ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Sunday, December 1, 2013

Galaxy Ace s5830i ကို Stock Firmware ပြန်တင်နည်း

 ပိုစ့်ရေးသားသူ-kjj
Galaxy Ace gt s5830i ကို Firmware ပြန်တင်နည်းလေးပါ....Brick ဖြစ်ပြီး Firmware ဟန်းသွားလို့ပါ...Firmware ဟန်းတယ်ဆိုတာကတော့ Official ထွက်ထားတာမဟုတ်တဲ့ အခြားပြင်ပ Developer တွေရေးထားတဲ့ Custom rom တွေအတင် မှားရင်ပြဲဖစ်ဖြစ်...ပါဝါဖွင့်ရင် Boot logo ကနေမတက်တော့တာကိုပြောတာပါ...အောက်မှဆက်လေ့လာကြည့်ပါ.....

လိုတာလေးတွေဒေါင်းလိုက်ပါ.....
Firmware ယူရန်..
Driver ယူရန်..
Odin ယူရန်...
Pit ယူရန်...

ဒေါင်းလို့ရလာတွေအကုန်လုံးကို Desktop ပေါ်မှာ ဖိုင်တခုဆောက်ပြီးထည့်ထားပါ....ဒေါင်းထားတာ zip အကုန်လုံးကိုဖြည်ထားလိုက်ပါ.....Firmware ကိုဖြည်ရင် * password * mod2xtreme.com ထည့်ပါ.
Driver
ကိုကွန်ပြူတာမှာသွင်းထားလိုက်ပါ.....ကဲအဲအဆင့်ပြီးပြီဆိုရင်ဆက်ပါမယ်....
ဖုန်းကိုပါဝါပိတ်လိုက်ပါ....ဖုန်းက Vol Down+Up ရယ် Power ခလုတ်ရယ်တွဲဖိထားလိုက်ပါ....အောက်ကပုံ ၁ အတိုင်းပေါ်ပါမယ်....

  • ကွန်ပြူတာနဲ့ချိတ် Vol up တချက်နှိပ်ပေးပါ...ပုံ ၂ ကအတိုင်းပေါ်ပါမည်.....



  •   Odin ကိုဖွင့်လိုက်ပါ...odin ရဲ့အပေါ်ဘယ်ဘက်နားက ID:COM အကွက်မှာ Odin ကဖုန်းကိုသိကြောင်း အပြာနုရောင်လေးတွေ့ရပါမယ် ပုံ ၃ ကြည့်....မတွေ့သေးရင် Driver သေချာအောင်သွင်းပါ....
  • အဲလို Odin ကသိပြီဆိုရင် လိုတာတွေဖြည့်ပါမယ်...
  • PIT မှာဒေါင်းထားတဲ့ PIT ဖြည့်ပါ...
  • Bootloader အကွက်မှာ DefaultCalDataWithBoot_S5830iXXLB1_REV00.tar.md5
  • PDA အကွက်မှာ PDA_S5830IXXLA4_REV00.tar.md5
  • Phone အကွက်မှာ MODEM_S5830iXXLA2_REV00.tar.md5
  • CSC အကွက်မှာ GT-S5830i-MULTI-CSC-OXXLA2.tar.md5 အသီးသီးဖြည့်လိုက်ပါ....ပုံ ၃
အပြာဝိုင်းထားတာကို အမှန်မခြစ်ပါနဲ့ခြစ်ထားရင်ဖြုတ်ပါ....ပြီးရင် Start Button လေးနှိပ်လိုက်ပါ...သူဟာသူဆက်လုပ်ပါလိမ့်မယ်..နောက်ဆုံး ID:COM အပေါ်ကအကွက်မှာ PASS ဆိုတာလေးပေါ်လာရင်....အောင်မြင်သွားပါပြီ....ဖုန်း Reboot ဖြစ်ပြီးပြန်တက်လာပါလိမ့်မယ်.... Firmware ပြန်တင်လို့ ပြီးသွားပါပြီ...
အားလုံးအဆင်ပြေပါစေခင်ဗျာ...
Credit-MPX Team

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

1 comments:

  1. အကိုရေ... ကျွန်တော့ ဂလက်ဆီ အက်စ် GT-I 9000 firmware တင်နည်းလေးနဲ့ တင်ပုံ တင်နည်းလေးပါ ရေးပေးပါဦး

    ReplyDelete

Related Posts Plugin for WordPress, Blogger...