ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်
Blogတွင်ရှာဖွေရန်
Wednesday, July 10, 2013
Android Deleted Pattern Lock & Root
ကဲ လာပြီဗျို့ 
Shuame တဲ့
အဟောင်းလေးပေမယ့် မရိုးနိုင်အောင် အလုပ်လုပ်ပေးနေသေးတဲ့
ဆော့ဝဲလေးပါ ဒီဆော့ဝဲလေးကတော့ pattern lock ချပြီးမေ့သွားတဲ့ သူတွေအတွက်အဆင်ပြေသလို
Android ဖုန်းတော်တော် များများ ခုခေတ်အခေါ် ဂလုံးဖုန်းတွေ တရုတ် Android Tablet တွေကိုလဲ
နိုင်နိုင် နင်းနင်းနဲ့ root ပေးနိုင်သေးပါတယ် version 2.3.6 အထိတော့ ရှိသမျှအားလုံးလိုလို
root ပေးနိုင်ပါတယ် ဒီဆော့ဝဲလေးက ကိုယ်သုံးတတ်ရင် သုံးတတ်သလို အသုံးတည့်ပါတယ်
ဒီဆော့ဝဲလေးကို အသုံးပြုပြီး recovery ဝင်လို့ ရမည် fastboot လည်းဝင်လို့ ရပါတယ်
လိုချင်တယ်ဆိုရင်တော့ ဒီနေရာ မှာ ဒေါင်းပါ
ဒေါင်းလို့ ရတဲ့ဆော့ဝဲလေးကို zip ဖြေပြီး pc မှာ install လုပ်လိုက်ပါ
ဖုန်းကို diver သိအောင်  Unknown sources & USB debugging ကိုအမှန်ခြစ်ပြီး
ကြိုးထိုးလိုက်ပါ မိမိဖုန်းက diver သိတယ်ဆိုရင်တော့ ဒီလိုလေးလာပေါ်မှာပါ
ဒါက ကျနော်က HTC ကိုကြိုးထိုးထားတာမို့ ပါ မိမိစက်မှာတော့ မိမိအသုံးပြုမည့်ဖုန်း ကိုလာပေါ်မှာပါ
ပြီးရင်တော့  အပေါ်ဘားပေါ်က ၅ကွက်မြောက် အကွက်လေးကို နှိပ်လိုက်ပါ ဒါဆိုရင်တော့ ဒီလိုလေးလာပေါ်မှာပါ
ကိုယ်က pattern lock ဖျက်မှာဆိုရင် ကိုဖျက်မဲ့ ဖုန်းအမျိုးအစားကိုရွေးပါ အမျိုးအစားကရေးထားတဲ့အထဲမပါရင် အပေါ်က အပျောက်ကွက်လေးတွေပါတဲ့ Detele pattern lock
ကိုသာနှိပ်ပါ ပြီးရင် ဒီလိုလေးလာပေါ်နေပါလိမ့်မည်
ဒီလိုလေးလာပေါ်နေရင် အောက်ညာဘက်ထောင့်က အပြာလေးကို နှိပ်ပြီးသာစောင့်နေလိုက်ပါ
အပေါ်က အပြာတန်းလေးက အမြန်ပြည့်သွားတယ်ဆိုရင်တော့ မိမိလုပ်ဆောင်ချက်ကအောင်မြင်ပါတယ်
လော့ပျက်သွားပါပြီ
အပြာတန်းလေးက ကြာနေတယ်ဆိုရင်တော့ မိမိလုပ်ဆောင်ချက်မအောင်မြင်ပါဘူး
တကယ်လို ကိုယ်က root ဖောက်မယ်ဆိုရင်လဲ အထက်ပါအတိုင်းပါပဲ root ဆိုတဲ့ နေရာလေးကို
နှိပ်ပြီး အပေါ်ပုံအတိုင်း လုပ်ဆောင်လိုက်ပါ အပြာတန်းလေး အမြန်ပြည့်သွားတယ်ဆိုရင်တော့
root ဖောက်ခြင်း အောင်မြင်သွားပါပြီး ဖုန်းကိုဖွင့်သာကြည့်လိုက်ပါ သူကတော့ super user ပုံက
ဒီဆော့ဝဲလေးရဲ့ အားသာချက်က သူမစွမ်းဆောင်နိုင်ရင် မစွမ်းသလို ဘာမှမလုပ်ဆောင်ပဲနေပါတယ်
စွမ်းဆောင် နိုင်လို့  အလုပ်လုပ်ပေးရင်လဲ ဘာ Error မှမတက်ဘူးသူနဲ့ root လို့ ဘာဖြစ်သွားတယ်ဆိုတာမရှိပါဘူး စိတ်ချလက်ချသုံးကြပါ အားလုံးအဆင်ပြေပါတယ်
ဆော့ဝဲလေးကိုတော့ Credit မပေးတော့ပါဘူး ဘယ်သူရေးထားတာလဲမသိလို့ပါ
ဒီဆော့ဝဲလေးက သူငယ်ချင်းပေးတဲ့ ဒေါင်းလော့လင့်လေးကနေ ယူလိုက်တာဆိုတော့ ရှေ့ကရေးတဲ့သူတွေမသိလို့ ပါ
ဆော့ဝဲလေးရေးပေးတဲ့ အကိုတို့ကို ကျေးဇူးပါ
အားလုံးအဆင်ပြေကြပါစေ စေတနာမွန်ဖြင့်
ညမင်း သားလေး
Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...