပြီး (user’s iPhone/Root Directory/var/root/Media)လမ်းကြောင်း အတိုင်းသွားပါ။

၅) (media) folder ထဲတွင် (cydia) folder မရှိပါက၊ ညာဘက် ကော်လံအတွင်း Right Click နှင့် Add New Folder ဖြင့် တည်ဆောက်ပါ။


၆) (untitled folder) ရလာပါလိမ့်မည်။ ယင်း folder ကို Left click တစ်ချက်နှိပ်ပြီး (cydia) ဟုပြောင်းပါ။



၇) (cydia) folder ထဲကိုဝင်ပြီး အထက်ပါအတိုင်း folder တစ်ခုအသစ် တည်ဆောက်ပြီး (Auto Install) ဟု အမည် ပြောင်းလိုက်ပါ။

၈) .deb file ကို ထည့်သွင်းရန် အောက်ဆုံးတွင် Download လုပ်ပါ။ Download လုပ်လားသော .deb file ရှိရာ folder ကိုဖွင့်ပြီး (auto install) folder ထဲသို့  Drag & Drop ချလိုက်ပါ။

Install လုပ်ရမည့် လမ်းကြောင်းသည် အောက်ပါ အတိုင်းဖြစ်သည်...
user’s iPhone/Root Directory/var/root/Media/Cydia/AutoInstall

၉) သင့် Device ကို Reboot လုပ်ပါ။

ဒုတိယနည်းလမ်း

iFunBox

ဒီနည်းလမ်း ကတော့ အရှင်းဆုံးနဲ့  အလွယ်ကူဆုံးပါပဲ...

၁) iDevice ကို USB သုံး၍ PC နှင့်ချိပ်ဆက်ပြီး iFunBox ကို Run ပါ။

၂) (user's) iPhone | iPhone (version) ကိုဖြန့် ချလိုက်ပြီး Cydia App Install ကို ရွေးပါ။

၃) .deb file ကို "Cydia App Install" ၏ ညာဘက် ကော်လံ ထဲသို့  Drag & Drop ချပေးလိုက်ပါ။


၎) Reboot လုပ်ပါ။

I AM Busy SMS

သင်က အစည်းဝေးခန်းထဲမှာ (သို့ ) အရေးကြီး ကိစ0x081စတစ်ခု လုပ်နေတဲ့ အချိန်မှာ ဖုန်းဝင်လာပြီ ဆိုပါစို့  ဖုန်းဖြေဖို့  အခွင်းအရေး မပေးတဲ့ အခြေအနေမှာ I am Busy SMS App လေးက ကူညီပါလိမ့်မယ်.. Slide တစ်ချက် ဆွဲလိုက်ရုံ နဲ့  မိမိမအားလို့  ပြီးမှ ဖုန်းပြန်ခေါ်မည့် အကြောင်း SMS လေးက ခေါ်ဆိုသူထံ အလိုလျှောက် ရောက်သွားမှာ ဖြစ်ပါတယ်။
message ကိုလဲ နှစ်သက်ရာ ကြိုတင် ရိုက်သွင်းထားနိုင်ပါတယ်။ SMS အတွက်ကတော့ သင့်ဖုန်း plan ထဲကနေ သွားမှာဖြစ်ပါတယ်...

** ဒါဖတ်ပြီးမှ အသုံးပြုပါ **

Tweaks များကို install လုပ်၍ အသုံးပြုရာ၌ ရံဖန်ရံခါ Application တစ်ခုခု နှင့် crash ဖြစ်ခြင်း အကြောင်းရင် မရှိပဲ ဘက်ထရီ အစားမြန်နေခြင်း၊ မိမိ Device တွင် အလုပ်မလုပ်ခြင်းများ ဖြစ်တတ်ပါသည်။

ဤကဲ့သို့  အဆင်မပြေခြင်းများ ဖြစ်ပေါ်လာခဲ့ပါက မိုးသိကြားမှ ပြန်လည် ဖြေကြားခြင်း၊ ဖြေရှင်းမှုများ မလုပ်ပါမည့် အကြောင်းကို တင်ကြို အသိပေးအပ်ပါတယ်... ဤအချက်များကို မိမိကိုယ်တိုင် သဘောတူပြီးမှ Tweaks များကို အသုံးပြုပါ။
Credit To - မိုးသိကြား

