ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Monday, February 17, 2014

အသိပေးကြေညာခြင်း


ကျွန်တော့်Blogကိုအားပေးနေတဲ့ကျွန်တော့်ညီအကိုမောင်နှမများအနေဖြင့်ကျွန်တော့်Blogလိပ်စာကိုပြောင်း
လဲထားပါသည်...။ကျွန်တော်လက်ရှိBlogများအားတစ်လအတွင်းပြန်လည်ဖျက်မည်ဖြစ်ကြောင်းအသိပေးအပ်
ပါတယ်...။
ကျွန်တော့်Blogလိပ်စာကတော့
အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်...

Internet Journal အတွဲ (၁၅)၊ အမှတ် (၈)

Ref : INTERNET JOURNAL
ယခုတစ်ပတ်အတွက်ထွက်ရှိတဲ့Internet Journal အတွဲ (၁၅)၊ အမှတ် (၈)အားရယူနိုင်ပါပြီ....
Internet Journal အတွဲ (၁၅)၊ အမှတ် (၈)
Download Here

Huawei U2800 Keypad လေး Firmware ပြန်တင်ရအောင်



ပိုစ့်ရေးသားသူ - Kaung Pyae(MMUG)


အရင်ဆုံးအောက်မှာပေးထားတဲ့ဖိုင်လေးကိုdown လိုက်ပါ...

Down လို့ ရတဲ့ ထဲမှာ Doc နဲ့ Ver ပါပါတယ်

SD Card Format ချပါ Folder ဆောက်ပြီး update လို့ နာမည်ပေးပါ

Ver Folder ထဲက File တွေအားလုံး update Folder ထဲထည့်ပါ

Phone ကို 8+Power တွဲနှိပ်ပါ

သူ့ပါသူအလုပ်လုပ်သွားပါလိမ့်မယ်

အဆင်ပြေကြပါစေခဗျာ...


Download Here 

Credit To - ကိုကောင်းပြည့်(MMUG)

Mobile Guide Issue 142

REF : Mobile Guide Journal
ယခုတစ်ပတ်အတွက်ထွက်ရှိတဲ့ Mobile Guide Issue 142 အားရယူနိုင်ပါပြီ...
Download Here

MM Breaking New v1.0(မြန်မာ Website ပေါင်းများစွာကို လွယ်လွယ်ကူကူ ကြည့်နိုင်မည့် Android App)


MM Breaking New ကို MMSD ကနေ Free အနေနဲ့ ရေးထားတဲ့ Android App

လေးပါ။ ဒီ App ကနေ Internet Connection ရှိရုံနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး

website များကို တိုက်ရိုက်ကြည့်ရူနိုင်မှာဖြစ်ပါတယ်။ ဒီ App ကနေ ကြည့်နိုင်မဲ့

Website တွေကတော့

- အစိုးရနှင့်သက်ရောက်သော Website များဖြစ်တဲ့

၁။ နိုင်ငံတော်သမ္မတရုံး

၂။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး

၃။အာကစားဝန်ကြီးဌာန

၎။ ဆက်သွယ်ရေးဝန်ကြီးဌာန

၅။ အလုပ်သမားဝန်ကြီးဌာန

- နည်းပညာ နှင့်ပတ်သက်သော Website များဖြစ်တဲ့

၆။ ညီနေမင်း(နည်းပညာ)

၇။ နည်းပညာဥယျာဉ်

၈။ အာကာဖြိုး (နည်းပညာ)

၉။ ဆော့ဝဲမြို့တော်

၁၀။ သန်းတိုးအောင် (နည်းပညာမှတ်စု)

၁၁။ မောင်ပေါက်(နည်းပညာ)

၁၂။ Internet For MM

၁၃။ Sayar Chan

၁၄။ အမျိုးကောင်းသား

- ကျန်းမာရေးနှင့်ပတ်သက်သော Website များဖြစ်တဲ့

၁၅။ Burmesr Classic

၁၆။ HTV အချက်အလက်

၁၇။ ကျန်းမာရေးမိသားစု

၁၈။ မြန်မာ့ကျန်းမာရေး

၁၉။ ဒေါက်တာတင့်ဆွေ

၂၀။ Public Health

၂၁။ ECM(ကျန်းမာရေး)

- စာပေနှင့်သက်ဆိုင်သောWebsite များဖြစ်တဲ့

၂၂။ လင်းလက်ကြယ်စင်

၂၃။ အတွေးလှိုင်းသစ်

၂၄။ Smile (ရသစာပေ)

