မြန်မာစာပေါ်တာမမှန်သော Android 4.1/4.2 နှင့်အထက် ဖုန်းများကို မြန်မာစာမှန်ကန်အောင်ပြုလုပ်ပေးမည့် Application ထွက်ရှိလာခဲ့ပါသည်။ ယင်း application ၏အမည်မှာ Fepfz ဟု သိရပြီး Android ဖုန်းဆော့ဝဲဖြစ်သည်။ fepfz ဆော့ဝဲကိုအသုံးပြုရန် ဖုန်းကို root လုပ်ထားရန်လိုအပ်ပါသည်။ ယင်းဆော့ဝဲသည် မြန်မာစာသွင်းပေးမည့်ဆော့ဝဲမဟုတ်ဘဲ မြန်မာစာပါရှိပြီး ဖုန်းများ ၊ မြန်မာဖောင့်သွင်းပြီး မြန်မာစာမမှန်သေးသော ဖုန်းများကိုမြန်မာစာမှန်ကန်စေရန်ပြုလုပ်ပေးမည့် Android application ဖြစ်သည်။ Fepfz ဆော့ဝဲလေးကိုဖန်တီးသူကတော့ Developer Dr.Kyaw Zaw Naing ဖြစ်ပါတယ်။Fepfz v1.0 for Android ကိုအောက်က link မှာရယူုနိုင်ပါတယ်။
fepfz for Android အားရယူရန်Official Link: https://www.facebook.com/fepfz
fepfz for Android အားရယူရန်
fepfz for Android အားရယူရန်
0 comments:
Post a Comment