Activation ကို ကျော်ခွ၍ iOS 7+ ကို သွင်းယူနည်း

iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် Activation screen ကို Bypass ကျော်လွှားနိုင်မယ့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။

ယခု နည်းလမ်းလေးကို iDevice များအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ပဲ "iPhone 4" တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးပြီး iOS 4+, 5+, 6+, 7+ နှင့် UDID Register မရှိတဲ့ Beta Developer iOS version များမှာပါ အလုပ် လုပ်နိုင်ပါလိမ့်မယ်..

လုပ်ငန်းစဉ်အဆင့်များကို တစ်ဆင့်ခြင်း လိုက်နာလုပ်ဆောင်မည်ဆိုပါက မည်သူမဆို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤနေရာတွင် WinScp ကို အတွေ့အကြုံရှိပြီး အသုံးပြုထားဖူးသူများ အနေနှင့် ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်..

>> Download iCloudByPass_iPhone_4.rar

လုပ်ငန်းစဉ်များ မစတင်မီ Download လုပ်ထားသော "iCloudByPass_iPhone_4" Folder ထဲမှ WinScp, TinyUmbrella တို့ကို ဦးစွာပထမ PC တွင် Install လုပ်ပါ။

"SSH_ram_iPhone4.jar" နှင့် "SSH_ram_iPhone4_RevA.jar" တွင် "..RevA.jar" java file သည် iPhone 4 (8Gb) အတွက် သုံးရန်ဖြစ်ပါသည်..

>> လုပ်ငန်းစဉ်အဆင့်များ <<

အဆင့် ၁)
iPhone ကို PC နှင့် ချိပ်ဆက်မထားသေးပဲ "SSH_ram_iPhone4.jar" (သို့) "SSH_ram_iPhone4_RevA.jar" ကို Run ပါ။



အဆင့် ၂)
iPhone ကို PC နှင့် ချိပ်ဆက်၍ DFU mode ဝင်ပါ။
အောက်ဖော်ပြပါပုံအတိုင်း "Success!......" အစရှိသော အစိမ်းရောင် စာတန်းပေါ်လာသည်ထိ စောင့်နေပါ။


အဆင့် ၃)
iPhone တွင် Apple Logo နှင့် ဘားတန်းလေး ဖော်ပြပါပုံအတိုင်း ပေါ်လာပါမည်။


အဆင့် ၄)
PC မှ နေ၍ WinScp ကို Run ပြီး အောက်ပါအတိုင်း ဖြည့်စွက်ပါ။
  • Host name: localhost
  • Port number: 2022
  • User name: root
  • Password: alpine
ဟုပေးပြီး "Login" နှိပ်ပါ။


အဆင့် ၅)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကိုဖွင့်ပါ။
ထို့နောက် "mount.sh" ဟု ရိုက်ပြီး Execute လုပ်ပါ။


အဆင့် ၆)
"mnt1" folder ကို ရှာပါ (တိုက်ရိုက် မတွေ့လျှင် Back arrow နှင့် ရှာပါ)


အဆင့် ၇)
"mnt1 -> Applications -> Setup.app ကို မိမိ PC ၏ အခြားနေရာတစ်ခုတွင် Backup အဖြစ် Save လုပ်ပါ။
Save သိမ်းပြီးနောက် iPhone ထဲမှ "Setup.app" ကို Delete ဖျက်ပစ်ပါ။


အဆင့် ၈)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကို ပြန်ဖွင့်ပါ။
ထို့နောက် "halt" ဟု ရိုက်ပြီး Execute လုပ်ပါ။
ယခုအခါတွင် iPhone သည် Recover mode ပြောင်းသွားပါမည်။

အဆင့် ၉)
PC မှ TinyUmbrella ကို ဖွင့်၍ ဘယ်ဖက်ခြမ်းမှ မိမိ၏ iPhone ကိုရွေးပြီး "EXIT RECOVERY" နှင့် ထွက်လိုက်ပါ။


အဆင့် ၁၀)
iTunes နှင့် ချိပ်ဆက်ကာ iOS 7+ ကို Restore လုပ်နိုင်သွားပြီး iCloud Activation ကို အောင်မြင်စွာ ကျော်လွန်နိုင်သွားပါပြီ..