၂၅။ ရွေမြို့တော်

၂၆။ မြန်မာတို့အတွက် ဗဟုသုတ

၂၇။ အပျံသင်စငှက်ကလေးရဲ့အိမ်မက်

- သတင်းများဖတ်ရူရန်အကောင်းဆုံး Website များဖြစ်တဲ့

၂၈။ သစ်ထူးလွင်

၂၉။ ၇ DAY News

၃၀။ Myawady News

၃၁။ The Free Note

၃၂။ အင်တာနက်ဂျာနယ်

၃၃။ DVB (Myanmar)

၃၄။ MRTV 4

၃၅။ The Voice Weekely

၃၆။ ဧရာဝတီ

၃၇။ Myanmar CNN

၃၈။ Eleven Media

၃၉။ မဇ္စျိမ သတင်း

၄၀။ Myanmar Express

၄၁။ Today Myanmar

၄၂။ Opposit Eyes

၄၃။ Myanmar Forward

- ရုပ်ရှင်အနုပညာ သတင်းများနှင့်ပတ်သက်သော Website များဖြစ်တဲ့

၄၄။ SweSone Media Group

၄၅။ Popular Myanmar

၄၆။ Myanmar New Snow

၄၇။ The Facebook Time

၄၈။ Shwe New News

၄၉။ ကယန်းတိုင်း

- ဖုန်းနည်းပညာကို လေ့လာလိုသူတွေအတွက် အကောင်းဆုံး Website များဖြစ်တဲ့

၅၀။ MMSD (Myanmar Mobile Software Developer)

၅၁။ MMAS (Myanmar Mobile Application Store)

၅၂။ Mobile Knowledge

၅၃။ ကိုနီကာရာစုသစ်

၅၄။ မြန်အောင်သား

၅၅။ Mobile House

၅၆။ မိုးသကြား

၅၇။ ပျဉ်းမနားသား

၅၈။ Myanmar IDroid Free Download

၅၉။ Zealot Mobile Sharing

- မြန်မာနိုင်ငံရဲ့ Model များကို အကောင်းဆုံးကြည့်ရူနိုင်မည့် Website များဖြစ်တဲ့

၆၀။ Myanmar Celebrity

၆၁။ Myanamar Model

၆၂။ MM Girl

၆၃။ MM Sexy Girl

၆၄။ နတ်သမီး

၆၅။ Cute Burmese Girl

၆၆။ Model Myanmar

၆၇။MM Model

- အသစ်ထွက်မြန်မာသီချင်းများကို အကောင်းဆုံး Download လုပ်နိုင်မည့် Website
များ

၆၈။ Myanmar Muzic Box

၆၉။Myanmar Song

၇၀။ Myanmar hip hop Channel

၇၁။ Myanmar Mp3

အစရှိသည့် Website ပေါင်းများစွာပါဝင်ပါသည်။

Google Play Store မှာ ဒေါင်းလုဒ်လုပ်ပြီး Vote နဲ့ Review လေးရေးပေးပါအုံး
:)
https://play.google.com/store/apps/details?id=com.phyochan.breakingnew

Developed By Phyo Chan

Made In Myanmar :)



Google Play ကဒေါင်းလို့မရတဲ့သူတွေအတွက်လည်းအောက်မှာတိုက်ရိုက်ရယူနိုင်ပါတယ်...


Download Here
Credit To - MMSD

ပျဉ်းမနားသားBlogမှDownloadလုပ်မည့်သူများမဖြစ်မနေဖတ်ပေးပါ


Download ပြုလုပ်လို့မတတ်ပါဘူးဆိုတဲ့ သူများအတွက် ဒေါင်းနည်းများတင်ပေးလိုက်ပါတယ်...ကျနော်တို့
ဖိုင်တွေကိုတင်ရင် ADSL , WCDMA , CDMA , GSM ဒီအင်တာနက်လိုင်းများကို သုံးပြီးတော့သာ ဖိုင်တွေကိုတင်ပေးပါတယ်...တကယ်လို့မိမိဒေါင်းသည့်ဖိုင်သည် Access Denied ပြနေလျှင်မိမိရဲ့အင်တာ
နက်လိုင်းကြောင့်သာဖြစ်ပါတယ်...

