ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Monday, November 18, 2013

SoftBrick ဖြစ်နေတဲ့ Samsung Galaxy Device တွေကို UnSoft Brick လုပ်နည်း

Softbrick ဆိုတာက Samsung Galaxy Device တွေမှာ ဖြစ်တတ်တဲ့ Case လေးပါ
Firmware အတင်မှားတာပဲဖြစ်ဖြစ်
Odin ကနေ Firmware or Root လုပ်တဲ့အချိန်မှာ မိမိချိတ်ဆက်ထားတဲ့ ကြိုးလွတ်သွားရင်လဲဖြစ်နိုင်ပါတယ်
ဒီပုံလေးကိုကြည့်လိုက်ပါ.. ဒါက SoftBrick အနေအထားပါ

softbrick pic

တချို့ဖုန်းတွေမှာတော့ အဲဒီအနေအထားကနေပဲ Firmware ပြန်တင်ရင်ရနိုင်ပါတယ် ဒါပေမယ့် အင်မတန်မှရခဲတဲ့အနေအထားလေးပါ
ဒီ OneSoftBrick လေးကို ရထားတာတော့တော်တော်ကြာပါပြီ ကိုယ်တိုင်လဲအဲလိုမဖြစ်ဖူးတော့မစမ်းခဲ့ဖူးပါဘူး…ဒါပေမယ့် ဒီနေ့တော့ Note II လေးတစ်လုံး Firmware တွေမျိုးစုံတင် Custom Rom တွေတင်ရင်းနဲ့ Odin ကနေပြန် Flash တဲ့အချိန်မှာ ပဲ အဲဒီကောင်လေးကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်……
ပထမဦးဆုံးကတော့ အဲဒီကောင်လေးကိုမစမ်းသေးဘူးပေါ့နော်
အခြားဘယ်နည်းနဲ့ရနိုင်မလဲဆိုတာကို အရင်လိုက်စမ်းကြည့်ပါသေးတယ်
Kies နဲ့ပြန်လုပ်တော့လဲ N7100 ကို Support မလုပ်ဘူးတဲ့ ..ဘာကြောင့်လဲမသိ
အဲဒီမှာပဲအချိန်တွေကုန်ပြီး တညလုံးနီးပါဖြစ်ခဲ့တာပေါ့နော် ..နောက်ဆုံးတော့လဲ ဒီနည်းကိုပဲဦးတည်ရတော့တာပေါ့……
လွယ်ပါတယ်….ကျတော်တို့ညီအစ်ကိုမောင်နှမတွေ ကြုံကြိုက်ခဲ့ရင် လုပ်လို့အဆင်ပြေအောင် ပြန်တင်ပေးလိုက်တာပါ…
ပထမလုပ်တုန်းကတော့ ဒီအတိုင်းပဲလုပ်လိုက်တာပါ ScreenShot ဖမ်းဖို့ကျတော်တကယ်ကိုမေ့သွားခဲ့တာပါ
ဒါပေမယ့် အခြားသူတွေလဲအဆင်ပြေအောင်ဆိုပြီး ကျတော်အဲဒီကောင်လေးကို Softbrick ဖြစ်အောင်ပြန်လုပ်ခဲ့ပါတယ် (ဖုန်းပိုင်ရှင် {သူငယ်ချင်း} ) သိရင်တော့စိတ်မကောင်းဖြစ်တော့မှာပဲ
ကျတော် လေကြောနည်းနည်းရှည်သွားတယ်ဗျာ ဆောရီးနော်……အမှားပါသွားခဲ့ရင်လဲ စေတနာအမှားတွေလို့ပဲ မှတ်ယူပေးပါခင်ဗျာ
လုပ်ငန်းစရအောင် ………..
အရင်ဆုံး ဒီကောင်လေးကိုဒေါင်းယူလိုက်ပါ  => OneClick Softbrick
ဒေါင်းပြီးရင်တော့ ဇစ်ဖြည်ပေါ့နော်
အထဲမှာ ကျတော် အကုန်လုံးကိုသွင်းထည့်ပေးထားပါတယ်…လုပ်စရာလေးတခုပဲရှိပါတယ် အဲဒါက———-
ဇစ်ဖြည်ပြီးသွားရင် heimdalloneclick ကိုဖွင့်လိုက်ပါ ပြီးရင် အဆင့်ဆင့်သွားပေးပါ
heimdalloneclick – > resources – > HeimdallPackage – > oneclickloader.exe လေးကို RUN ပေးလိုက်ပါ
oneclickloader.exe ကို RUN တဲ့အချိန်မှာအဆင်မပြေတာဖြစ်ခဲ့ရင် Java မရှိသေးလို့ပါ .
မရှိသေးပါက ဒီမှာဒေါင်းယူပါ => Java For 32bit
sb1


exe လေးကို RUN ပြီးရင်တော့  အရင်ဆုံး ဒီပုံလေးအတိုင်းမြင်ရပါလိမ့်မယ်
sb0.1
UnSoftBrick ကိုနှိပ်လိုက်ပါ
Driver[Samsung USB Driver] ရှိရဲ့သားနဲ့ USB Driver Error ဆိုတာကိုပြပါလိမ့်မယ်……အဲလိုပြလို့ Kies ကိုတင်တယ် မရဘူး
Kies ရော Samsung USB Driver ၂ခုစလုံးတင်တယ်မရခဲ့ဘူး :D         ဒီပုံလေးအတိုင်းပါ
sb2