အားလုံးပဲ Activation ကို ချောမွေလွယ်ကူစွာ ဖြတ်ကျော်နိုင်ကြပါစေ.. Good Luck!!


Credit to : Camilo Rodrigues


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
 
Credit To - မိုးသိကြား

Wednesday, February 12, 2014

Soccer Myanmar for iOS


မြန်မာတွေအတွက် အသုံးဝင်မဲ့ ဘောလုံး အကြောင်း သတင်းတွေ အစဉ်မပြတ်တင်ပေးမယ့် iOS App တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ iOS App ကိုရေးသားဖန်တီးသူကတော့ စင်ကာပူမှ ကိုဇေယျာဝေဖြိုးပဲ ဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင်တွေအတွက် ဘောလုံးသတင်းတွေကို အစဉ်မပြတ်ဖတ်ရှူနိုင်မှာဖြစ်သလို Free Version ဖြစ်တဲ့အတွက်ကြောင့်လည်း အသုံးပြုသူ User တွေအတွက် ပိုပြီး အဆင်ပြေပါလိမ့်မယ်။

Myanmar News နဲ့ International News ဆိုပြီးတော့ အပိုင်းနှစ်ခုပါဝင်တဲ့အတွက်ကြောင့် မိမိစိတ်ကြိုက်ရွေးချယ်ပြီးဖတ်ရှူနိုင်မှာဖြစ်ပါတယ်။

Screenshots
screen568x568 (5)


Download Link
https://itunes.apple.com/us/app/soccer-myanmar/id802793597?ls=1&mt=8
 Ref & Credit - Apple4MM

Shweyoe Pro , Gita Myanmar Music App Updates


Initial Studio မှထုတ်လုပ်ထားတဲ့ Shweyoe Pro နဲ့  Gita Myanmar Music App များအတွက် ယခုနောက်ဆုံး Update Version များ Update လုပ်နိုင်ပြီဖြစ်ပါတယ်။
Shweyoe Pro & Shweyoe Pro HD မှာအသစ်ပါလာတဲ့ Update Feature တွေကတော့…
- Fixed minor bugs.
- Minor UI Changed.
- Add 4 new blur themes (Green Blur, Black Blur, Blue Blur, Red Blur)..


iOS Simulator Screen shot Feb 9, 2014 9.36.27 PM
iOS Simulator Screen shot Feb 9, 2014 9.35.59 PM

Download Link
https://itunes.apple.com/sg/app/shweyoe-pro/id549814664?mt=
https://itunes.apple.com/id/app/shweyoeprohd/id550458818?mt=8


Gita Myanmar Music App & Gita-HD မှာအသစ်ပါလာတဲ့ Update Feature တွေကတော့
- Fixed minor bugs.
- Improve performance for iOS7.
- Changed New iCon
- Add 11 Color Themes (SkyBlue, Blue, Yellow, Green, Orange, Red, Pink, GreenBlur, RedBlur, BlackBlur, BlueBlur).
- and much more…


IMG_1024

IMG_1025

Download Link
https://itunes.apple.com/sg/app/gita-myanmar-music-app/id614169364?mt=8
https://itunes.apple.com/sg/app/gita-hd/id614270564?mt=8
Ref & Credit - Apple4MM

Tuesday, February 11, 2014

Remove iphone Activation Lock on iOS 7 ( iOS7 မှာ Activation Lock ကျနေရင် ဖြည်နည်း)