- Download မရဘူးဆိုရင် "ဒေါင်းမရဘူး" လို့အော်သွားတာထက် မိမိကိုယ်တိုင်က မည်သို့မည်ပုံဒေါင်းတယ်..ဒေါင်းလိုက်ရင် ဘယ်လို Error တက်တယ်ဆိုတာ အသေးစိတ်ပြောစေချင်ပါတယ်..ဒီလိုအသေးစိတ် ပြောပြပေးသော Comment များကိုအမြန်ဆုံးစစ်ဆေးဖြေ
ရှင်းပေးမှာဖြစ်ပြီး ပြီးစလွယ်ပြောသွားသော Comment များကို စဉ်းစားဖြေရှင်းပေးမှာမဟုတ်ပါ..ကျနော်တို့
မှာ Download Link ပေါင်းများစွာကို ထိန်းချုပ်နေရတဲ့အတွက် အခုလိုပြောပြခိုင်းရခြင်းဖြစ်ပါတယ်။

- Mediafire မှမတင်ခိုင်းပါနှင့်... နည်းပညာသမားများအတွက် Mediafire သည် မဟာရန်သူတော်ဖြစ်ပါ
တယ်.. အဲဒီမှာတင်တဲ့ဖိုင်တွေသည် ဒေါင်းရင်လွယ်ပါတယ်..မြန်ပါတယ်..Crack , Keygen ဖိုင်တွေအဲဒီ
မှာလုံးဝ လုံးဝတင်ပေးလို့မရပါ..တစ်လအတွင်းပျက်ပါတယ်...နည်းပညာသမားတိုင်းလက်တွေ့ခံစားခဲ့
ရသော Mediafire ဖြစ်ပါတယ်။

- မည်သည့်ဝါရင်သည့်နည်းပညာသမားမဆို တင်ထားသည့်ဖိုင်များ ကြာရှည်ခံမည့် နေရာများ ဥပမာ Solidfiles , Verzend.be , uppit.com , tusifles စသည်တို့ကိုသာရွေးချယ်ကြပါတယ်..အဲဒီမှာဘဲတင်ကြ
တာများပါတယ်..ဒီနေရာတွေက ဒေါင်းရတာအင်မတန်မှအဆင်ပြေပါတယ်... အခြားနိုင်ငံခြားဆိုဒ်တွေမှာ
လိုက်ဒေါင်းကြည့်ပါ...ဖိုင်လေးတစ်ခုကိုဒေါင်းရဖို့အတွက် ဘယ်လောက်တောင်ခက်ခဲသည်ဆိုတာ ဒေါင်း
ဖူးသူများ သိကြပါတယ်..

- ဒါကြောင့် ဒါလောက်လွယ်ကူတဲ့နေရာများမှာတင်ထားပေးကြတာဖြစ်တဲ့အတွက် ဒေါင်းတဲ့သူဘက်က
လည်း မိမိရဲ့ညှစ်အားကို နည်းနည်းလောက်အသုံးပြုဖို့အကြံပြုပြောကြားလိုပါတယ်..

-နောက်ဆုံးပြောပြလိုတာက www.solidfiles.com မှာတင်ထားသည့်ဖိုင်များသည် အလွန်အင်မတန်မှ
Link သေခဲပါသည်..ဒေါင်းရတာလဲအဆင်ပြေပါသည်..သို့သော် တစ်ခါတစ်ရံ 505 Tempo Error တက်
ပြီးဒေါင်းမရဖြစ်တတ်ပါသည်..ထိုသို့ဖြစ်ရင် နောက် 24 နာရီပြည့်မှ လာဒေါင်းပါ..ဒါမှမဟုတ် အခြားနေရာ
နယ်မြေက သူငယ်ချင်းကိုဒေါင်းခိုင်းပြီး အခြားမိမိနှစ်သက်တဲ့နေရာမှာပြန်တင်ခိုင်းပါ..

-နည်းပညာသမားများကတော့ အများအတွက်..ရေရှည်အတွက် ကိုကြည့်ပြီး Link သေခဲသည့်နေရာများ
တွင်သာ တင်ကြမှာဘဲဖြစ်ပါတယ်...အလွယ်ရတဲ့နေရာမှာတင်လို့ Link သေသွားရင် ဘယ်လိုမှပြန်တင်
ဖို့မလွယ်ကူသလို..Website ပိုင်ရှင်အပေါ်ကိုလည်း လေးစားမှု အားထားမှုလျော့ကျသွားမှာဖြစ်ပါတယ်..
ထို့အပြင် စုတ်ပြတ်သတ်နေတဲ့ မြန်မာအင်တာနက်လိုင်းကိုအသုံးပြုနေကြခြင်းဖြစ်သည့်အတွက် နောက်
တစ်ခါထပ်တင်ပေးဖို့က ပိုလိုတောင်မဖြစ်နိုင်ပါသေးတယ်...အခု Download ပြုလုပ်နည်းများတင်ပေး
လိုက်ပါတယ်။ အဆင်ပြေကြပါစေ


