ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Wednesday, July 31, 2013

Huawei ဖုန်းတွေ software ရေးချိန်မှာ fail ဖြစ်ဖြစ်သွားပြီး ရေးမရသောဖုန်းကို Error ရှင်းနည်း


ဒီတခါ ကျနော်တင်ပြချင်တာကတော့ အဖြစ်နည်းပြီး ဖြစ်လာရင်လဲ
ပြသနာတော်တော် တက်တဲ့ Error ရှင်းနည်းလေးပါ

ဒီပို့စ်က ကျနော်ကိုယ်တိုင် ရေရေလည်လည် ပြသနာရှင်းလိုက်ရတဲ့ နည်းလမ်းလေးပါ

ကျနော် ပြသနာတက်သွားတာကတော့ huawei Ascend G510-0200 
bulid number B173 နဲ့ဆုံးတဲ့ ကောင်လေးပါ
ကျနော် ပြသနာစတက်တာကတော့ သိတယ်မလား ဆရာကြီးအထှာနဲ့လေ
ကုဒ်တောင်းပြီးရုရင် ရပါရဲ့နဲ့ ကုဒ်မတောင်းပဲရုလိုက်တာပါ
ရုလုပ်တိုင်းလဲ အဆင်ပြေတာများပါတယ် ဒီတခါတော့ ပြသနာကတက်ပြီဗျ
ကုဒ်မတောင်းပဲ Root ချလိုက်တာ လိုဂိုမှာပဲ လည်ခံနေတော့တာပဲ ရှေ့ဆက်မတိုးတော့ဘူးပေါ့
ဘာမှုမလဲဗျ ဆားဗစ်သမားပဲလေ လွယ်ပါတယ် ဆော့ဝဲပြန်ရေးချလိုက်တာပေါ့
ကဲ ရပြီမထင်နဲ့ဗျ ရေးလို့မရတော့ဘူး ရေးသမျှဆော့ဝဲတိုင်း စတက်2 မှာ fail ဖြစ်ရော
ဒီတော့ ဆရာဆီပြေးပြီ huawei flashing red light ဆော့ဝဲလေးတောင်းပြီး  flashing နဲ့ရေးပါတယ်
မရပြန်ဘူးဗျ ဆရာဆီပြန်သွားရမှာလဲ အားနာတာနဲ့ မြို့ထဲကို G510 နဲ့ပတ်သက်တဲ့ ဆော့ဝဲပါတဲ့ခွေတွေ လိုက်ရှာဝယ်ပြီး တခုပြီးတခုရေးကြည့်တယ် မရဘူး ဒါနဲ့ကိုယ့်ထက်စွမ်းတဲ့သူတွေကို ပလာဇာမှာ သွားရေးခိုင်းတယ် တော်တော်စုံသွားတယ် မရပြန်ဘူး ဆိုင်တဆိုင်က ဘောက်နဲ့ရေးပေးမယ်
၂၅၀၀၀ကျမယ်လို့ပြောတယ် မရရင်လဲ အလျော်ပေးရမှာတူတူ ၂၅၀၀၀အကုန်ခံတော့မယ်ဆိုပြီး အပ်လိုက်တယ် ပြန်လာတော့ ကာစတန်မာက ဘယ်လိုလုပ်ပေးမလဲလို့မေးတယ်
၃ရက်လောက် အချိန်ထပ်ပေးပါလို့ မရရင်အသစ်တလုံးအစားပေးမယ်လို့ ပြောပြီးပြန်လွတ်လိုက်တယ်
နောက်ရက်သွားယူတော့ ဘောက်နဲ့လဲ ရေးတာမရခဲ့ပါဘူး
စိတ်ညစ်ညစ်နဲ့ပြန်လာခဲ့တယ် အဲလောက်အခက်ခဲဖြစ်တယ်ဆိုရင် အခုပြောမယ့်နည်းလေးက
လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်သွားပါတယ်
ပြန်ရောက်တော့ Ascend G510-0200 မဟုတ်တော့ပါဘူး
Android G510-0100 ဆော့ဝဲကို ကျနော်အကိုက ရေးလိုက်တာ ရေးလို့အောင်သွားပါတယ်
ဒါပေမယ့် Android လိုဂိုလေးကနေ မတက်ပြန်တော့ဘူးပေါ့
လျော်ရတော့မယ်လေ မထူးတော့အတူတူ အဲဒီရေးတာအောင်ပြီး လိုဂိုကနေ မတက်လာတဲ့
Android G510-0100 firmware လေးကိုပဲ နောက်တခါထပ်ပြီးရေးလိုက်တာ ဒီတခါတော့ တကယ်
အောင်မြင်သွားပါတယ် ကျနော်လိုပဲ မထင်မှတ်ပဲ ဒီလိုနည်းတူကြုံလာခဲ့ကြရင်
ကျနော် နည်းလေးအတိုင်း ရေးတာအောင်ပြီး လိုဂိုကမတက်လဲ အဲဒီဆော့ဝဲလေးကိုပဲ
ထပ်ရေးပြီး အောင်မြင်မှုကို ရယူနိုင်ကြပါစေ    ဒါပေမယ့် သူ့ရဲ့
Oraginal firmware က Huawei Ascend G510 singapour လုံးပါ ကျနော်ရေးပေးလိုက်တာက
China firmware Android ဖြစ်သွားပါတယ်
အစစအဆင်ပြေကြပါစေလို့ 
စေတနာမွန်ဖြင့် ညမင်း သားလေး

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...