ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Friday, October 18, 2013

iPhone 5s တွင် Blue screen error တက်နေ..

iPhone 5s တွင် Windows ကွန်ပျူတာမျာတွင် ဖြစ်တတ်သော Blue screen error ပေါ်လာပြီး iDevice ကို forced reboot လုပ်တာကို သုံးစွဲသူအချို့ ကြုံတွေနေရကြောင်း သတင်းပေးပို့ထားပါတယ်။ အပြာရောင်မျက်နှာပြင် Blue Screen Of Death (BSOD) ဟာ iPhone 5s တစ်မျိုးထဲမှာ ဖြစ်နေပြီး၊ Apple ရဲ့ နောက်ဆုံးထုတ် မော်ဒယ်များမှာ Free ထည့်သွင်းပေးထားတဲ့ "iWork" App ထဲက Apps တွေအချင်းချင်း အပြန်အလှန် အကူးအပြောင်း (Multitasking) လုပ်နေတဲ့ အချိန်များမှာ မကြာခဏဆိုသလို blue screen ပေါ်လာပြီး အလိုလျှောက် reboot ဖြစ်နေတတ်တယ်လို့ သတိပြုမိသူတွေက Apple ကို report လုပ်ထားပါတယ်။

Apple က iOS 7.0.2 ကို Lock screen security bugs တွေက် ပြန်လည်ပြုပြင်ပြီး ထုတ်ပေးထားပေမယ့် reboot ဖြစ်နေတဲ့ပြဿနာ အတွက်တော့ မပါသေးပါဘူး။ လောလောဆယ် Blue screen error က သက်သာစေဖို့အတွက် ဆိုရင် Pages, Keynote နှင့် Numbers Apps တွေကို iCloud နဲ့ Sync လုပ်တာကို ပိတ်ထားဖို့ အကြံပြုထားပါတယ်။ 


Credit to : iC & မိုးသိကြား

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...