Adf.ly
 Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကို
တော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ
ဥပမာ http://adf.ly/Pq94y လင့်မျိုးပေါ့
အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
5 second လောက်စောင့်ပေးရမယ်
 
ပြီးမှ SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ
 
ဒါက ADF.LY ကျော်နည်းလေးပါ 
Adfoc.us လည်းဒီအတိုင်းပါဘဲ... 6 စက္ကန့်စောင့်ပြီး SKIP နှိပ်လိုက်တာနဲ့ ဒေါင်းရမယ့်နေရာကို ရောက်ပါလိမ့်မယ်.. SKIP မပေါ်ဘူးဆိုရင် ထပ်မံပြီး Loading ပြန်လုပ်ပါပေါ်လာပါလိမ့်မယ်။

 
TusFile မှဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Share Beast မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
Zippyshare မှ ဒေါင်းနည်း
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
VERZEND.BE မှ ဒေါင်းနည်း

Uppit.com မှဒေါင်းလိုလျှင်
6စက္ကန့်စောင့်ပြီး Generate Link ကိုနှိပ်လိုက်ရင် Download ဆိုတာလေးပေါ်လာပါလိမ့်မယ်။ဒေါင်းနိုင်ပါပြီ
Fileswap မှဒေါင်းလိုလျှင်
 Slow Download ဆိုတာကို နှိပ်ပြီးဒေါင်းရုံပါ
Solidfiles မှဒေါင်းလိုလျှင် 
 Download (  MB )  ဆိုတဲ့ခလုပ်အစိမ်းကိုနှိပ်ပါ
တစ်ခါတစ်ရံ 505 Tempo Error တက်လျှင်ဒေါင်းမရတတ်ပါ.. Link သေတာမဟုတ်ပါဘူး..နောက်တစ်နေ့မှဒေါင်းပါ။

4Shared မှာ Download ပြုလုပ်ချင်ရင်တော့ http://www.mmithelper.com/2013/09/4-shared-download.html မှာကြည့်ပါ
ကဲ..ကျနော်ကတော့ ဘယ်လိုဒေါင်းရမယ်ဆိုတာတွေပြောပြီးသွားပါပြီ...အပြည့်စုံဆုံးပြောပြထားခြင်းပါ 
အားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်မျာ.
Credit To - ( Myanmar IT Helper )

Sunday, February 16, 2014

SAMSUNG 4.3 တွေ warranty မပျက်အောင် root မယ်


Ref : MPX Team
ပိုစ့်ရေးသားသူ-galaygachay

Samsung 4.3 S3/S4/Note 2/ Note 3 Devices တွေကို Knox 0*0 ဖြစ်အောင်လို့ကို

root လို့ရပါမယ် ဒါဆို warranty လည်းမပျက်တော့ဘူးပေါ့ဗျာ


smaung usb driver ရှိရမယ်

debugging on ထားရမယ်

bat file လေးကိုဘဲ run ပေးရမှာဖြစ်ပါတယ် လွယ်လွယ်လေးပါ

Download Here

Mobile USB Drivers v2.0


Mobile Driver တွေရှာဖွေရတာလွယ်ကူအောင်လို့ကိုစိုးဝင်းကနေပြီးတော့Mobile USB Driver 2.0