 
ဒီနည်းလမ်းကို ရေးပေးလိုက်တာကတော့ ညီလေးတစ်ယောက် facebook မှာ ဖုန်းအသစ်ကြီး lock ကျနေလို့ ဆိုပြီး အကူညီတောင်းထားတွေ့လို့ ရှာရင်းနဲ့ အဆင်အပြေဆုံးနည်းလမ်းလေးမို့ မျှဝေပေးတာပါ ။ အကူညီက ကျွန်တော့ကိုတောင်းတာမဟုတ်ပါဘူး ကိုယ်ကကို မနေနိုင်မထိုင်နိုင်နဲ့ပါ။
sim ကိုမထုတ်ပဲ လုပ် တဲ့နည်းက စိတ်ရှည်လက်ရှည်နဲ့ block လုပ်ရပါမယ်။ sim ကိုထုတ်ပြီးလုပ်တဲ့နည်းလမ်းကတော့ block က တစ်ခါပဲလုပ်ပြီး sim ပြန်ထည့်ပြီး activate ပြန်လုပ်ပေးရပါမယ်ခင်ဗျာ။


အရင်ဆုံး
၁ Home ကိုနှိပ်ပြီး
၂ Emergency Call ကိုနှိပ်ပါ။
၃ 112 နှိပ်ပြီး Call ပါ။
၎ call ပြီဆိုရင် power ကိုနှစ်ချက် မြန်မြန်နှိပ်ပါ။
၅ ဖုန်းက sleep mode ဖြစ်သွားရင် home ကိုနှိပ်ပြီး slide ဆွဲပါ။
၆ all contacts မြင်ရရင် home ကို သုံးချက်မြန်မြန်နှိပ်ပါ။
၇ Slect ဖြစ်သွားရင် no name ကို တစ်ချက်နှိပ်ပြီ နောက်ထပ် သုံးချက်မြန်မြန်နှိပ်ပါ။
၈ Block this Carrier ကို ရွေးပြီး သုံးချက်မြန်မြန်ထပ်နှိပ်ပါ။
၉ Block Contacts ကို ရွေးပြီး သုံးချက်မြန်မြန်နှိပ်ပါ။ Activation lock ပွင့်သွားပါလိမ့်မယ် မပွင့်မချင်း block Contacts ကိုနှိပ်ပေးရန်လိုအပ်ပါတယ်။ no name နှစ်ခုဖြစ်နေတယ်ဆိုရင် တစ်ခုကို လေးငါးကြိမ်လောက် အရင်လုပ်ပါ မရမှ အပေါ်ဆုံး back မျှားလေးကို နှိပ်ပြီး နောက် no name ကို ရွေးပြီး ထပ်လုပ်ကြည့်ပါ ။ အဆင်ပြေသွားပါလိမ့်မယ် ။ အကြိမ်ကြိမ် လုပ်မကြည့်ချင်ဘူးဆိုသူတွေကတော့ sim မထည့်ပဲ
new contacts create done မှ Block this Contacts ကို block လုပ်ပေးပါ။ တစ်ကြိမ်ထဲ လုပ်ရမှာပါ။ lock ပွင့်သွားမှ home ပြန်နှိပ်ပေးပါ။ application တစ်ခုကိုဖွင့်ပြီး ပါဝါ နှိပ်ပြီး ပြန်ဖွင့်ပါ။ sim activate ပြန်လုပ်တဲ့ နေရာ ရောက်သွားပါလိမ့်မယ်ခင်ဗျာ သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေခင်ဗျာ ။
တွေ့တာလေး ပြန်လည်မျှဝေပေးတာပါ စမ်းစရာအလုံးတော့မရှိပါဘူး အမှားပါရင်ခွင့်လွှတ်ပေးပါခင်ဗျာ။



အဆင်ပြေပါစေ..


