ပို့စ်အသစ်တင်တိုင်းEmailကိုပို့ပေးပါမည်

Blogတွင်ရှာဖွေရန်

Wednesday, January 8, 2014

ထိုင်းနိုင်ငံထုတ် (GSM)AIS ဆင်းကတ်များ ပြည်တွင်း၌ ယခုလအတွင်း သုံးစွဲနိုင်မည်

ရန်ကုန်၊ ဇန်န၀ါရီ ၇

ထိုင်းနိုင်ငံအခြေစိုက် GSM မိုဘိုင်းလ်အော်ပရေတာ
AIS (Adavanced Info Service) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များကို ပြည်တွင်း၌ ယခုလအတွင်း သုံးစွဲ
နိုင်တော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်
အရ သိရသည်။

ထိုင်းနိုင်ငံထုတ် GSM ဆင်းမ်ကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဝန်ကြီးဌာနနှင့် သဘောတူ လက်မှတ်ရေးထိုး
ထားပြီး ဆင်းမ်ကတ်များကို လူဦးရေ ၂ သိန်းမှ ၃ သိန်း
အထိ အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၀န်ဆောင်မှုတွေကိုတော့ ဇန်န၀ါရီလ အလယ်ပိုင်းလောက်
မှာ စတင်ဖို့ စီစဉ်ထားတယ်၊ ဆင်းမ်ကတ်တစ်ခုကို တစ်ရက်
မှာ 50 Mb ထိ သုံးစွဲနိုင်မယ်”ဟု ၎င်းက ဆက်လက်ပြောကြား
သည်။

ယခုအခါတွင် GSM ဆင်းမ်ကတ်များကို ရောင်းချမည့်
ဈေးနှုန်း အတိအကျ မသိရှိသေးကြောင်း တစ်မိနစ်လျှင်
ဖြတ်တောက်မည့် ပိုက်ဆံနှုန်း ထားများကိုလည်း အတိ
အကျ မသိသေးကြောင်း ကောလ်စင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ အခြေစိုက် AIS ဆက်သွယ်ရေးကုမ္ပဏီကို
၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့တွင်
ကမ္ဘာအနှံ့ သုံးစွဲသူ ၁၅ သန်းကျော် ရှိကြောင်း ထုတ်ပြန်
ချက်အရ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းအသုံးပြုနိုင်သူ
ဦးရေမှာ ည်းပါးနေခြင်းကြောင့် မြန်မာ့ဆက်သွယ်ရေးမှ
ရောင်းချပေးလျက်ရှိသည့် ဖုန်းအမျိုးအစားများအပြင် ပြည်ပ
ဆက်သွယ်ရေး ကုမ္ပဏီများမှ ဈေးနှုန်းသင့်တင့်စွာဖြင့်
ရောင်းချပေးမည့် ဆင်းမ်ကဒ်များကို လိုအပ် လျက်ရှိနေ
သေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ တာဝန်ရှိသူ
များထံမှ သိရသည်။

ရေးသားသူ - အောင်ကိုမင်း
တည်းဖြတ်သူ- အေးငြိမ်းသူ
People power

Socializer Widget By ပျဉ်းမနားသား
Like US On→
SHARE IT → FOLLOW US →

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...