ကိုရေးသားလိုက်ပါတယ်...။
build by : soe win
Credit To - Ko Soe Win
DOWNLOAD

Link 1
Link 2

၅.၅ လက်မ HTC Desire 8


Ref :
Myanmar Digital Life Journal

HTC က မကြာမီ မှာ Desire မျိုးဆက် စမတ်ဖုန်း တစ်လုံးကို ထုတ်ဖော်ပြသမယ့် ပုံပေါ်ပါတယ်။ အဲဒီဖုန်း ရဲ့ Specification တွေနဲ့ ဓာတ်ပုံ တွေ ထွက်ရှိလာပါတယ်။ HTC Desire 8 ဖြစ်ပြီး စွမ်းဆောင်ရည် အလယ်အလတ် ရှိမှာဖြစ်ပါတယ်။ ထွက်ပေါ်လာ တဲ့ သတင်းအရ ၅.၅ လက်မအရွယ် Display တပ်ဆင်ထားပါတယ်။ Android 4.4 KitKat လည်ပတ်မောင်းနှင်မှာဖြစ်ပါတယ်။ 13 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ စပီကာ နှစ်ခု ပါရှိပြီး SIM Card နှစ်ခု အသုံးပြုနိုင်ပါတယ်။ ပလတ်စတစ် ကိုယ်ထည် ကို အသုံးပြုထားပြီး အနီ၊ လိမ္မော် ၊ အ၀ါ ၊ အပြာ ရောင်များ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Home, Back ,Menu Button များကို On-Screen ခလုတ်များအနေဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။

ဓာတ်ပုံ ထဲမှာ March 18 နဲ့ ဘေဂျင်း တည်နေရာ ကိုဖော်ပြထားတဲ့အတွက် ဒီလ ထဲမှာ ကျင်းပမယ့် Mobile World Congress မှာ Desire 8 ကို ထုတ်ဖော်ပြသမှာမဟုတ်ဘဲ March လမှသာ ဘေဂျင်း မှာ ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပါတယ်။ HTC က Desire 8 ကို အာရှ မှာ အဓိက ရောင်းချဖို့ ရည်ရွယ်ထားပုံရပါတယ်။

အငြင်းပွားဖွယ် မရှိတဲ့ သတ္တုများ အသုံးပြုဟု Apple အခိုင်အမာ ပြောဆို


Ref : Smart Pro Journal
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်တွင် Apple ဟာသူရဲ့ ထုတ်ကုန်တွေမှာ သတ္တုအသုံးပြုမူကို အငြင်းပွားဖွယ်မရှိနိင်တဲ့ သတ္တုတွေကို
အသုံးပြုလျက်ရှိတယ်လို့ Third-party စာရင်းစစ်သူများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို့ သတင်းကတော့ ကုမ္ပဏီကို ထောက်ပံထားတဲ့အချိတ်အဆက်ထဲမှာပါဝင်ပြီး multi level မှာရှိတဲ့ စာရင်းစစ်ဆေးခြင်း 451ပေါ်မှာ အခြေခံထား
တာလို့ သိရပါတယ်။

Apple ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ i Phone မှာဆိုရင်တော့ အာဖရိကတိုက်ဖက်ခြမ်း၊ ကွန်ဂိုနိင်ငံမှ မြောက်မြားစွာလာလေ့ရှိသော Tantalum ( tantalium) သတ္တု
တစ်မျိုးကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ထို သတ္တုဟာဆိုရင် ဓာတု element တစ်ခု ဖြစ်ပြီး ဓာတုဗေဒနာမည် သင်္ကတ Ta ဖြင့်ဖော်ပြလေ့ရှိကာ atomic number
ကတော့ 73 ဖြစ်ပါတယ်။ အဆိုပါ သတ္တုဟာဆိုရင် ထိုဒေသမှာ ရှိတဲ့ သူပုန်အုပ်စုအချို့နဲ့ ပြသာနာ အနည်းငယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ သတ္တုကျိုချက်ရေးနဲ့ သန့်စင်ရေးတွေမှာ ပါတဲ့ သတ္တုတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကတော့ Tin လို့ခေါ်တဲ့ သံဖြူဒြပ်စင်၊ tantalum ၊ အဖြိုက်နက်၊
ရွှေ စသည့်တို့ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

Sony Xperia G


Ref : Smart Pro Journal
Mobile world congress မတိုင်ခင် ယခုလောလောလတ်လတ်ပေါ်ထွက်လာတဲ့ သတင်းလေးပါ။ Sony ရဲ့ အသစ်စစ်စစ် အလတ်စားအဆင့်မှာ ရှိတဲ့ Flagship
အမျိုးအစား ဖုန်းဖြစ်ပြီးတော့

ယခုလအတွင်း မကြာမီလာမည့် MWC မှာတရားဝင် ထုတ်ဖော်ပြသမှာ ဖြစ်တယ်လို့ ခန့်မှန်းထားရပါတယ်။
ယခုတွေ့ရှိရတဲ့ ဓာတ်ပုံ နှစ်ပုံကတော့ Xperia Gရဲ့ အစိတ်အပိုင်း အချို့ကို ၀ိုးတ၀ါးဖြစ်စေမူတွေနဲ့အတူပေါ်ထွက်လာပြီး ပြောဆိုနိင်စေခဲ့ပါတယ်။
LTE, အတွင်းမှတ်ဥာဏ် 8GB, 8 megapixel ကင်မရာ ဖြစ်ပြီး 4.8 လက်မရှိတဲ့ မျက်နှာပြင် ဖြစ်တယ် ဆိုတာကိုပါ။

