ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Sunday, January 19, 2014

ဖုန်းတစ်လုံးနဲ့တစ်လုံးငွေလွှဲပြောင်းပေးခြင်း (သို့) Bill ဖြည့်ပေးခြင်း


ဒီစနစ်လေးကိုတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးငွေလွှဲပေးခြင်း (သို့) Bill ဖြည့်ပေးတယ်လို့ပြောလို့ရပါတယ်အရင်ကတော့ CDMA 800 Mhz ဖုန်းတွေမှာသာအသုံးပြုနိုင်ပြီးအခုဆိုရင်တော့ GSM WCDMA များမှာပါအသုံးပြုလာပါပြီ။ CDMA တွေမှာတော့မိမိ ရှိတဲ့ဘေလ်ကိုမျှပေးလို့ရပြီး GSM တွေမှာတော့ထို့ကဲသို့မျှပေးခြင်းမျိုးမဟုတ်ပဲကြိုတင်ငွေဖြည့်ကတ်အသစ်ကို
အသုံးပြု၍မိမိဖုန်းမှအခြားဖုန်းတလုံးထဲ
ဘေလ်ဖြည့်ပေးတဲ့ စနစ်ဖြစ်ပါတယ်။
ဘာကြီးလဲဆိုတာသိသွားပြီဆိုတော့ ဘယ်လိုသုံးရလဲဆက်ပြောပါမယ်။ CDMA တွေမှာတော့ 166 ကိုခေါ်ကာ Operator ရဲ့ပြောကြားချက်တိုင်းလုပ်ဆောင်နိုင်ပါတယ်။
GSM တွေမှာဆိုရင် မိမိ က ကိုယ့်ဖုန်းကို အသုံးပြုပြီးသူများဖုန်းထဲဘေလ်ဖြည့်ပေးတဲ့သဘောပါ။အဲလိုလုပ်ချင်တယ်ဆိုရင်…
အရင်ဆုံးငွေဖြည့်ကတ်တကတ်တော့
ဝယ်ပြီးခဲခြစ်ထားလိုက်ပါ။ပြီးရင် မိမိဖုန်းကနေ *123* နောက်မှာခဲခြစ်ထားတဲ့ငွေဖြည့်ကတ်ရဲ့နံပါတ်များအား ရိုက်ထည့်ပါ။ရိုက်ထည့်ပြီးရင် * ကို ထပ်မံနှိပ်ပြီးအဲနောက်မှ မိမိ ဘေလ်ဖြည့်ပေးလိုတဲ့ ဖုန်းနံပါတ်ကိုထည့်ပါ။နောက်ပြီ # ကိုနှိပ်ပြီး ဖုန်းခေါ်လိုက်ပါ မိမိဘေလ် ထည့်သွင်းပေးလိုသော ဖုန်းသို့ ငွေ ရောက်ရှိသွားပါက မိမိထံသို့ Message ပြန်လာမည်ဖြစ်သည်။ တခြားတဖက်တွင်လည်း Message ရောက်မည်ဖြစ်သည်။
ဥပမာ။ ။ *123*code*0831118534# call အဲလိုပုံစံမျိုးပါ။ အဲဒီမှာပေးထားတဲ့
နံပါတ်တော့ဖြည့်နဲ့နော် ကျွန်တော့်ဆီ ရောက်လာရင်ယူချင်တာမဟုတ်ဘူးအားနာစရာကြီး၊ဟိဟိ
Original Posts - http://mobilemyotaw.tk/?p=340

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...