အဲဒီတော့ OK ကိုနှိပ်ပေးလိုက်ပါ……… ဒီအောက်ကပုံလေးအတိုင်းထပ်တက်လာပါလိမ့်မယ်
sb3
အဲဒီအတိုင်းပေါ်လာပြီဆိုရင်တော့ မိမိရဲ့ Device ကို Download Mode ၀င်ပြီး ကြိုးချိတ်ပေးလိုက်ပါ
ပုံထဲကအတိုင်း OK ဆိုတာကိုပေးလိုက်ရင်တော့ ဒီပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်
sb4
အဲဒီမှာ Options ထဲဝင်လိုက်ပါ List All Devices ကိုရွေးပေးလိုက်ပါ ပြီးရင်တော့ USB Device မှာတော့ Gadget Serial ကိုရွေးပေးလိုက်ပါ
sb5
တကယ်လို့ မိမိလုပ်တဲ့အခါ မိမိဖုန်း Model ပေါ်မူတည်ပြီး Gadget Serial ကိုမတွေ့ပါက USB Device ထဲမှ တခုခုကို Install လုပ်ပေးကြည့်ပါ
ပြီးရင်တော့ Install Driver ကိုနှိပ်လိုက်ပါ
Installing လုပ်နေပါလိမ့်မယ်….နည်းနည်းကြာပါတယ် ခဏစောင့်ပေးပါ Install လုပ်နေတဲ့အချိန်  Window Security က သတိပေးလာရင်တော့ AnyWay Install ကိုပဲရွေးပေးလိုက်ပါ
sb6
Driver Install ပြီးဆုံးအောင်ခဏစောင့်ပါ ဒီပုံလေးအတိုင်းပေါ်လာပြီဆိုရင်တော့အဆင်ပြေပါပြိ  :)

sb7
ပြီးသွားရင်တော့ Unsoft Brick ကိုတချက်နှိပ်ပေးလိုက်ပါ
CMD မှာ Unbrick Commanded! လို့ပေါ်သွားပါလိမ့်မယ်
sb8
ပြီးသွားရင်တော့ ဒီပုံလေးအတိုင်းတက်လာပါလိမ့်မယ်  OK ကိုနှိပ်ပေးလိုက်ပါ
sb9
ပြီးသွားရင်တော့ မိမိရဲ့ Device ကိုကြိုးဖြုတ်ပြီးပြန်ဖွင့်လိုက်ပါ….softbrick မဖြစ်ခင် မိမိတင်ထားတဲ့ firmware ကအမှန်ဆိုရင်တော့ boot တန်းတက်လာပါလိမ့်မယ်…… တကယ်လို့ firmware အတင်မှားတဲ့သူကတော့ Download Mode ၀င်ပြီး firmware ပြန်တင်လိုက်ပါ
ဒါပေမယ့် အဲဒီအနေအထားအတိုင်းပဲ Download Mode ၀င်ပြီးချိတ်တဲ့အချိန်မှာ Device ကို Odin ကလုံးဝမသိပါဘူး
အဲဒီတော့ကျတော်တို့ဘာလုပ်ရမလဲ ..Recovery Mode ၀င်ပြီး wipe data/factory reset  & wipe cache partition ချပေးလိုက်ပါ
ပြီးသွားရင် Kies သွင်းထားရင် Kies ကို Uninstall လုပ်ပေးပါ
Samsung USB Driver ကိုတော့ Reinstall လုပ်ပေးပါ…မိမိရဲ့ Computer or Laptop ကို Restart ချပေးပါ
Device ကို Normal အနေအထားအတိုင်း ကြိုးချိတ်လိုက်ပါ.. Driver Installing ပြီးဆုံးအောင်စောင့်ပေးပါ ..ပြီးသွားပြီဆိုရင်တော့ Downoad Mode ၀င်ပြီး  Odin နဲ့ပြန်ချိတ်ကြည့်ပါ…အဆင်ပြေသွားပါလိမ့်မယ်




အဆင်ပြေပါစေ..



Credit to: နောင်နောင် ( http://www.myanmarmobileapp.com )

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...