အပြင်ပိုင်းတွေအနေနဲ့ကတော့ သေးသွယ်ပါးလွှာတဲ့ ဆိုဒ်နဲ့ အရင်ထွက်ရှိခဲ့ဖူးတဲ့ Xperia Z1S ရဲ့တူညီတဲ့ ဒီဇိုင်းတို့ဖြင့် အလယ်အလတ်အစားရှိတဲ့ ဖုန်းတစ်လုံးအနေနဲ့
G ကို ဖြစ်စေနိင်ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ထို ဖုန်းရဲ့ပုံတွေဟာ ဒီထက်ပိုတဲ့ အသေးစိတ်အချက်အလက် တိတိကျကျကို ထပ်မံပြောပြနိင်ဖို့ လျော့နည်းနေပါတယ်။

သို့ပေမဲ့ မကြာတော့တဲ့ နောက်တစ်ပတ်လောက်မှာ ထိှု့Sony Xperia G အကြောင်းနဲ့ ဈေးနှုန်းတိတိကျကျတို့ကို သိနိင်လာတော့မှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

Nokia X ဖုန်း အစိမ်းရောင် ပေါ်ထွက်လာ


Ref : Smart Pro Journal
Nokia ဟန်းစက်တွေကိုမှ ကိုင်ချင်ကြသူများ အတွက် Nokia X လို့ခေါ်ဝေါ်တဲ့ အစိမ်းရောင်လေး ထွက်ပေါ်လို့ လာပြန်ပါပြီ။ Nokia ဆိုသည့်အတွက် အသုံးပြုရတာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

မျက်နှာပြင် ၄ လက်မဖြစ်သည့် အတွက်ကြောင့် သယ်ဆောင်ရ အဆင်ပြေစေမယ့် ဟန်းစက်တစ်လုံး ဖြစ်ပါတယ်။ Processor ကတော့ Qualcomm S4 ဖြစ်ပြီး ကင်မရာ အနေနဲ့ကတော့ 3-megapixel ဖြစ်ပါတယ်။ ဒါ့အပြင် storage ပိုင်းကို 4GB သုံးထားပြီး RAM ကတော့ 512MB ဖြစ်ပါတယ်။ microSD ကို တိုးချဲ့ပြီး အသုံးပြုနိုင် ပါတယ်။ ကြာရှည်ခံအောင် ဘတ္တရီကို 1500mAh အသုံးပြုထား ပါတယ်။

Android ဗားရှင်းကတော့ အနည်းငယ် နိမ့်သောလည်း အဆင်ပြေစေမှာပါ။ Android ဗားရှင်းကတော့ 4.1 ဖြစ်ပါတယ်။

ပိုစ့်ရေးသားသူ - ကျော်လင်းနိုင် (www.smart.com.mm)

Saturday, February 15, 2014

Zapya v2.1(US version) apk for Android 2MB


Zapya ဆိုရင်ဘာလဲဆိုတာ ပြောစရာမလိုလောက်တော့ဘူးနဲ့ တူတယ်။
အခု update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။အောက်ကလိပ်စာမှာ
ရယူလိုက်ပါ။အဆင်ပြေပါစေ။

Download
============
Credit To - MMAS

ဖုန်းအတွင်းပိုင်းအကြောင်း


Boost Coil

Boost Coil ရဲ့ အရွယ် အစားက သာမာန် အကြွေစေ့ထက် အနည်းငယ်ပိုကြီးပါတယ်၊ သူ့အရောင်က အနက်ရောင်ဖြစ်ပီ၊ နှိပ်လို့ရတဲ့ ခလုပ်တစ်ခုနဲ့တူပါတယ်၊ သူ့ရဲ့ အလုပ်လုပ်တဲ့ Function က လျှပ်စစ်စီကြောင်း မြင့်တင်ပေးဖို့ပါ၊ Boost Coil ပျက်ရင်တော့လဲပေါ့၊

