ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Sunday, February 16, 2014

၅.၅ လက်မ HTC Desire 8


Ref :
Myanmar Digital Life Journal

HTC က မကြာမီ မှာ Desire မျိုးဆက် စမတ်ဖုန်း တစ်လုံးကို ထုတ်ဖော်ပြသမယ့် ပုံပေါ်ပါတယ်။ အဲဒီဖုန်း ရဲ့ Specification တွေနဲ့ ဓာတ်ပုံ တွေ ထွက်ရှိလာပါတယ်။ HTC Desire 8 ဖြစ်ပြီး စွမ်းဆောင်ရည် အလယ်အလတ် ရှိမှာဖြစ်ပါတယ်။ ထွက်ပေါ်လာ တဲ့ သတင်းအရ ၅.၅ လက်မအရွယ် Display တပ်ဆင်ထားပါတယ်။ Android 4.4 KitKat လည်ပတ်မောင်းနှင်မှာဖြစ်ပါတယ်။ 13 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ စပီကာ နှစ်ခု ပါရှိပြီး SIM Card နှစ်ခု အသုံးပြုနိုင်ပါတယ်။ ပလတ်စတစ် ကိုယ်ထည် ကို အသုံးပြုထားပြီး အနီ၊ လိမ္မော် ၊ အ၀ါ ၊ အပြာ ရောင်များ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Home, Back ,Menu Button များကို On-Screen ခလုတ်များအနေဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။

ဓာတ်ပုံ ထဲမှာ March 18 နဲ့ ဘေဂျင်း တည်နေရာ ကိုဖော်ပြထားတဲ့အတွက် ဒီလ ထဲမှာ ကျင်းပမယ့် Mobile World Congress မှာ Desire 8 ကို ထုတ်ဖော်ပြသမှာမဟုတ်ဘဲ March လမှသာ ဘေဂျင်း မှာ ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပါတယ်။ HTC က Desire 8 ကို အာရှ မှာ အဓိက ရောင်းချဖို့ ရည်ရွယ်ထားပုံရပါတယ်။

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...