နေပြည်တော် ကွန်ပျူတာဈေးကွက်အတွင်း
Laptop နှင့် Netbook များ ရောင်းချရမှုသည် Desktop
ကွန်ပျူတာများထက်
ရောင်းအားပိုများလျက်ရှိပြီး ထိုသို့ရောင်းချရမှုသည် မိုဘိုင်းဖုန်းများ၏ DATA
သုံးစွဲ၍ရရှိမှုဖြင့် ပတ်သက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဝယ်ယူသုံးစွဲသူအများစုမှာ
အင်တာနက်အဓိကသုံးစွဲလိုသူ လူငယ်/ လူလတ်ပိုင်းအများစုဖြစ်ပြီး
မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်အသုံးပြုကာ အင်တာနက်အသုံးပြုလိုသူများအနေဖြင့်
ပိုမိုဝယ်ယူကြကြောင်း သိရသည်။
“မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ပြီး DATA
သုံးဖို့ လူငယ်တွေလာ ဝယ်တာများပါတယ်။ သိသာတဲ့အချက်က မိုဘိုင်းဖုန်းပေါလာလေ Laptop
& Netbook ပိုရောင်းရလေပဲ” ဟု ကွန်ပျူတာ အရောင်းဆိုင် တစ်ဆိုင်မှ
တာဝန်ရှိသူကပြောသည်။ Laptop များအနေဖြင့်လည်း Desktop ကွန်ပျူတာများဖြင့်
စွမ်းဆောင်ရည် သိပ်မကွာတော့သလို ဈေးနှုန်းအားဖြင့်လည်း ယခင်ကကဲ့သို့
ကွာခြားခြင်းမရှိတော့သဖြင့် လူငယ်၊ လူလတ်ပိုင်းများအနေဖြင့်လည်း
သွားလေရာသို့စတိုင်ကျကျ သယ်ဆောင်သွားနိုင်သော Laptopကို ပိုပြီးဦးစားပေး
ရွေးချယ်လာကြသလို ဈေးနှုန်းချိုသာသော လက်ဖက်ရည်/ အအေးဆိုင်များတွင်လည်း အခမဲ့
Wi-Fi လွှတ်ပေးထားခြင်းမှာ Laptop & Netbook များ ရောင်းအားမြင့်တက်စေသော အချက်အလက်များဖြစ်စေကြောင်း
ဈေးကွက်အတွင်းမှ သိရသည်။
Ref&Credit:Internet Journal
0 comments:
Post a Comment