Coil

Coil ကိုတော့ ဖုန်း PCB တစ်ရှောက် နေရာတိုင်းမှာတွေ့နိုင်ပါတယ်၊ အရွယ်အစားလဲ အမျိုးမျိုး နဲ့ရှိပါတယ်၊ Coil တွေကို အရောင်နှစ်မျိုးနဲ့ တွေ့ရှိပါတယ်၊ နက်ဖြူ ရောင်နဲ့ ပြာဖြူရောင်တို့ပါ၊ သူတို့ အထဲမှာ ကြေးနီကြီုးတွေ ရစ်ပက်ထားတာ တွေ့နိုင်ပါတယ်၊ သူရဲ့ အလုပ်ကတော့ လျှပ်စစ်စီးကြောင်းနဲ့ လျှပ်စစ်ဗို့အား ကို ရှော့ချပေးရပါတယ်၊

Capacitor

ဖုန်းထဲမှာ Capacitor သုံးမျိုးပါရှိပါတယ်၊

None-Electrolytic Capacitor: Phone ရဲ့ PCB ထဲက နေရာပေါင်းစုံမှာ Non-Electrolytic Capacitor ကို တွေ့နိုင် ပါတယ်၊ သူ့က Chip resistance ရဲ့ အရွယ်ထက်နည်းနည်းပိုမြင့်ပါတယ်၊ သူ့အရောင်က အညို ၊ အ၀ါ ၊ မီးခိုးရောင် တွေပါ၊ သူ့မှာ Positive အပေါင်း တို့ Negativ အနုတ်တို့မရှိပါဘူး၊ သူ့အလုပ်က တိုက်ရိုက် လျှပ်စစ် ကို စစ်ထုတ်ပေး ရတာပါ၊

Electrolytic Capacitor: ကိုလဲ ဖုန်းရဲ့ PCB တစ်လျှေက်လုံးမှာ တွေ့ရပါတယ်၊ သူ့အရွယ်အစားက အထက်က ရှင်းခဲ့တဲ့ None-Electrolytic ထက်ပိုပီး ကြီးပါတယ်၊ သူ့ကို အ၀ါရောင် ပေါ်မှာ အညိုရောင် အဆင်းတွေနဲ့ တွေ့နိုင်သလို အနက်ရောင်ပေါ်မှာ အဖြူရောင် အဆင်းတွေနဲ့လဲ တွေ့နိုင်ပါတယ်၊ အဆင်းတွေပါတဲ့ ဘက်က Positive အပေါင်း ဖြစ်ပီး အဆင်းမပါတဲ့ အပိုင်း ကတော့ Negative အနုတ်ဘက်ဖြစ်ပါတယ်၊ သူ့အလုပ်က လျှပ်စစ် စစ်ထုတ်ဖို့နဲ့ သိုလှောင်ဖို့ အတွက်ပါ၊

Network Capacitor တွေကိုလဲ ဖုန်းရဲ့ အစိတ်အပိုင်း အားလုံးမှာရှာတွေ့နိုင်ပါတယ်၊ သူ့ကို Non-Electrolytic Capacitors နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ ပမာဏတွေနဲ့ ပေါင်းစပ်ပီး လုပ်ထားတာပါ၊


Coupler

Coupler ကတော့ လျှပ်စစ် Hardware (component) တစ်ခုဖြစ်ပါတယ်၊ သူ့ကို ဖုန်းရဲ့ Network Section မှာရှာတွေ့နိုင်ပါတယ်၊ သူ့ရဲ့ အရောက်က အနက် သို့မဟုတ် အဖြူရောင်ဖြစ်ပါတယ်၊ သူ့မှာ ပင်(pins) ၁၂ ခုပါတယ်၊ ဘယ်ဘက် ၆ ခု ညာဘက် ၆ ခုပေါ့၊ သူ့အလုပ်က Network ကို စစ်ထုတ်ပေးဖို့ပါ၊ Coupler ပျက်ရင် ဖုန်း Network ပျက်ပါပီ၊

Diode
Diodes အမျိုးအစား ၄ မျိုးရှိပါတယ်၊

Rectifier Diode တွေကိုတော့ အနက်ရောင် နဲ့ တွေ့ရမှာဖြစ်ပီး သူ့ရဲ့ အလုပ်က AC လျှပ်စစ်ကနေ DC လျှပ်စစ်ကိုပြောင်းပေးတာပါ၊ သူပြောင်းပေးတဲ့ လျှပ်စစ်တွေကို ဦးတည်ရာ လမ်းကြောင်းတစ်နေရာထဲကိုပဲဖြန့်ပေးပါတယ်၊ လမ်းကြောင်းပြောင်းပြန် လျှပ်စစ်ဖြန့်တာတွေဘာတွေမလုပ်ဘူး၊