Credit To -မောင်ပေါက်< Knowledge Note >
www.maungpauk.org


Video file ဒေါင်းကြည့်ရန် :  MB
Download Link


Credit to : ကိုကိုဝင်း ( ပြည် )

Thursday, February 6, 2014

evasi0n7 - iOS 7.x Jailbreak v 1.0.5 Latest Update..

evasi0n7 ကနေပြီး  Version Update ကိုထပ်မံထွက်ရှိလာပါပြီ....။ဒီVersion မှာတော့iPhone 5S နဲ့ iPhone 5C အတွက်ထပ်မံထွက်ရှိတဲ့iOS7.0.5အတွက်Untethered Jailbreakကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်...
လိုချင်သူများအတွက်တော့သူရဲ့Official Site ကနေပြီးလင့်ခ်ပေးလိုက်ပါတယ်....
iPhone 5S နဲ့ iPhone 5C များအတွက် 7.0.5 Firmware များကိုလည်းဒီမှာရယူနိုင်ပါတယ်...



Official Mirrors

Server OS Version Link
box.com Mac OS X 1.0.5 SHA1: a81a7128113a7610371a2f9f99933a1dbd153c42
box.com Windows 1.0.5 SHA1: 5e09dfac4b4a0361492961109da72f6f18020d59

Credit To - evasi0n

Wednesday, February 5, 2014

cydia app တွေကို pc ကနေဒေါင်းမယ်


မြန်မာပြည်ကဆိုတော့ ဖုန်းကနေအင်တာနက်က
ပြောသလောက်မမြန်တော့  Cydia app Source
တွေဖုန်းကနေဒါရိုက် သွင်းမယ်ဆိုရင်အဆင်မပြေဘူး
ဒီတော့
Cyder2 ဆိုတဲ့ app ကိုဒေါင်းလိုက်ပါ။ 
ပြီးရင် ဖိုင်ဖြည်လိုက်ပါ။
 

                                        ပြီးရင် Cyder2 ကို၂ချက်နိုပ်ဖွင့်ပါ။


<![endif]-->                                         ပြီးရင် sources ကိုသွားလိုက်ပါ။



<![endif]-->ပြီး cydia Source  ကိုဒေါင်းချင်တဲ့ဟာ
ကိုယူပြီး add link လုပ်လိုက်။
ဥပမာ  ကျနော်က မြန်မာဖောင့်ကိုလိုတယ်
ဆိုရင် http://cydia.macforus.com
အဒ်ပေးလိုက်ပါ။

 
ပြီးရင်အပေါနား တြိဂံပုံစံလေး play ဆိုတာလေးကိုနိုပ်လိုက်ပါ။


လုပ်လိုက်ရင် အမှန်ခြစ် အစိမ်းရောင်လေးဖြစ်သွားပါမယ်။
ပြီးရင် Packages ကိုသွား ကိုလိုချင်တဲ့ဟာကို Download ဆွဲဖို့
selet ပေးပါ။ပြီးရင် Downloads မှာသွားပါ။ ပြီးရင် Download selet
ဆိုဒါလေးကိုနိုပ်ပြီးဒေါင်းလိုက်ပါ။:P

ပြီးရင်ကိုဒေါင်းထားတဲ့ဖိုင်ကို archives ဆိုတဲ့ folder ထဲတွေ့ရပါမယ်။

ကဲအဲဒါဆို ဖုန်းနဲ့ချိတ်ပြီး itools နဲ့ပဲဖြစ်ဖြစ်သွင်းလိုက်ယုံပဲ
ကဲအားလုံးအဆင်ပြေကြပါစေ။ 







Credit to :  မောင်ညီ(နည်းပညာနှင့်အထွေထွေ)မျှဝေခြင်း

Paper – stories from Facebook for iPhone


သတင်းသီးသန့်ကို ဖတ်ခွင့်ရစေဖို့ ဖန်တီးရေးဆွဲထားတဲ့ Facebook Paper App လေးကို iTune Store မှာ အခမဲ့ Download ရယူနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ iPhone များအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီး iPad နဲ့ Android စမတ်ဖုန်းများ အတွက်တော့ ရောက်ရှိလာခြင်း မရှိသေးပါဘူး။ Paper – stories from Facebook for iPhone ကိုအောက်က link မှာရယူနိုင်ပါတယ်။
Paper – stories from Facebook for iPhone အားရယူရန်
Ref & Credit: TechSpace Journal

Related Posts Plugin for WordPress, Blogger...