LED ကိုတော့ အဖြူနဲ့ အ၀ါဖျော့ အရောင်နဲ့ တွေ့ရမှာဖြစ်ပီး သူ့အလုပ်ကတော့ အလင်းရောင် ထုတ်လွင့် ပေးဖို့ဖြစ်ပါတယ်၊

Zener Diode ကိုတော့ ဘယ်ထရီ အားဖြည့်တဲ့ အစိတ်အပိုင်းမှာတွေ့ရမှာဖြစ်ပီး သူ့ရဲ့ အလုပ်က လျှပ်စစ် စစ်ထုတ်ပေးခြင်းနဲ့ လျှပ်စစ်ပမာဏကို အသေးဆုံးဖြစ်အောင်ချုံ့ခြင်း စစ်ထုတ်ပီး ချုံ့ပြီး လျှပ်စစ်ကို ဆက်လက်စီဆင်းစေခြင်းတို့ပါ၊ Zener diode မှာ ရှိတဲ့ လျှပ်စစ် သိုလှောင် တဲ့အခါ 4V , 6V, 8V စသဖြင့် တိကျတဲ့ သိုလှောင်တဲ့ စနစ်ကိုသုံးပါတယ်၊

Photo Diode ကိုတော့ အနီအောင်ရောင်ခြည် ဖမ်းဖို့အတွက် အသုံးပြုပါတယ်၊

Regulator

Regulator လို့ခေါ်တဲ့ Hardware Component ကို ဖုန်းရဲ့ အစိတ်အပိုင်း မျိုးစုံမှာတွေ့နိုင်ပါတယ်၊ သူ့ရဲ့ အရောင်က အနက်ရောင်ဖြစ်ပီး ပင်(pins) ၅ ခု (သို့) ခြောက်ခုပါတယ်၊
သူ့ရဲ့ အလုပ်က လျှပ်စစ် စစ်ထုတ်ပေးပီး ဗို့အားတွေကို ထိန်းချုပ်ပေးတာ၊

Resistor

Resistance လို့ခေါ်ခေါ် Resistor လို့ခေါ်ခေါ်ပေါ့၊ PCB ပေါ်မှာ resistance နှစ်မျိုးရှိပါတယ်၊

Chip Resistance ကို ဖုန်းရဲ့ နေရာ အစိတ်အပိုင်း အစုံမှာတွေ့နိုင်ပါတယ်၊ သူ့အရောင်က အနက်ရောင်၊ တစ်ချို့ဖုန်းတွေ မှာတော့ အပြနဲ့ အစိမ်းရောင်တွေနဲ့ တွေ့နိုင်ပါတယ်၊ သူ့ရဲ့ အလုပ်တွေကတော့ လျှပ်စစ်စီးကြောင်းကရဲ့ ပမာဏကို ရှော့ပေးပီး ဆက်လက်စီးဆင်းစေပါတယ်၊

Network Resistance ကိုလဲ ဖုန်းရဲ့ အစိတ်အပိုင်းပေါင်းစုံမှာတွေ့နိုင်ပါတယ်၊ သူ့ကို Chip Resistance နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ ပမာဏနဲ့ ပြုလုပ်ာထားပါတယ်၊

Transistor

Transistor တွေကိုဖုန်းရဲ့ အစိတ်အပိုင်း အားလုံးမှာတွေ့နိုင်ပါတယ်၊ သူ့ရဲ့ အရောင်က အနက်ရောင်ပါ၊ သူ့မှာ ပင်(pins) သုံးခုပါပါတယ်၊ သူ့အလုပ်ကတော့ switching လုပ်တဲ့အလုပ်ပါ၊.

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/ahRVbe

ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊
Ref & Credit -
BrighterMyanmar

Viber v4.2.1.1 Apk 19Mb


Viber အသုံးပြု တဲ့သူငယ်ချင်းတွေအတွက် update လေးပါ အသစ်အသုံးပြုချင်တယ်ဆိုရင် အောက်က လင့်မှာ ရယူနိုင်ပါတယ်

http://adf.ly/dcTqH


http://adf.ly/dcTwU

Credit To - အမျိုးကောင်းသား

Related Posts Plugin for WordPress, Blogger...